Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Hong-pa
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
7.0
Man in Love (2014)
Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie
Man in Love (2014)
The Plot (2024)
The Plot (2024)****************အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk,Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ...ဇာတ်လမ်းအညွှန်း-ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်.....သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး...ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့...ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး...အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့....မှုခင်းကားကိုမှ ခေါင်းစားရပြီး ...
movie
The Plot (2024)
The Wicked Are Alive / Villain is Alive (2015)
The Wickerd are Alive / Villain is alive (2015)မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီး လှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ်ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာ မန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ်ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 452MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
The Wicked Are Alive / Villain is Alive (2015)
6.3
Hopeless (2023)
Hopeless (2023)ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်း အကျဥ်းကတော့၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာတော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး ...
movie
Hopeless (2023)
2023
7
I Want to Know Your Parents (2022)
I want to know your parents (2022)အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်းကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား?ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin ...
movie
I Want to Know Your Parents (2022)
2022
7.0
Inside Men (2015)
Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Inside Men (2015)
6.3
Granny’s Got Talent (2015)
Granny's got Talent အညွှန်းဆဲမယ်ဗျို့ ..... ဆဲမယ် .... အဆဲပြိုင်ပွဲကြီး နွှဲကြမယ် .....ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ "အဆဲပြိုင်ပွဲ" ရှိုးပါပဲ။ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူတွေကို ဆုကြေးငွေပေးပြီးတော့ကို အဆဲပြိုင်ပွဲ လုပ်ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုးဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ..... အီဂျောင်ဆွန်းဆိုတဲ့အဘွားက ထောင်ကထွက်လာတာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါအဘွားက ပြိုင်ပွဲတစ်လျှောက်လုံး အဆဲစကေးတွေပြသွားမှာဖြစ်ပြီး နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို စောင့်ကြည့်ရမှာပါComedy ဆိုပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာလေးတော့ နည်းနည်းချိုးထားပါတယ်အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်တော့ စိတ်ဖိအားတွေပြေပျောက်ဖို့ မျှော်လင့်ပါတယ် ကြည့်ပေးကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ ...
movie
Granny’s Got Talent (2015)
2015
7.5
The Terror Live(2013)
The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့် ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အစောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်.. File Size : (1.8GB)(921 MB) and ...
movie
The Terror Live(2013)
7
Sinkhole (2021)
Sinkhole (2021)ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် Runner ဟောင်းကြီး Lee Kwang Soo ပါဝင်တဲ့ Sinkhole ဆိုတဲ့ကားလေးဖြစ်ပါတယ်။ကိုးရီးယားမှာ ရုံတင်ထားတာ မကြာသေးသလို ပြသတုန်းကလည်း လက်မှတ်တွေအများကြီးရောင်းရတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါ။ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။ အိမ်ကမြေပြိုသွားတော့တာပါပဲ.သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ..... Lee Kwang Soo အပြင် ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့ နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကို ဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eaindray ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.2GB ...
movie
Sinkhole (2021)
2021
6.5
Ghost Mansion(2021)
Ghost Mansion (2021)အခုတစ်ခေါက်မှာတော့ တော်တော်လေးကြည့်ကောင်းပြီး အသစ်စက်စက်ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ကြည့်လို့တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ထုံးစံအတိုင်းမြှုပ်ကွက်လေးတွေပါလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် Cast တွေကတော့ Sung-Joon, Kim Hong-Pa, Kim Bo-Raတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျူလိုင် ၁၅ရက်နေ့ကတင် ရုံတင်ထားတဲ့ ရုံတင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်ကျိန်စာတိုက်ခံထားရတဲ့ အိမ်ယာတစ်ခု ဇာတ်လမ်းကတော့ အဲ့ဒီကျိန်စာတိုက်ခံထားရတဲ့ ဂွမ်းနင်း အိမ်ယာအကြောင်းကနေစပါတယ် အဲ့ဒီအိမ်ယာက ထူးဆန်းတဲ့ဖြစ်ရပ်တွေ ခြောက်ခြားဖွယ်တွေ ဖြစ်တတ်လို့ ကျော်ကြားတဲ့ အိမ်ယာတစ်ခုပါ တစ်ရက်မှာ အဲ့ဒီအိမ်ယာကို Webtoon ကာတွန်းရေးဆရာတစ်ယောက် ဇာတ်လမ်းယူဖို့ရောက်လာခဲ့ပါတယ် သူကအဲ့ဒီအိမ်ယာ ထိန်းသိမ်းရေးလူကြီးတစ်ယောက်နဲ့ သူကတွေ့ဆုံပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကို နားထောင်ဖို့ရောက်လာခဲ့တဲ့ သူတစ်ယောက်ပေါ့ အဲ့ဒီအိမ်ယာထိန်းသိမ်းရေး လူကြီးက Webtoon ကာတွန်းဆရာကို အဲ့ဒီအိမ်ယာမှာနေခဲ့တဲ့ သူတွေရဲ့ စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ်အဖြစ်ဆိုးတွေကို တစ်ခုချင်းပြောပြပါတော့တယ် ဘာတွေပြောပြတယ် ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တိုင်ပဲ ...
