Channel Myanmar

Kim Bo-min

Unfinished (2018) 5.8
Unfinished (2018) Unfinished (2018)၁၉၈၆ ခုနှစ် စစ်အေးတိုက်ပွဲအပြီးမှာ တောင်၊မြောက် ကိုရီးယားနဲ့ အရှေ့၊အနောက်ဘာလင်နိုင်ငံရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်ဒီရုပ်ရှင်ကတော့ အဲဒီခေတ်က တောင်၊မြောက်ကိုရီးယား သူလျှိုတွေ ဂျာမနီနိုင်ငံမှာ ခြေရှုပ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်အိုယောင်မင်းက သုတေသနပဲလုပ်ချင်တဲ့ ပါမောက္ခဖြစ်ပေမဲ့ သူများရဲ့ လှည့်ဖျားခြင်းကိုခံရပြီး မြောက်ကိုရီးယားသူလျှိုအဖြစ်နဲ့ ဂျာမနီကို ရောက်လာခဲ့ပါတယ် ဖြစ်ချင်‌တော့ သူက သူလျှိုဆိုတာကို ဖော်ထုတ်ခဲ့လို့ မိသားစုကို ပြန်ပေးဆွဲခံရပြီး သူ့ရဲ့မိသားစုဝင်တွေကို ပြန်ကယ်တင်ဖို့ကြိုးစားသွားမှာပါ သူလျှိုတွေပြည့်နေတဲ့နိုင်ငံမှာ မိသားစုကိုကယ်တင်ဖို့က တော်တော်ခက်ခဲပါတယ် ဒါပေမဲ့ အိုယောင်မင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်ခဲ့ပါတယ် အဆုံးမှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်မလားဆိုတာကို ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 508MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Unfinished (2018)

2018
Emergency Declaration (2022) 7.1
Emergency Declaration (2022) Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ ​လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ​ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှု​တွေ ဖြစ်လာ​တော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအ​နေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie

Emergency Declaration (2022)

2022
Contorted (2022)
Contorted (2022) Contorted (2022)မိသားစု တစ်စုဟာ ဆိတ်ငြိမ်တဲ့ သီးခြားဆန်ဆန် ​နေရာတစ်ခုစီ ​​ရွှေ့​ပြောင်း​နေထိုင်ခဲ့ရာက အိမ်အသစ်ကို ​ရောက်တဲ့ ပထမဆုံး​နေ့မှာတင် အိပ်မက်ဆိုး​တွေ မက်ခဲ့ကြ​တော့တယ်။အဲ့ဒီလိုက​နေ အမျိုးသမီးဖြစ်သူဟာ ဂို​ဒေါင်ထဲက လာတဲ့ ထူးထူးဆန်းဆန်း အသံ​တွေပါ ကြားပြီး စိတ္တဇဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက​တော့ သူမရဲ့ စိုးရိမ်ပူပန်မှု​တွေကို လျစ်လျူရှုဆဲ ...တဖြည်းဖြည်း အိပ်မက်ဆိုး​တွေဟာလည်း ပိုမို ပြင်းထန်လာပြီး အိပ်မက်လား လက်​တွေ့လား ဆိုတာကိုပါ ခွဲခြားသိမြင်နိုင်ဖို့ ခက်ခဲတဲ့ အထိ ဖြစ်သွား​တဲ့အခါမှာ​တော့ ...(ဇာတ်လမ်းအညွှန်းကိုတော့ Song Song က ရေးပေးထားတာပါ။)File Size : 1.4GB, 437MB, 200MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 31mins Genre : Horror, Thriller Translated ...
movie

Contorted (2022)

2022
Carter(2022) 7.0
Carter(2022) Carter(2022) အညွှန်း*****************(အဖော်အချွတ်ခန်းအချို့နဲ့  ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..)ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ်အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ်ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ်နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကိုCarterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ….ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး....File Size : (3.28GB)  (1.2GB)and (456MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:12:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai,Hnin Pale & Thynn Nu Swe Encoded by Phyo ...
movie

Carter(2022)

Birthday (2019) 7.0
Birthday (2019) Birthday(2019)IMDb....7.0(unicode)နိုင်ငံခြားမှာနေရင်း မိသားစုအတွက် ငွေတွေတတ်နိုင်သလောက်ရှာပြီးပြန်လာတဲ့ ဖခင်ဖြစ်သူ ဂျောင်အီတစ်ယောက်ရဲ့ မိသားစုအိမ်ပြန်လမ်းဟာ တခြားသူတွေနဲ့ တူပုံမရဘူး.... သူ့ပုံစံကပျော်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုတွေမျက်နှာပေါ်မှာအပြည့်.... သမီးလေးအတွက်အရုပ်လေးဝယ်ရင်း အိမ်တံခါးခေါက်တဲ့သူ့ကို ဇနီးဖြစ်သူက တံခါးမဖွင့်ပေးခဲ့သလို တစ်သက်လုံးအိမ်ပြန်မလာလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကြိုဆိုခဲ့လေရဲ့....ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာနေပြီး မိန်းမပွေရှုတ်တာလည်းမဟုတ်..ရှာသမျှလည်းအိမ်ကိုပို့တယ်...မိန်းမဖြစ်သူရဲ့ ဒီလိုကြိုဆိုမှုကိုလည်း အပြစ်မဆိုခဲ့ဘူး....ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ...သမီးလေးနဲ့ မိန်းမဆီ နွေးထွေးတဲ့မိသားစုလေး အဖြစ်သူပြန်တည်ဆောက်လို့ရပါ့မလား...တခြားဘာအကြောင်းတွေရှိသေးလဲ... ကားနာမည် Birthdayဆိုတာနဲ့ရော ဘယ်လိုသက်ဆိုင်နေတာလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး....ဒီကားက မိသားစုကားတစ်ကားပါ..အေးသလိုထင်ရပေမယ့် ဘာကြောင့်လဲဆိုတာတဖြည်းဖြည်းဆွဲခေါ်သွားပြီး ကြည့်ရှုသူကိုဖမ်းစားနိုင်တဲ့ကားပါ..သရုပ်ဆောင်တွေကလည်း နာမည်ကြီး မင်းသားမင်းသမီးတွေကြီးပါပဲ...ခံစားကြည့်လိုက်ပါဦး...IMDb...7.0တောင်ရရှိထားတာမို့ ထွေထွေထူးထူးမညွှန်းတော့ပါဘူးနော် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်... File Size : (945 MB) Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Fliex Encoded by Phyo Pyae
movie

Birthday (2019)

2019