Channel Myanmar

Kieran Gallagher

Trigger Warning (2024)
Trigger Warning (2024) မင်းသမီး Jessica Alba ရဲ့ Netflix အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ...အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ်သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့... သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ ...မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့....ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ်။Rating တွေ မကောင်းလှပေမယ့် ဂျက်စီကာအယ်လ်ဘာ ပရိတ်သတ်နဲ့ အက်ရှင်ပရိတ်သတ်တွေတော့ ကြည့်လို့ကောင်းမှာပါ။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.6 GB) / (1.2 GB)/(720 MB) Quality….Webrip 4K HEVC/1080p / 720p Format…mkv/mp4 Duration….01:47:00 Genre... Action,  Crime, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing 
movie

Trigger Warning (2024)

4K HEVC
Archenemy(2020) 6.0
Archenemy(2020) Archenemy(2020)ဟမ်းစတားဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူ့အဖေလိုပဲ ပုံပြင်ဇာတ်လမ်းလေးတွေဖန်တီးပြောဆိုချင်တဲ့ လူငယ်လေး။လူငယ်ဆန်ဆန်စိတ်ကူးယဉ်ဇာန်ကောင်တွေဖန်တီးချင်နေတဲ့သူ။ဒီလို ထူးဆန်းတဲ့ဇာတ်ကောင်တွေကို ဖန်တီးရင်းခက်ခဲစွာသူ့အတွက်ရုန်းကန်နေရတဲ့အစ်မကို ပြန်လည်ထောက်ပံ့ပေးဖို့ ကြိုးစားနေတဲ့ကောင်လေးဆိုပါတော့...တစ်နေတော့ လမ်းကြားထဲမှာ နံရံကိုလက်သီးနဲ့ထိုးနေတဲ့ လူထူးဆန်းတစ်ယောက်ကိုတွေ့ပြီးစကားပြောရာမှ သူတို့ခင်သွားကြတယ်..နောက်တစ်ခုက ခပ်ကြောင်ကြောင် သဘာဝလွန်စွမ်းအားတွေအကြောင်းပြောတဲ့လူထူးဆန်းကြီးကြောင့်ကောင်လေးအတွက်တော့ ဇာတ်ကွက်တွေရနေသလိုပဲ...ဒီလူကြီးက ပြောတာတွေက တကယ့်ကိုတစ်ခမ်းတစ်နားတွေ...ဂြိုလ်တွေ စွမ်းအားရှင်တွေပါသလို သူကိုယ်တိုင်လည်းစွမ်းအားရှင်တစ်ဉီးဖြစ်ကြောင်းတွေပေါ့...ကောင်လေးကလည်းယဉ်ယဉ်လေးရူးသလိုဖြစ်နေတဲ့ ဒီလူကြီးနဲ့နေ့တိုင်းစကားပြောပါတယ်..ကောင်လေးကတော့ ပြောသမျှ စိတ်ကူးယဉ်ဇာတ်လမ်းအဖြစ်ကိုပုံသွင်းပါတယ်..အဲ့ဒီနောက် ကောင်လေးထင်သလို ဒီလူထူးဆန်းကြီးဟာ  ယဉ်ယဉ်လေးရူးနေတဲ့သူမဟုတ်ဘဲ သူပြောနေတဲ့အကြောင်းအရာတွေကအမှန်တွေဖြစ်လာတဲ့အခါမှာတော...နောက်ထပ် ဘယ်လိုပြဿနာတွေကြုံကြမလဲဆိုတာကိုတော့.... File Size :(1.5GB) and (846MB) Quality :Web-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae 
movie

Archenemy(2020)