Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Hee-jung
8.1
The Preparation (2017)
The Preparation (2017) အညွှန်းပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး " ငါသေရင် " ၊ " ငါသာသေသွားခဲ့ရင် " ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စတွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ ...IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon ...
movie
The Preparation (2017)
2017
5.5
Live Stream (2023)
Freelancer PD အဖြစ် အလုပ်လုပ်နေတဲ့ ချွဲဒုံဂျူ(Park SunHo)ဟာအမှတ်မထင်ရခဲ့တဲ့ Link ထဲ ဝင်ကြည့်မိရင်းက သူ့ရဲ့ကောင်မလေးချောင်းရိုက်ကင်မရာနဲ့ တိုက်ရိုက် Live လွှင့်ခံနေရတာကို တွေ့လိုက်မိတဲ့အခါ...Coins ရဖိုအတွက် ကြည့်ရှုသူတွေစိတ်တိုင်းကျ အဖော်အချွတ်ဗီဒီယိုတွေရောင်းဖို ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးဖြစ်သူကို ဘယ်လိုရအောင်ကယ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်သွားရမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။အဲဒီထုတ်လွှင့်မှုရဲ့ အဓိကဗီလိန်ကြီးအဖြစ် သရုပ်ဆောင်ထားတာကတော့The Killing Vote ထဲက မင်းသားကြီး Park SungWoong ဖြစ်တာမိုလိုဇာတ်ကား စ၊လယ်၊ဆုံး မျက်တောင်မခတ်စတမ်း စိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပါ။ File size…1.49GB / 630 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by HsuPyae
movie
Live Stream (2023)
7
Marrying the Mafia : Returns (2023)
Marrying the Mafias : Returns (2023)ဟာသကား မျှော်နေကြသူတွေအတွက် စိတ်အပန်းပြေစေမယ့် Marrying The Mafia: Returns (2023) ထွက်ရှိလာပါပြီMarrying The Mafia ဟာဆိုရင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ I & II ထွက်ရှိထားခဲ့ပြီးသားဖြစ်ပြီး ဝက်ဝက်ကွဲ ရယ်ခဲ့ရသလို အခု ၂၀၂၃ ခုနှစ်အတွက် ထွက်ရှိလာတဲ့အခါမှာလည်း ရယ်ရင်းမောရင်း စိတ်ပင်ပန်းစရာတွေကို ပြေပျောက်စေဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်လှတဲ့ စာရေးဆရာတိုရီဟာ တစ်ညမှာတော့ အမှတ်မထင် မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်မိသွားခဲ့ပါတယ်။ ဒီခေတ်ကြီးထဲမှာ One Night Stand မိတာဟာ အထွေအထူးမဟုတ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်း အဲဒီမိန်းကလေးရဲ့မိသားစုဟာ နာမည်ကြီးလွန်းလှတဲ့ လူမိုက်ဂိုဏ်းတစ်ခု ဖြစ်နေတဲ့အခါမှာတော့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားက စာရေးဆရာတိုရီရဲ့ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုသွားကြရမှာပါ။Casts တွေအနေနဲ့ဆိုရင်လည်း နာမည်ကြီးတွေပဲဖြစ်ကြတဲ့ မင်းသမီးကြီး Kim Soo-mi, မင်းသား Yoon Hyun-min ...
movie
Marrying the Mafia : Returns (2023)
2023
6.7
[18+]So Cute(2004)
So Cute(2004)**************(၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..)ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်..သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်..အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီးသားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်..မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ..သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်.. File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS
movie
[18+]So Cute(2004)
6.4
In Our Prime (2022)
In Our Prime (2022) ဇာတ်လမ်းအညွှန်း ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ...
movie
In Our Prime (2022)
2022