Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kiefer Sutherland
5.5
Pompeii (2014)
Pompeii (2014) Genre – Action, Adventure, Romance, History79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာအနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ...
movie
Pompeii (2014)
2014
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
6.4
Monsters vs Aliens (2009)
IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်.... File size… 1.8 GB / 867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie
Monsters vs Aliens (2009)
2009
7.3
Twin Peaks: Fire Walk with Me (1992)
Twin peaks fire walk with me ဆိုတဲ့ဇာတ်ကားကတော့ 1992 ကထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Horror / crime အမျိုးအစားဖြစ်ပါတယ်။FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ချက်က စားပွဲထိုးမလေးထရီဆာရဲ့အသတ်ခံရတဲ့အမှုကိုလိုက်လံစုံစမ်းရာကနေစပါတယ်။အမှု့ရဲ့သဲလွန်စကိုရှာတွေ့ပြီလို့ထင်တဲ့အချိန်မှာချက်က ရုတ်တရက်ကြီးပျောက်သွားပါတော့တယ်။ဇာတ်လမ်းတစ်လျှောက် မြုပ်ကွက်နဲ့သဲလွန်စတွေကို ကြည့်ရှုသူတွေကိုယ်တိုင်စဉ်းစားသွားရမှာမလို့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie
Twin Peaks: Fire Walk with Me (1992)
Marmaduke (2010)
Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျနေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size… 2 GB ...
movie
Marmaduke (2010)
2010
6.9
The Caine Mutiny Court-Martial (2023)
The Caine Mutiny Court-Martial (2023)~ IMDb - 6.9/10, Rotten Tomatoes - 94% ~ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။မဲရစ်ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 875MB Quality - 1080p, 720p IMDb Rating ...
movie
The Caine Mutiny Court-Martial (2023)
2023
7.7
A Few Good Men (1992)
A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie
A Few Good Men (1992)
1992
6.7
They Cloned Tyrone (2023)
They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie
They Cloned Tyrone (2023)
7.4
24: Redemption (2008)
24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie
24: Redemption (2008)
2008
6.8
Young Guns (1988)
Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie
Young Guns (1988)
1988
6.1
The Sentinel(2006)
ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
The Sentinel(2006)
6.8
Freeway(1996)
Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Freeway(1996)
Taking Lives (2004)
Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie
Taking Lives (2004)
6
The Contractor (2022)
The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
The Contractor (2022)
2022
7.0
Phone Booth (2002)
Phone Booth 2002----------------------------IMDb 7/10 Rotten Tomatoes 72% Metacritic 56%"ကိုယ်ကတော့အရေးမပါလောက်ဘူးထင်ပြီးလုပ်မိတဲ့ကိစ္စဟာ တဖက်လူအတွက် အများကြီးစိတ်ထိခိုက်စရာဖြစ်တတ်ပါတယ်""လူတိုင်းဟာ အပြစ်တွေကိုလုပ်မိကြတာကြီးပဲ"ဒီဇာတ်ကားကတော့ မင်းသားကြီး Colin Farewell, Forest Whitaker, Kiefer Sutherland နဲ့မင်းသမီးကြီး Katie Holmes, Radha Mitchellစတဲ့ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီးဒါရိုက်တာကြီး Joel Schumacherရိုက်ကူးခဲ့တဲ့ အရမ်းလန်းတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့အသွားအလာဟာ တခြားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ ဘာတွေထူးခြားနေလဲဆိုတာပြောပြဖို့ဇာတ်လမ်းအကျဉ်းလေးကိုနည်းနည်းလောက် ပြောပြပါရစေဇာတ်လမ်းအကျဉ်းကတော့....စတူးဝပ်ဆိုတဲ့ PRသမားတစ်ယောက်ဟာ အများပြည်သူသွားရာလမ်းပေါ်မှာရှိပြီး ဝင်ရထွက်ရလွယ်တဲ့ ဖုန်းရုံထဲမှာပိတ်မိနေပါတယ်။ သော့ခတ်ခံရလို့ပိတ်မိနေတာမျိုးမဟုတ်ပေမယ့် စတူးဝပ်ဟာအပြင်ကိုထွက်မရပဲဖြစ်နေတာပါ။ အဲ့လိုပိတ်မိနေချိန်မှာပဲ စတူးဝပ်ဟာ ဖုန်းရုံထဲကဖုန်းနဲ့လူတစ်ယောက်နဲ့စကားပြောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အခြေအနေတွေဟာတဖြည်းဖြည်းရှုတ်ထွေးလာပြီး ရဲတွေ၊ သတင်းဌာနတွေပါရောက်လာတဲ့အခါမှာတော့.....ဇာတ်လမ်းက တမူထူးခြားနေတဲ့အတွက် spoilလည်းမဖြစ်အောင် အညွှန်းကိုထိန်းရေးရတာမလို့ဒီထက်ပိုပြီးရေးပြလို့မရတာကိုခွင့်လွှတ်ပါ။ဒီကားဟာ ၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အခုပြန်ကြည့်လည်း ကြည့်လို့ကောင်းဆဲပါပဲ။ တစ်ခုရှိတာက ဒီကားမှာ Sex scenceတွေမပါပေမယ့် R-ratedရုပ်ရှင်ဖြစ်တဲ့ကားပါ။အဓိကကတော့ စကားအသုံးအနှုံးတွေက အသက်၁၅နှစ်အောက်ကြည့်ဖို့မသင့်လျော်သလို ကလေးတွေကိုပြမယ်ဆိုရင်လည်း မိဘအုပ်ထိန်းသူတွေအရင်ကြည့်ပြီးမှ ...
