Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Eui-sung
6.8
The Face Reader (2013)
The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ)File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie
The Face Reader (2013)
2013
6.9
Alienoid: Return to the Future (2024)
Alienoid : Return to the Future (2024)Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Fantasy, ...
movie
Alienoid: Return to the Future (2024)
2024
6.9
Alienoid (2022)
(function(f,b,n,j,x,e){})();Aliennoid (2022)ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲအားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ- Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri ...
movie
Alienoid (2022)
2022
4K HEVC
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
6.7
Nobody’s Daughter Haewon(2013)
Nobody's Daughter Haewon(2013)******************************** ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုးဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာစိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size : (2.2GB) and (844MB) Quality : Blu-Ray 1080p/720p Format…mp4 Duration…01:30:00 Genre : Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
Nobody’s Daughter Haewon(2013)
6.4
The Unfair (a.k.a) Minority Opinion (2015)
The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie
The Unfair (a.k.a) Minority Opinion (2015)
2015
7.0
Journalist(2015)
Journalist(2015) အညွှန်း********************* မရေးသင့်တဲ့ဆောင်းပါးကို ရေးမိလို အလုပ်ပြုတ်လုနီးနီးဖြစ်နေတဲ့ သတင်းတစ်ယောက် ဟောမူဟျော့ တစ်ဖက်မှာလည်း ကိုယ်ဝန်သည်ဇနီးက ကွာရှင်းဖိုတောင်းဆိုခံထားရပြန်တယ်... တစ်ရက်မှာ စုံထောက်တွေ လိုက်နေတဲ့ကွင်းဆက်လူသတ်မှုအတွက်သတင်းပေးမယ်ဆိုပြီး သူ့ရုံးကို ဖုန်းဝင်လာတယ် ...အထက်လူကြီးတွေကို တင်ပြပြီးသတင်းကြေညာလိုက်တဲ့အခါ လူစိတ်ဝင်စားမှု ရရှိသွားခဲ့တယ်... ဒီလိုအချိန်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး သူ ရခဲ့တဲ့သတင်းက အတုဖြစ်နေလိုသူ့ကိုယ်သူ ကာကွယ်ဖို ဆောင်းပါးတွေကို လိမ်ညာရေးရင်းနဲ့လူသတ်သမားအစစ်ရဲ့ ခြိမ်းခြောက်မှုကို ခံရတော့တယ်.... ဟောမူဟျော့တစ်ယောက်ဒီအရှုတ်ထုတ်ကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့...File Size : (2.4GB) (940 MB) and (340 MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:05:00 Genre : Crime ,Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie
Journalist(2015)
7.6
Extreme Job ( 2019 )
Extreme Job (2019) IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ် This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie
Extreme Job ( 2019 )
2019
7.0
Inside Men (2015)
Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Inside Men (2015)
6.3
Running Man (2013)
Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie
Running Man (2013)
2013
6.3
Tabloid Truth (2014)
Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
Tabloid Truth (2014)
7.4
Special Delivery (2022)
Special Delivery (2022)ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲCrime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie
Special Delivery (2022)
7.5
The Book of Fish (2021)
The Book Of Fish (2021)===================IMdb - 7.5/10 Directed By Lee Joon-ikThe Book of Fishဟာ ကိုရီးယားရဲ့ နာမည်ကျော်ရုပ်ရှင် ဆုပေးပွဲတစ်ခုဖြစ်တဲ့Baeksang Arts Awardsရဲ့ ၅၇ကြိမ်မြောက်ဆုပေးပွဲမှာ Grand Prize(Daesan)ကို ရရှိခဲ့တဲ့ ရုပ်ရှင်ပါ။လက်ရှိမှာတော့ ဆုပေါင်း ၇ ဆု နဲ့ တစ်ကြိုစရင်း ၂၁ ကြိမ်ဝင်ထားပါတယ်။]ဒါကတော့ လက်ရှိရထားတဲ့ ဆုပေါင်း ၇ ဆုပဲ ဖြစ်ပါတယ်။- Daesang Grand Award ( Baek Sang Art Awards) - Best Director (Buil Film Awards) - Best Director (Korean Association of Film Critics Awards ) - Best Film (Korean ...
movie
The Book of Fish (2021)
6.3
26 Years
26 Years (2012)တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင် - ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး - စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီး မတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါGwangju Uprising မှာဖြစ်သွားခဲ့တဲ့ ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီး လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျဒါပေမယ့် ...."Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့အချိန်တွေ ဘယ်လောက်ကြာကြာ ဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူးကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာနိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင် လူတွေကို ...
movie
26 Years
2012
8.2
1987: When the Day Comes (2017)
1987 : When the day comes (2017)Zawgyiဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။$14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။IMDB ...
movie
2017
7.3
Assassination (2015)
[Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Assassination (2015)
2015
5.3
Trade Your Love (2019)
[Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie
Trade Your Love (2019)
6.2
Big Match(2014)
Big Match(2014)CM fan တွေအတွက် action ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ် ...ဇာတ်လမ်းအကျဉ်း ချွဲအီဂိုဟာ နာမည်ကြီး MMA Fighter တစ်ယောက်ဖြစ်ပါတယ်...ဒီမတိုင်ခင်မှာ နိုင်ငံဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဒေါသကြီးတဲ့စိတ်ကြောင့် အနီကတ်ပြခံခဲ့ရပါတယ် ...အဲ့နောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ နှုတ်ထွက်ပြီး အစ်ကိုဖြစ်သူရဲ့ နည်းပြပေးမှုနဲ့ MMA Fighterဖြစ်လာခဲ့ပါတယ် ....ဒီလိုပြိုင်ပွဲတွေဆင်နွဲနေတုန်း ချွဲအီဂိုရဲ့အစ်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်...အဲ့နောက်မှာ ပြန်ပေးဆွဲသူဟာ ချွဲအီဂိုကို ထူးထူးဆန်းဆန်း ကိစ္စတွေကို ဆက်တိုက်ခိုင်းပါတော့တယ်..ချွဲအီဂိုခမျာ ပြန်ပေးဆွဲသမားရဲ့ ခိုင်းတာတွေကို အသဲအသန်လုပ်ရ အစ်ကိုြဖစ်သူကို ကယ်ဆယ်ဖို့လည်း ကြိုးစားရနဲ့...ချွဲအီဂိုတစ်ယောက် သူ့အစ်ကို ကို ကယ်တင်နိုင်မှာလား...ဘာကြောင့် သူ့အစ်ကို ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်..ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (1.02 GB) and (394 MB) Quality : HDRip 720p Format…mp4 Duration…01:52:00 Genre : ...
movie
Big Match(2014)
7.0
The King(2017)
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie
The King(2017)
2017
Twenty (2015)
ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)...ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ်ကားလုံး အခွီတွေချည်းပဲနော်...စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ...ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ် ကြည့်ပြီးနောင်တမရစေရပါဘူး...ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..သိချင်ရင် ဒေါင်းကြည့်ကြနော်ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Pale ဖြစ်ပါတယ် )[Unicode]ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး ...
movie
Twenty (2015)
2015
1
2
Next