Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Baptiste
7.2
Hit Man (2023)
IMDb 7.2 Tomato 97%ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့လန်းလန်းတွေ ပါတာပေါ့။ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစားလူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှသေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကိုခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီးသူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေနောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေအဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့သေချာပေါက် ကြည့်လိုက်ကြပါဦး။ File size…2.84GB / 873MB Quality…WEB-DL 1080p ...
movie
Hit Man (2023)
5.3
The Estate (2022)
The Estate (2022) ==============ဇာတ်လမ်းနာမည်ကိုကြည့်လိုက်ရင်တော့ ဟာသကားလို့ မထင်ရပေမဲ့ တကယ့်တကယ် အတော်လေးခွီရတဲ့ ဇာတ် ကားလေးတစ်ပုဒ်ပါပဲ။ဇာတ်လမ်းအစမှာ Macey နဲ့ Savanna တို့ညီအစ်မနှစ်ယောက်က သူတို့အဖေအရမ်းသဘောကျခဲ့တဲ့ သူတို့ကော်ဖီဆိုင်လေးကို အကြွေးတွေပိပီးပိတ်ပစ်ခါနီးမို့ အကြပ်ရိုက်နေချိန်၊ သူတို့အဒေါ် ဖြစ်တဲ့ အပျိုကြီးဘောစိက ကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန် ရောက်နေပီဆိုတာသိရှိရတော့ အမွေရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားခဲ့ပါတယ်။ဟိုရောက်တော့ သူတို့ညီအစ်မ၂ယောက်ထဲပဲရှိမယ်လို့ထင်ထားခဲ့ ပေမဲ့ တကယ့်တကယ် တခြားအမွေလိုချင်တဲ့ သူတို့ဝမ်းကွဲမောင်နှမ တွေ ဖြစ်တဲ့ Beatrice နဲ့ Richard တို့ပါရောက်နေခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံးက အဒေါ့်ဆီကအမွေရဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကြိုးစားရယူမလဲဆိုတာကို ဟာသလေးတွေ အလွဲလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသားကြီး Ron Livingston လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Translator တွေကိုယ်တိုင်အော်ပီးခွီရတဲ့ကားမို့ စိတ်အမောတွေပြေဖို့ဆိုရင် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါကြောင်း……..(ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Laiမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.78 GB) / (655 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......CM Team Encoder...........SWM
movie
The Estate (2022)
2022
6.1
Project Power (2020)
Project Power (2020)================IMDb Rating - 6.1/10#UnicodeAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကိုတင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . .နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက်လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။)#ZawgyiAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, ...
movie
Project Power (2020)
2020
6.3
Walkaway Joe(2020)
Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့ အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
Walkaway Joe(2020)