movie
Phone Booth (2002)
2002
6.1
The Land Before Time X: The Great Longneck Migration 2003
THE LAND BEFORE TIME REVIEW Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူ တွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် …… ...
movie
The Land Before Time X: The Great Longneck Migration 2003
2003
8.1
Stand by Me
Stephen King ဆိုရင် Horror ဘုရင်ကြီးလို့ ပြေးမြင်ယောင်ကြလိမ့်မယ်ထင်တယ်။ ပြောလည်း ပြောချင်စရာပေါ့ IT တို့ Dark Tower တို့လို အကြမ်းစား universe တွေကို ဖန်းတီးခဲ့တဲ့သူကိုး။ ဒါပေမဲ့ ရိုးရိုးလေးနဲ့ လှနေတဲ့ ကားတွေလည်း ရှိခဲပါသေးတယ်။ တွမ်ဟမ့်ကြီးရဲ့ the Green Mile လို၊ လူတိုင်းအသည်းကျော် The Shawshank Redemption ဇာတ်လမ်းမျိုးတွေပေါ့။ အခု ဒီကားလေးက အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်လှုပ်ရှားရတဲ့ကားလေးပါ။ ထူခြားချက်ကတော့ ကလေးလေးတွေရဲ့ စွန့်စားခန်းလေးဖြစ်နေတာပါပဲ။ (IT ထဲတုန်းက အရှုံးသမားလေးများအဖွဲ့ကိုလည်း စိမ်းကြမယ်မထင်ဘူး) ဇာတ်လမ်းကတော့ ဟိုးလေတကျော် လူပြောများနေတဲ့ ကလေးပျောက်တဲ့ အမှုကို ကလေးတွေက အဖွဲ့လိုက် ပြန်ရှာကြတဲ့ဇာတ်လမ်းပါပဲ။ စရိုက်စုံတဲ့ ကလေးလေးယောက်ရဲ့အကြောင်းပေါ့။ ထုံးစံအတိုင်း နောက်ခံစကားပြောအေးအေးလေးနဲ့ မပျင်းရအောင်ဆွဲခေါ်သွားတဲ့ကားပါ။ File size… 1 Gb / 500 Mb Quality… Bluray ...
movie
Stand by Me
7.4
A Time to Kill(1996)
A Time to Kill(1996)IMDb....7.4အသက်(၁၀)နှစ်အရွယ် လူမဲကောင်မလေးတစ်ယောက်ဟာ ဈေးဝယ်ပြီးပြန်လာတယ်.... ဒီကလေးမလေးအိမ်ကိုပြန်ရောက်မသွားရှာဘူး....လူရမ်းကား (၂)ယောက်ဟာ ခေါင်းကိုဘီယာဗူးနဲ့ပစ်ပေါက်ပြီးကားပေါ်တင်ခေါ်ကာ မုဒိမ်းကျင့်တ ယ်...နည်းလမ်းမျိုးစုံနဲ့ ရက်စက်စွာနှိပ်စက်ခဲ့တယ်..... အသက်ပြင်းတယ်လို့ဆိုရမလားမသိ ဒီကောင်မလေး အသက်ရှင်နေခဲ့တယ်... မိဘတွေအတွက် ဖြေမဆည်နိုင်အောင်ခံစားကြေကွဲနေတယ်... ဒီလိုနဲ့ဖခင်ဖြစ်သူဟာ ရှေ့နေတစ်ယောက်ဆီသွားခဲ့တယ်... " ရှေ့နေကြီး ကျွန်တော်ကျဉ်းထဲကြတ်ထဲရောက်နေတယ်ဗျာ.... မနှစ်ကလည်း လူမဲကောင်မလေးတစ်ယောက်ကို လူဖြူ(၄)ယောက်က မုဒိမ်းကျင့်တယ်..သူတို့ထောင်မကျတဲ့အပြင် လမ်းပေါ်မှာအေးအေးလူလူ လမ်းလျှောက်နေခဲ့တယ်မဟုတ်လား ရှေ့နေကြီး" " ကျွန်တော် ဘယ်လိုကူညီရမလဲဗျ" ဆိုတဲ့ရှေ့နေကြီးရဲ့အမေးစကားကို ဖခင်ဖြစ်သူက ကြွေကွဲစွာပြန်ဖြေရှာတယ်... " ရှေ့နေကြီးမှာလည်း သမီးတစ်ယောက်ရှိတာပဲဗျာ... ခင်ဗျားဆိုရင်ရော ဘာလုပ်မလဲ"တဲ့......... တကယ့်ကိုကောင်းမွန်တဲ့ကားမို့ ဘာတွေဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦး.... သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်သလို IMDbလည်း 7.4 တောင်ရရှိထားလို့ ထွေထွေထူးထူးတော့ညွှန်းဆိုမနေတော့ပါဘူး... သက်ငယ်မုဒိမ်းမှုဆိုတာ တကယ့်ကိုစက်ဆုတ်စရာပါပဲ....နောက်ဆက်တွဲအနေနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ဖို့ဝန်မလေးတဲ့သူတွေ... လူ့အသိုင်းအ၀န်းမှာ တကယ့်ကိုမရှိသင့်တဲ့ အရိုင်းဆန်တဲ့လူသားတွေ... ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့နိုင်ငံမှာလည်း မကြာခဏ ကြားနေရတယ်.... ဖမ်းဆီးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်လွတ်နေပြီး ကျွန်တော်တို့အားလုံးရော မိဘတွေရော စိုးတထင့်ထင့်နေရတဲ့အချိန် ဘယ်လောက်တောင်များနေပြီလဲ..File Size : (1.1GB) and (482 MB) Quality : Blu-Ray 720p Format…mp4 Duration…02:22:00 Genre : Crime,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by ...
