Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Coates
6.5
Hostage (2005)
ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Hostage (2005)
6.9
Bad Boys (1995)
Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File ...
movie
Bad Boys (1995)
1995
4K HEVC
6.2
Double Down South (2022)
တရားမဝင်လောင်းကြေးမြင့် ဘိလိယက်လောင်းကစားအိမ်ကို ဒိုင်ယာနာဆိုတဲ့အမျိုးသမီးငယ်လေးတစ်ယောက် ဘိလိယက်ထိုးဖို့ ရောက်လာရာမှ သူမရဲ့အရည်အချင်းကို ဘိလိယက်ခုံပိုင်ရှင်ဖြစ်သူ နစ်ခ်မှ သဘောကျကာ သူ့အတွက်လောင်းကြေးမြင့် ဘိလိယက်ကစားပေးပြီး အကျိုးအမြတ်ခွဲယူကြရန် ကမ်းလှမ်းပါတော့တယ်။ဒိုင်ယာနာတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် သူမမျှော်လင့်ထားသလို အကျိုးအမြတ်ရလာမလား။နစ်ခ်ရဲ့ နိုင်ထက်စီးနင်းပြုမှုတွေ လောင်းကစားရဲ့မထင်မှတ်ထားတဲ့အချိုးအကွေ့ နဲ့ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Eunice
movie
Double Down South (2022)
Resident Evil: Afterlife (2010)
ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွားတွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီနောက် ၆လအကြာမှာ တတိယမြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာကေးဒီးယားဆိုတဲ့ လွတ်မြောက်ရာဟာ တကယ်မဟုတ်မှန်း သိသွားတဲ့အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ လျှောက်သွားရင်း အယ်အေကိုအရောက်မှာ အကူအညီလိုအပ်နေတဲ့ လူတစ်စုကို သွားတွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီတွေလက်ကလွတ်အောင် ကူညီပေးရင်း သူတို့ သိထားတဲ့ အာကေးဒီးယားဆိုတဲ့ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်အေနားက သင်္ဘောကြီးတစ်စီးပေါ်က ထုတ်လွှင့် နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ တော့တယ်။ အဲဒီသင်္ဘောပေါ်ကိုရောက်မှ အဲလ်ဘတ်ဝက်စ်ကာရဲ့ ထောင်ချောက်ဖြစ်နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘောပေါ်မှာ ဖမ်းခံထားတဲ့လူတွေကို ကယ်တင်ရပါတော့တယ်။ File size… 3.8 GB / 1.5 GB / 710 MB Quality… BluRay 4K / 1080p / ...
movie
Resident Evil: Afterlife (2010)
4K HEVC
6.1
Sinners and Saints (2010)
လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လိုလူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီးအဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်းလောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကိုအဓိကထားရိုက်ကူးထားတာပါ။IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေအတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာတွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက်ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ်ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီးလျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်းကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File size…2.01 GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , ...
movie
Sinners and Saints (2010)
7.7
Black Hawk Down(2001)
Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် File Size :(14.55 GB) (4.3GB) (1.4GB) Quality : Web-Dl 4K ...
movie
Black Hawk Down(2001)
4K HEVC
6.8
The Island (2005)
IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie
The Island (2005)
7.4
Open Range (2003)
ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie
Open Range (2003)
6.2
Rufus (2012)
Rufus (2012)နယ်မြို့လေးတစ်မြို့ကို ရူဖက်စ်ဆိုတဲ့ကောင်လေးတစ်ယောက် အဘွားကြီးတစ်ယောက်နဲ့အတူရောက်လာပါတယ်။ နောက်တော့ အဘွားကြီးဟာ ဒီထပ်ဝေးဝေးမသွားနိုင်တော့ဘူးပြောပြီး ကားရှေ့တက်ပြီး အသေခံသွားပါတော့တယ်။ထူးခြားတာက ဒီအဘွားရဲ့အသက်ဟာ ၁၀၇နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးကတော့ အဲ့ထက်အသက်ပိုရှည်ပါတယ်။ ဆိုတော့ ကောင်လေးကဘာလဲပေါ့? ဘာသတ္တဝါလဲ?သွေးစုပ်ဖုတ်ကောင်လိုပဲ အသွေးအသားကြိုက်တဲ့ အမူအကျင့်၊ မအိုတဲ့ခန္ဓာကိုယ် ရှိနေပေမယ့် နေရောင်ထဲလည်းသွားနိုင်နေပါတယ်။ဒီတော့ မြို့တစ်မြို့ကို အသိမရှိ၊ အဖော်မရှိနဲ့ ရောက်လာတော့ မြို့ကရဲမှူးကသာခေါ်ထားရတာပေါ့။ သူရောက်လာပြီးနောက်မှာ မြို့ငယ်လေးထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Horror, Drama ကားလေးထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ရအောင်နော်။Horror ဆိုပေမယ့်လည်း အထိတ်တလန့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်အချစ်၊ မိသားစုအချစ်ကို ပိုရိုက်ကူးပြထားတာမျိုးတွေ့ရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 1.3GB, 464MB, 272MB Quality :1080p WEBRip AAC 5.1CH, ...
