Channel Myanmar

Kim Hee-seon

The Myth 2 : A Legend (2024)
The Myth 2 : A Legend (2024) ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီးဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့....။ File size…(7.5 GB)/ (3.3 GB )/(1.7 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:09:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by CM Team
movie

The Myth 2 : A Legend (2024)

4K HEVC
The Myth (2005) 6.2
The Myth (2005) တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie

The Myth (2005)

2005
A Letter From Mars(2003) 7.0
A Letter From Mars(2003) A Letter From Mars(2003)************************** ဆိုဟီးဆိုတဲ့ ကလေးမလေးဟာ ဆုံးပါးသွားတဲ့ အဖေကို အင်္ဂါဂြိုလ်သွားတယ်ထင်ပြီး အင်္ဂါဂြိုလ်ကို စာတွေ အမြဲပို့နေခဲ့တယ် ....သူစာတွေ ပို့တိုင်းလည်း သူ့ကို ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ ဆွန်းဂျယ်က သူ့အဖေအဖြစ်ဟန်ဆောင်ကာ အင်္ဂါဂြိုလ်ပေါ်မှ စာပြန်ပို့သလို ပြန်ရေးပေးလေ့ရှိတယ် ...တစ်နေ့မှာ ဆိုဟီးဟာ ဆိုးလ်မြို့ပေါ်က အဒေါ်အိမ်ကို ပြောင်းသွားပြီးအချိန်အတော်ကြာတဲ့အထိ ရွာလေးဆီ ပြန်မလာခဲ့ဘူး ရွာမှာကျန်ခဲ့တဲ့ ဆိုဟီးရဲ့ အဘွားကိုလည်း ဆွန်းဂျယ်ကပဲ စောင့်ရှောက်ပေးနေခဲ့တယ်...တစ်နေ့မှာ ဆိုဟီးက ရွာကို ပြန်လာခဲ့ရာ ဆွန်းဂျယ်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်..ဒီနောက်မှာတော့ ဆိုဟီးဟာ သူမျှော်လင့်ထားတာနဲ့ တခြားစီဖြစ်နေတဲ့အခါမှာတော့...File Size :2,3GB, 867MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Miri Encoded by Phyo Pyae
movie

A Letter From Mars(2003)

Honeysweet (2023) 4
Honeysweet (2023) Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Honeysweet (2023)

2023
Out Live (Bichunmoo) (2000) 6.2
Out Live (Bichunmoo) (2000) ဒီတစ်ခါ CM Fan တွေအတွက် သိုင်း အချစ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ အချစ်အတွက်နဲ့ အင်ပါယာ ကြီးတစ်ခုကို ရင်ဆိုင်အံတု တဲ့သူဆိုပဲဗျာ။ ဇာတ်ကားလေးကတော့ ၁၄ရာစုမှာ တရုတ်နိုင်ငံဟာ မွန်ဂိုတွေရဲ့ လက်အောက်ကို ကျရောက် နေပြီး တော်လှန်သူတွေကလည်း တော်လှန်နေတဲ့ အချိန်ပါ။ အဲ့အတောအတွင်းမှာပဲ ဆင်းရဲတဲ့ ဂျန်ဟာဆိုတဲ့ ကောင်လေးကို သူ့ဦးလေးက ပြုစု ပျိုးထောင်ပေးခဲ့ပြီး Bichun ဆိုတဲ့ လျှို့ဝှက် သိုင်းပညာရပ်သင်ပေးခဲ့ပါတယ်။သူနဲ့ အတူ မွန်ဂို စစ်ဗိုလ်တစ်ယောက်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ရဲ့ သမီးလေး ဖြစ်တဲ့ စူလီကလည်း သူနဲ့ အတူတူ ကြီးပြင်းခဲ့ပါတယ်။အနေနီးတဲ့ သူတွေ ဆိုတော့လည်း အချင်းချင်း ချစ်မိတာပေါ့။ ဒါပေမဲ့ တစ်ရက်မှာတော့ စစ်ဗိုလ်ကြီးက စူလီကို အဝေးတစ်နေရာကို ခေါ်ဆောင် သွားပါတယ်။သူတို့ တစ်နေ့မှာ ပြန်ဆုံမယ်လို့ ကတိထားခဲ့ ကျတာပေါ့။ဒါပေမဲ့ ကံကြမ္မာဆိုတာ အရမ်းကို လှည့်စားတက်တယ်ဆိုတဲ့ အတိုင်း စစ်ဗိုလ်က ...
movie


2000