Channel Myanmar

Kia Shine

Half Baked: Totally High (2024)
Half Baked: Totally High (2024)   စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Half Baked: Totally High (2024)

SuperFly (2018) 5.1
SuperFly (2018) SuperFly (2018)_______IMDb - 5.1/10    အတ္တလန်တာမြို့မှာမူးယစ်ဆေးဝါးရောင်းတဲ့ ပရိစ်ဆိုတဲ့သူဟာသူများတွေထက်အကွက်မြင်ပြီးတစ်ခါမှရဲမှတ်တမ်းမရှိဘူးတဲ့ ဘီးကျဲတစ်ယောက်ပေါ့ သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီလောကထဲကနေထွက်သွားဖို့အတွက်စီစဉ်ခဲ့တယ်။ အဲ့ဒီလိုနဲ့သူ့သူငယ်ချင်းအက်ဒီနဲ့ပေါင်းပြီးနောက်ဆုံးတစ်ခေါက်အချီကြီးရနိုင်မဲ့အကြံကိုအကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ဘောစ့်ကိုကွက်ကျော်ရိုက်ပြီးသူ့ကိုမူးယစ်ဆေးများများထောက်ပံ့ပေးနိုင်မဲ့ မက်ဆီကိုမူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုနဲ့တစ်ဖက်ကမူးယစ်ရာဇာတွေ အတ္တလန်တာမြို့ထဲက သူ့ကိုမကြည်တဲ့မူးယစ်ဂိုဏ်းတွေ လာဘ်စားတဲ့ရဲတွေနဲ့ပြသနာတွေရင်ဆိုင်လာတဲ့အခါသူဘယ်လိုတွေဖြေရှင်းမလဲဆိုတာကိုတင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box officeမှာUS $20millions ကျော်ရရှိထားတဲ့Actionကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုမျိုးခန့် ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by Myo Khant Encoded by Thanhtike Zaw  
movie

SuperFly (2018)

2018