Channel Myanmar

Kiku Sharda

Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
Khichdi 2: Mission Paanthukistan (2023) 5
Khichdi 2: Mission Paanthukistan (2023) Khichdi 2 (2024)အခုတစ်ခါတင်ဆက်ပေးမှာကတော့ စွန့်စားခန်းဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ တလွဲဟာသတွေတစ်ပုံကြီးနဲ့ ပါးစပ်မပိတ်တမ်းရယ်ရမယ့်ကားလေးပဲဖြစ်ပါတယ်နော်။မထုံတတ်တေးနဲ့ ခပ်တုံးတုံးခပ်အအ မိသားစုတစ်စုရှိတယ်။ ပရေခ်မိသားစုလို့ခေါ်တယ်။ ဖြစ်ချင်တော့ အဲ့ဒီမိသားစုဝင်တစ်ဦးဟာ ပန်တူကစ္စတန်နိုင်ငံရဲ့ဘုရင်ကြီးနဲ့သွားတူနေတယ်။ အဲ့ဒီနိုင်ငံကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ နေလို့မသင့်တော်ဆုံးသော နိုင်ငံတစ်နိုင်ငံပေါ့။ ပန်တူကစ္စတန်ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးသိပ္ပံပညာရှင်ကြီးကို သူ့အကြမ်းဖက်ရေးလုပ်ငန်းစဉ်တွေအတွက် ဖမ်းဆီးချုပ်နှောင်ထားတယ်။ဒါကို ပရေခ်မိသားစုက ကယ်ထုတ်ပေးရတော့မှာပေါ့နော်...။အူကြောင်ကြောင်မိသားစုနဲ့ ကြောက်စရာကောင်းတဲ့ ဘုရင်ကြီးနဲ့တွေ့ကြတဲ့အခါ ဖြစ်လာမယ့်အလွဲလေးတွေနဲ့ဟာဒယရွှင်ဆေးဘယ်လိုကြွေးမလဲဆိုတာကိုတော့ ဆက်လက်ပြီးကြည့်လိုက်ကြတော့နော်။ File size…2.2GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Khichdi 2: Mission Paanthukistan (2023)

2023
Thank God (2022) 6.1
Thank God (2022) Thank God (2022)ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ဂိမ်းတစ်ခုကို‌ပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့...ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB  / 943MB Quality…1080p HQ HD RIP  /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni
movie

Thank God (2022)

2022
Phir Hera Pheri (2006) 7.1
Phir Hera Pheri (2006) Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Phir Hera Pheri (2006)

Happy New Year (2014) 5.1
Happy New Year (2014) Happy New Year !!!!အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ...
movie

Happy New Year (2014)

2014
HEVC 1080p 5.1
Jawaani Jaaneman (2020) 7.2
Jawaani Jaaneman (2020) ဟိုင်း အချောလေးတို့ အိမ်ထဲမှာ နေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ပြီဆိုတာ သိပြီးကြရောပေါ့။မပျင်းရအောင် အကျိုးဆောင်ပေးရရင် ရုပ်ရှင်ကားကောင်းလေးတွေနဲ့ တင်ဆက်ပေးမှာပါ။ခုတစ်ဖန် တင်ဆက်မှာကတော့... ဘောလိဝုဒ် မိသားစုဒရာမာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။မင်းသားကြီးကလည်း လူတိုင်းသိပြီးသား ဖြစ်ပြီး မင်းသမီးချောလေးတွေလည်း ပါနေပါသေးတယ်နော်။ဇာတ်လမ်းအကျဉ်းကတော့... ဟိုးရှေးရှေးတုန်းက စော်ကြည်ဘဲ တစ်ယောက် ရှိသတဲ့ပေါ့။ခုခေတ်အခေါ် စားဘဲကြီးပေါ့။ စားဘဲကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း လွယ်လွယ်ရရိုးလား။မနက်ဆို ၁၂နာရီမှ အိပ်ယာထ၊ ရုံးကို ၃နာရီလာ၊ ညနေ ၅နာရီရုံးဆင်း၊ ညဘက်ဆို ကလပ်တက်၊ စော်တွေနဲ့ ဇာတ်လမ်းဖြစ်။သူ့အလုပ်ကတော့ အိမ်ခြံမြေအကျိူးဆောင် ပွဲစားပေါ့။ ဒီလိုနဲ့ သူ့အရွယ်က အိမ်ထောင်ပြုသင့်နေပြီလို့ မိသားစုက ဖျောင်းဖျကြတယ်။လောကမှာ ဘာအကြောက်ဆုံးလဲလို့ မေးရင် မိန်းမယူ၊ ကလေးမွေးပဲ။ သူ့ခံယူချက်က ရှိသေးတယ်။ ဘာတဲ့။အိမ်ထောင်ဘဝဆိုတာ ...
movie

Jawaani Jaaneman (2020)

2020