Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kiersten Warren
6.2
13 Going on 30 (2004)
13 Going on 30 (2004)IMDb - 6.2/10_____Rotten - 65%ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို့ သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံ့ဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို့ ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ ...
movie
13 Going on 30 (2004)
2004
Intolerable Cruelty (2003)
IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်ရောသ့်ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie
Intolerable Cruelty (2003)
7.3
The Snow Walker (2003)
၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက ကနေဒါနိုင်ငံအနောက်မြောက်ပိုင်းက ရာသီဥတုအေးစက်ကြမ်းတမ်းပြီး သစ်ပင်တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း အအေးပိုင်းစိမ့်မြေတွေကို ကျော်ဖြတ်ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူလေယာဉ်မှူးနဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။၁၉၅၂ ကာလတွေကို တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother ဆိုတဲ့ ဝတ္ထုတိုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ချာလီဟောလီးဒေးက ဒုတိယကမ္ဘာစစ်အတွင်းက ကနေဒါလေတပ်မှာ ဗုံးကြဲလေယာဥ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ အလုပ်ကိစ္စတစ်ခုအတွက် လေယာဥ်မောင်းလာရင်း လမ်းခုလတ်မှာ ဒေသခံ Inuk အက်စကီးမိုးလူမျိုးတစ်စုနဲ့တွေ့ပြီး ဖျားနာနေတဲ့ ဒေသခံမိန်းကလေးတစ်ဦးကို ဆေးရုံပို့ဖို့ Yellowknife မြို့ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။လမ်းမှာ လေယာဉ်ပျက်ကျပြီး ကျယ်ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်သား သောင်တင်နေပါတော့တယ်။ အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်တဲ့ အက်စကီးမိုးမလေး Kanaalaq နဲ့ အကျိုးအမြတ်လိုချင်လို့သာ မိန်းကလေးကို ...
movie
The Snow Walker (2003)
6.9
Bicentennial Man (1999)
Bicentennial Man (1999)ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.9GB, 1.15GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 12Min Genre - Drama, ...
movie
Bicentennial Man (1999)
1999
5.0
Girl Missing (2015)
Girl Missing (2015) ==============ဘ၀ဆိုတာ တချို့အတွက်ပုံမှန်လေးစီးမျောနေတာ ဖြစ်နိုင်ပေမဲ့ တချို့အတွက်တော့ အကွေ့အကောက်များလွန်းပါတယ်။ မျှော်လင့် ချက်တွေပြည့်ပြီ ထင်ရပေမဲ့ မထင်မှတ်ဘဲ တစ်ဆစ်ချိုးပြောင်းလဲမှု မျိုးနဲ့ ရင်ဆိုင်လိုက်တာလည်း ဖြစ်တတ်ပါတယ်။ဒီဇာတ်လမ်းထဲက သိတတ်တဲ့ကလေးအရွယ်မှာ ပျောက်ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်၊ ဖြစ်ချင်တော့ အတိတ်လည်းမေ့သွားခဲ့ပါတယ်။ မိဘဘယ်သူဘယ်ဝါ၊ သူ့ကိုယ်သူဘယ်သူမှန်းမသိတော့တာကြောင့် မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်စခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ အရွယ်ရောက်လာပြီးတဲ့အချိန်မှာ မိခင်ဆိုတဲ့သူ ပေါ်လာခဲ့ပါတယ်။ဒီအန်အေအဖြေမထွက်သေးတာကလွဲရင် ဂျိန်းရဲ့ အမေဆိုတာသေချာသ လောက်ဖြစ်နေတဲ့ ဆေလ်ဗီယာဟာ ဂျိန်းကို အိမ်အလည်ခေါ်ခဲ့ပါတယ်။ ဆိတ်ငြိမ်ရာအရပ်က အဲဒီအိမ်ကြီးမှာ ဂျိန်းဟာ အိမ်ထိန်းကြီးထရီဇာ၊ ဆေလ်ဗီယာရဲ့ဒုတိယခင်ပွန်းကာလိုတို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘီလျံနာမုဆိုးမ မိခင်ရဲ့သမီးအဖြစ် ပျော်ရွှင်ရတော့မယ်ထင်ခဲ့တဲ့ ဂျိန်းတစ်ယောက် အိမ်ရောက်တဲ့ နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေကြုံလာရပါတယ်။အဲဒီစိတ်မသိုးသန့်စရာအဖြစ်တွေဟာ ဂျိန်းပျောက်ဆုံးပြီးအတိတ်မေ့သွားတဲ့ အဖြစ်၊ သူ့ဖခင်သေဆုံးတဲ့အဖြစ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို သို့လောသို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ကြရမှာပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ အဆုံးအထိကို စိတ်၀င်တစားဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို့ Mystery/ Thriller ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.72 GB) / (542 MB) / (286 MB) Quality............WebRip 1080p / 720p ...
movie
Girl Missing (2015)
2015
5.5
The Thinning (2016)
The Thinning (2016)_____IMDb - 5.5/10 The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag'her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့ Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲBlake Redding ...
movie
The Thinning (2016)
2016
7.0
Independence Day (1996)
ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie
Independence Day (1996)
1996