movie
Rufus (2012)
2012
5.6
A Dark Truth (2012)
ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေးပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie
A Dark Truth (2012)
7.0
The Last Boy Scout(1991)
ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie
The Last Boy Scout(1991)
Innocent Blood (1992)
IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် ...
movie
Innocent Blood (1992)
6.3
Assault on Precinct 13(2005)
Assault on Precinct 13(2005)=======================ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့်မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ဖြစ်လာခဲ့ပါတယ်မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ်လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကိုသေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie
Assault on Precinct 13(2005)
7.0
The Client(1994)
The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie
The Client(1994)
5.9
True Memoirs of an International Assassin (2016)
True Memoirs of an International Assassin The interview လိုမျိုး စစ်အာဏာရှင်တွေကို လှောင်ပြောင်ထားတဲ့ကားဖြစ်ပါတယ်။ Mall Cop, Grown ups တို့လို့ နာမည်ကြီး comedy ကားတွေရဲ့ မင်းသား Kevin James ကပဲ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်ဆမ်ဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့ဝတ္ထုရေးကာ စာအုပ်ထုတ်ဝေခွင့်ရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး အလွန်သဘာဝကျအောင်ရေးထားတဲ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အဖြစ် မှားယွင်းတင်မိလိုက်တဲ့အခါမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေပြန်ပေးဆွဲတာကိုခံရပြီး ဗင်နီဇွဲလားရဲ့သမ္မတကိုလုပ်ကြံဖို့ စေခိုင်းခံရပါတော့တယ်။စစ်အာဏာရှင်တွေ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေပြည့်နှက်နေတဲ့နိုင်ငံမှာ ဆမ်ဟာ အသက်ရှင်ရက်အိမ်ပြန်အောင် ကြိုးစားရပုံကို အက်ရှင်နဲ့ဟာသနှောပြီး ရှုစားရမှာဖြစ်ပါတယ် File size…(1.75GB)/(996MB)/(684MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Comedy / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
True Memoirs of an International Assassin (2016)
5.3
Neon Lights (2022)
Neon Lights (2022) ==============ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် Thirller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Thriller ကားချစ်မြတ်နိုးသူပရိသတ်တွေ ခံစားကြည့်ရှုသင့်တဲ့ သည်းထိတ်ရင်ဖိုကားလေးတစ်ကားဆိုရင်လည်း ဒီကားကိုသာ ညွှန်းရပါဦးမယ်။Clay ဆိုတဲ့ ဉာဏ်ကြီးရှင်ဟာ ကမ္ဘာ့ခေတ်ပြောင်းတော်လှန်ရေးကျန်းမာရေး စောင့်ရှောက်မှုနည်းပညာကို တီထွင်ခဲ့တဲ့နည်းပညာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ Clay ဟာ သူ့မှတ်ဉာဏ်ထဲမှာ သူပိတ်မိနေတဲ့ စိတ္တဇရောဂါတစ်မျိုးရရှိနေသူ လည်းဖြစ်ပါတယ်။ လူတစ်ယောက် ဒီလိုမျိုးကိုယ့်စိတ်ထဲမှာကိုယ် ပိတ်လှောင် မိဖို့ဆိုရင် ဘယ်လောက်များတဲ့ စိတ်ဒဏ်ရာတွေကြောင့်လဲ၊ ဘယ်သူက Clay ကို ဒီလိုဖြစ်စေခဲ့တာလဲ၊ Clay တစ်ယောက် ဘယ်လိုတွေ ထပ်မံတွေ့ကြုံခံစားရမလဲ ဆိုတာကို ခံစားရင်ခုန်ပေးလို့ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်ကြီး Clay ဘယ်လိုတွေဖြစ်လာမှာလဲ၊ သူ့ရဲ့ကိုယ်ပိုင်စိတ် အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ Neon Lights 2022 ကားလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.26 GB) / (509 MB) / (290 MB) Quality............WebRip 1080p / 720p ...
