Channel Myanmar

Kim Byeong-ok

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)

Man in Love (2014) 7.0
Man in Love (2014) Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie

Man in Love (2014)

Fasten Your Seatbelt (2013) 5.6
Fasten Your Seatbelt (2013) Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie

Fasten Your Seatbelt (2013)

2013
The Old Garden (2006) 6.5
The Old Garden (2006) The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု‌တွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ ‌တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်‌ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie

The Old Garden (2006)

2006
Insadong Scandal (2009) 6
Insadong Scandal (2009) Insadong Scandal (2009)နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ...
movie

Insadong Scandal (2009)

2009
Inside Men (2015) 7.0
Inside Men (2015) Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Inside Men (2015)

Sunflower (2006) 7.2
Sunflower (2006) Sunflower (2006)_____IMDb - 7.2/10   ကိုရီးယားကားတွေကြည့်ရင်းခုတစ်လောမှ သတိထားမိတဲ့အကြောင်းတွေရှိတယ် သူတို့ဇတ်ကားတော်တော်များများမှာ ပုစ္ဆာလေးတွေ မေးခွန်းလေးတွေ မြှုတ်ကွက်လေးတွေနဲ အထက်ပါအကြောင်းအကြောင်းအရာများကြောင့် ဆွဲဆောင်မှုအရမ်းကောင်းတယ် ကြည့်ရှုသူပရိတ်သတ်ကို စဉ်းစားစေရင်း ခံစားစေရင်း မျှော်လင့်စေရင်းနဲ့ ဇတ်သိမ်းပိုင်းထိဆွဲခေါ်သွားတယ်.... ဒီကားကတော့ ဇတ်အိမ်လည်းကောင်း မင်းသားကလည်း ဟားဗတ်ဇတ်လမ်းတွဲနဲ့လူသိများတဲ့ မင်းသားကြီး Rae-won Kim ကအဓိကသရုပ်ဆောင်ထားတယ် ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ.... တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်...လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့ လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲ သူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့...တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခုဆောက်ချင်လို့ပါပဲ.... ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရော ဘယ်လိုပတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးခံစားကြည့်လိုက်ပါဦး တစ်ခုတော့ကြိုပြောပါရစေ ကြည့်ပြီးရင်တော့ ခင်ဗျားမှာနှလုံးသားရှိသေးသားပဲဆိုတာ ...
movie

Sunflower (2006)

2006