movie
A Time to Kill(1996)
1996
7.7
Dark City (1998)
Dark City 1998IMDB 7.7 , Rotten Tamatoes 78% ရထားတဲ့ လျှို့ဝှက်ဆန်းကြယ်သိပ္ပံကားကောင်းလေးပါ. Knowing (2009) The Crow(1994), Gods of Egypt (2016) တို့လို နာမည်ကြီးကားကောင်းတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Alex Proyas ရဲ့ လက်ရာ ဖြစ်ပြီး မင်းသားကြီး Rufus Sewell နဲ့ အရမ်းလှတဲ့ မင်းသမီး မမ Jennifer Connelly တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲမှာ မမ က အပြုံးအရယ်အခန်းတွေ နည်းပြီး အမှိုင်ဇာတ်ရုပ်ဖြစ်ပေမယ့် လှမြဲလှနေဆဲပါ။ သူ သီချင်းဆိုတဲ့အခန်းလေးတွေ အားရဖို့ အရမ်းကောင်းချက်။ ဇာတ်လမ်းအကြောင်းက Mystery ဆန်လွန်းတော့ အပေါ်ယံလောက်ပဲ ပြောပြပါရစေ။ လူတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရုတ်တရက် နိုးလာတယ်။ သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်ရောက်နေမှန်းလဲ လုံးဝ မှတ်ညဏ်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်။ သူသိတာဆိုလို့ ဟိုတယ်မန်နေဂျာ သူ့ကို လှမ်းခေါ်တဲ့ မစ္စတာ ...
movie
Dark City (1998)
1998
7.1
Melancholia (2011)
သင် စိတ်ဓါတ်ကျဖူးသလားလူတစ်ယောက်ဟာ Depression ဆိုးဆိုးဝါးဝါးဝင်လာတဲ့အခါ ဘာတွေလုပ်မိတတ်လဲကိုယ့်ပတ်ဝန်းကျင်မှာ ကမ္ဘာပျက်နေရင်တောင် ကိုယ်က ဘာမှမခံစားရတော့လောက်အောင် စိတ်တွေထုံသွားခဲ့ဖူးလားဒီမေးခွန်းတွေရဲ့အဖြေတွေကို ဒီဇာတ်ကားက ပေးနိုင်မယ်လို့ထင်ပါတယ်ဒီဇာတ်ကားကို ဂျပ်စတင်းနဲ့ မိုက်ကယ်တို့ရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးနဲ့ စဖွင့်ထားပြီး မင်္ဂလာပွဲတစ်လျှောက် ဂျပ်စတင်းရဲ့ အပြုအမူတွေ ထူးဆန်းနေတာ ဘာကြောင့်များလဲဂျပ်စတင်းရဲ့အစ်မကလဲယာကရော ဂျပ်စတင်းကို ဘာလို့ဒီလောက်စိတ်ပူနေတဲ့ပုံပေါက်နေတာလဲအဲ့အချိန်မှာပဲ ကမ္ဘာကို မီလန်ခိုလီဆိုတဲ့ ဂြိုလ်တစ်ခုက ဝင်တိုက်ပြီး ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ဟောကိန်းတွေကလည်း ပျံ့နှံ့နေပါတယ်ဂျပ်စတင်းရဲ့မင်္ဂလာပွဲ ဘယ်လိုအဆုံးသတ်သွားမလဲကမ္ဘာပျက်ကိန်းကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးIMDB 7.1/10 ရရှိထားပြီး ဒီဇာတ်ကားဟာ စိတ်ရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြနိုင်ခဲ့တယ်ဆိုတဲ့ review တွေရရှိထားပါတယ်ဂျပ်စတင်းအဖြစ် ဟိုးအစ Spider man ဇာတ်ကားမှာ မယ်ရီဂျိန်းအဖြစ်ပါဝင်ခဲ့သူ Kristen Dust ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ဖြစ်ပါတယ်) File Size : (950 MB) and (360 MB) Quality : Blu-Ray ...
movie
Melancholia (2011)
2011
1
2
Next