movie
Ghost Mansion(2021)
2021
7.3
Assassination (2015)
[Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Assassination (2015)
2015
6.5
MAL·MO·E: The Secret Mission(2019)
MAL·MO·E: The Secret Mission(2019)အရင်ဆုံး ဇာတ်ကားထဲကသရုပ်ဆောင်တွေအကြောင်းပြောရရင် ယောင်္ကျားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် ( ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....File Size :(1.04 GB) and (321 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
MAL·MO·E: The Secret Mission(2019)
6.9
Forbidden Dream(2019)
Forbidden Dream(2019)Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..ဇာတ်လမ်းအကျဉ်း.......ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာသူငယ်ချင်း သံယောဇဥ် ရှိသူပါ...လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်...အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ တီထွင်မှုမျိုးစုံစတင်ပါတော့တယ်...သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...ဒီကားကကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min-sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (1.02 GB) and (523 MB) Quality : FHDRip 720p Format…mp4 Duration…01:30:00 Genre : History ...
movie
Forbidden Dream(2019)
5.9
The Beast (2019)
ဒီကားလေးကတော့ မင်းသားကြီးနှစ်ယောက်အပြိုင်သရုပ်ဆောင်ထားတဲ့ကိုရီးယားစုံထောက်ဇာတ်ကားကောင်းတစ်ကောင်းပါမှုခင်းဌာနရဲ့အဖွဲ့နှစ်ဖွဲ့ခေါင်းဆောင်နှစ်ယောက်အပြိုင်အဆိုင်အမှုလိုက်ကျပုံကိုဇာတ်လမ်းကျကျရိုက်ကူးပြထားတာပါဒါပေမယ့်လဲခေါင်းဆောင်နှစ်ယောက်ရဲ့မတူညီတဲ့စိတ်ထားတွေတစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်လိုစိတ်ပြင်းထန်မှုတွေနဲ့ မနာလိုဝန်တိုမှုတွေတဇွတ်ထိုးလုပ်တာတွေကြောင့် ကွင်းဆက်လူသတ်မှုနောက်ကိုလိုက်ရင်းနောက်လိုက်ရဲတွေသေဆုံးခဲ့ရပါတယ် ဖမ်းဆီးမိခဲ့တဲ့လူသတ်သမားကလဲတကယ့်လူသတ်သမားအစစ်အမှန်မဟုတ်တဲ့အပြင်တခြာမူးယစ်အရောင်းအဝယ်ဂိုဏ်းတွေပါ ပါလာတဲ့အခါမှာသူတို့နှစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲနှစ်ယောက်ကြားမှာရောဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုသေချာရိုက်ကူထားတဲ့ စုံထောက်ဇာတ်ကားကောင်းတစ်ကားလေးဖြစ်မှာပါ File Size : ( 1 GB , 448 MB) Quality : BluRay 720p Running Time : 2 hr 10 min Format : Mp4 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin
movie
The Beast (2019)
7.3
The Man Standing Next (2020)
ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်းပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်းတခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ...
movie
The Man Standing Next (2020)
2020
6.8
Broken (2014)
movie
Broken (2014)
2014
6.0
The Sheriff In Town(2017)(Zawgyi)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘ၀မို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘ၀နဲ့ သူ့ဘ၀ကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...(unicode)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘဝမို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘဝနဲ့ သူ့ဘဝကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
The Sheriff In Town(2017)
2017
7.1
The Juror (2019)
အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie
The Juror (2019)
2019
8.7
Default (2018)
ဒီရုပ်ရှင်ကား ဟာ ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ် ကိုရီးယား နိုင်ငံဟာ အာရှမှာ ဦးမော့ထားတဲ့အချိန်တွေ ရှိခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ နိုင်ငံဟာ အဆမတန် တိုးတက်ခဲ့ပါတယ် ဒါပေမဲ့ အစိုးရပိုင်း ရဲ့ အသုံးမကျမှုကြောင့် နိုင်ငံတကာ အဖွဲ့တွေက တစ်ဖြေးဖြေး နိုင်ငံတွင်းကနေ ထွက်ခွာခဲ့သလို နိုင်ငံအတွင်း က စီးပွားရေး လုပ်ငန်းငယ်လေးတွေဟာ နိုင်ငံတော် ဗဟိုဘဏ်က ချေးငွေကို အားကိုးနေရတဲ့အချိန် စွန့်ဦးတီထွင်သူတို့ရဲ့ လုပ်ငန်းတွေ စတင်နေချိန်လဲ ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဗဟိုဘဏ် ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် ငွေကြေးကြပ်တည်းမှုတွေ များပြားလာပြီး နိုင်ငံတော် အဆင့် ဒေ၀ါလီ ခံရမယ့် ကိစ္စတွေ ဖြစ်ပေါ်လာခဲ့သော အခါ... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Myo Nyunt ဖြစ်ပါတယ် (စီးပွားရေးအသုံးအနှုန်းများကို ဆီလျော်အောင် ဘာသာပြန်ပေးထားပြီး မှားယွင်းမှုရှိပါက ဘာသာပြန် အခက်အခဲကို နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ)
movie
Default (2018)
2018
1
2
Next