movie
Neon Lights (2022)
2022
6.3
Donkeyhead (2022)
Donkeyhead (2021)လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့ ...လူရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။မိသားစုတစ်ခုမှာတောင် မိဘနဲ့ သားသမီးဟာ စိတ်သဘောထားချင်း မတူတာများတယ်မလား၊ မျိုးဆက်တစ်ခု ကွာတဲ့ မိဘနဲ့ သားသမီးကို ခဏထားဦး အသက်ရွယ် သိပ်မကွာတဲ့ မောင်နှမ အချင်းချင်းတောင် အဆင်မပြေမှုတွေ ရှိတတ်တာပဲလေ။အခုဇာတ်လမ်းလေးကတော့ ဒီလိုဗျ ...မိသားစု တစ်ခုရှိတယ်။ အဖေဖြစ်သူက ကင်ဆာရောဂါသည်တစ်ယောက်၊ သမီးနှစ်ယောက် သားနှစ်ယောက်ရှိတယ်၊ သမီးဖြစ်သူ မိုနာကတော့ အဖေ့အိမ်မှာ အတူနေပြီး အနီးကပ် ပြုစုပေးနေတယ်ပေါ့။ကျန်တဲ့ မောင်နှမကိုယ်ဆီက အလုပ်အကိုင် အတည်တကျနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူတွေ၊ မိုနာကတော့ စာရေးဆရာမ ဖြစ်ချင်ပေမဲ့ အခုထိစာအုပ်တောင် မယ်မယ်ရရ မရေးရသေးဘူး၊ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်ပဲ ပြောနေခဲ့တဲ့သူ၊တစ်နေ့မှာတော့ ကင်ဆာရောဂါသည် ဖခင်ကြီးက ကိုမာဝင်သွားခဲ့တယ်၊ ဒီတော့ တစ်နေရာစီမှာ အခြေကျနေတဲ့ မောင်နှမတွေအားလုံးကို မိုနာက ...
movie
Donkeyhead (2022)
6.5
See for Me (2022)
မျက်မမြင် နှင်းလျှောစီးသမားလေး ဆိုဖီဟာ အိုလံပစ်ပြိုင်ပွဲကို လွှဲချော်သွားပြီးတဲ့နောက် သူဌေးအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို စောင့်ကြည့်ပေးတဲ့ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတာပါ သူ့အမေက စိတ်ပူလို့ မျက်မမြင်တွေအတွက်ထုတ်ထားတဲ့ See For Me ဆိုတဲ့ APP တစ်ခုကို ညွှန်ပေးခဲ့ပါတယ် အဲဒီ APP ရဲ့သဘောကတော့ အကူအညီလိုတဲ့ မျက်မမြင်တစ်ယောက်က ဖုန်းနဲ့ ဗီဒီယိုကောခေါ်ပြီး ပြလိုက်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်ယောက်က ဖုန်းကနေတဆင့် ကြည့်ပြီ လိုတာတွေ ကူညီတာ ရှာဖွေပေးတာတွေ လုပ်ပေးရတာပါ အဲဒီ APPထဲက တစ်ယောက်နဲ့ခင်မင်သွားတဲ့ ဆိုဖီဟာ သူစောင့်နေတဲ့အိမ်ကို လာဖောက်ခံရတဲ့အခါမှာတော့ APP ထဲက သူငယ်ချင်းရဲ့ အကူအညီနဲ့ ဖောက်ထွင်းသမားတွေကို ရင်ဆိုင်ရပါတော့တယ် သူ့ရဲ့ APP သူငယ်ချင်းကလည်း PUBG pro မလေးဆိုတော့ ဖုန်းထဲကနေ လမ်းညွှန်ပြီး ဆိုဖီတစ်ယောက် သေနတ်တစ်လက်နဲ့ မမြင်မစမ်းနဲ့ ပွဲကြမ်းပါတော့တယ်....File size…(1.5 ...
movie
See for Me (2022)
6.2
Waterworld (1995)
Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie
Waterworld (1995)
1995
6.2
Pearl Harbor (2001)
Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
1
2
Next