Channel Myanmar

Ki Joo-bong

Public Enemy ( 2002 ) 7.2
Public Enemy ( 2002 ) ?သားဆိုး?ဟုတ်ပါတယ်... ။ ကျွန်တော် သားဆိုးပါ....။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ...။ ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ....။▬▬▬▬▬▬▬▬( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကိုပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့်အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)▬▬▬▬▬▬▬▬"ကျွန်တော့် အိမ် မီးလောင်နေပါတယ် ခင်ဗျ...ကယ်ကြပါဦး ..ကျွန်တော့်မိဘတွေ အိမ်ထဲမှာပိတ်မိနေပါတယ်...။""လိပ်စာအမြန်ပေးပါခင်ဗျာ ..ကျွန်တော်တို့မီးသတ်အဖွဲ့က အမြန်ဆုံးလာပါမယ်..ခင်ဗျားလည်း အန္တရာယ်မရှိမဲ့နေရာမှာ နေပါ..။ လေရှူလို့ရမယ့်နေရာမျိုးရွေးနေပါ"လိပ်စာကို သားဖြစ်သူက အလျှင်အမြန် ပြောပြသည်...။"ကယ်ကြပါဦးဗျာ... ကယ်ကြပါဦး"သူတို့နေသော နေရာသည် တောင်ကိုရီးယား၊ ဂန်နနမ်းမြို့နယ်၊ဆမ်းဆောင်းရပ်ကွက်ဆိုသည့် လူချမ်းသာများသာ နေနိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။အနောက်တိုင်းပုံစံဆောက်ထားသော လှပသည့်အိမ်ကလေးမှ မီးခိုးများ အဆက်မပြတ်ထွက်နေသည်။**************************************** ၁၁၉ မီးသတ်၊ ရဲ ၊ ဆေးရုံကားများ တခဏအတွင်းရောက်လာကြသည်။သို့ပေမယ့် အလွန်နောက်ကျသွားလေပြီ...။မိခင်နှင့် ဖခင်နှစ်ဦးစလုံး မီးသွေးတုံးကြီးများကဲ့သို့ မည်းနက်ပြီးတကိုယ်လုံးရစရာမရှိအောင်မီးလောင်သေဆုံးနေပြီဖြစ်သည်...။**************************************** ?အပိုင်း -၁မီးလောင်၍ သေဆုံးသွားသော မိဘနှစ်ပါးတို့၏ အလောင်းကိုမကြည့်ရဲပဲဖြစ်နေတဲ့....မျက်နှာလွှဲပြီး ခြုံးပွဲချ ငိုနေတဲ့ သားတစ်ယောက်ရှိပါတယ်...၊ကျွန်တော် ဘာ့ခ် ဟန် ...
movie

Public Enemy ( 2002 )

2002
The Day After ( 2017 ) 7.0
The Day After ( 2017 ) IMDb 7.0 ရရှိထားတဲ့ကိုရီးယားDrama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်မနက်တိုင်းမိုးမလင်းခင်မှာပဲအလုပ်ကိုသွားလေ့ရှိတဲ့ပုံနှိပ်ထုတ်ဝေရေးတိုက်သူဌေးကင်ဘွန်ဝမ်တစ်ယောက်ကိုဇနီးဖြစ်သူကပွေရှုပ်နေလားဆိုတာသံသယဝင်လာပါတော့တယ်....တကယ်လည်းကင်ဘွန်ဆုတ်က ဇနီးဖြစ်သူနောက်ကွယ်မှာရုံးကဝန်ထမ်းတစ်ယောက်နဲ့ပွေရှုပ်နေခဲ့ပါတယ်...တနေ့ကင်ဘွန်ဆုတ်နဲ့ပွေရှုပ်နေတဲ့ဝန်ထမ်းကောင်မလေးကအလုပ်ထွက်သွားပြီး သူ့နေရာကိုကင်ဘွန်ဆုတ်ကဆုန်အာရီရန်ဆိုတဲ့မိန်းကလေးကိုခန့်လိုက်ပါတယ်....ယောက်ျားဖြစ်သူအလုပ်မှာဖောက်ပြန်နေတာသိပေမဲ့သက်သေမရှိတဲ့သူမက တစ်နေ့တော့ယောက်ျားအလုပ်ကိုခိုးလိုက်လာခဲ့ပါတယ်...အဲ့ဒီမှာ ဒီနေ့မှအလုပ်စဝင်တဲ့အာရီရန်ကိုတွေ့သွားပြီးယောက်ျားနဲ့ပွေရှုပ်နေတဲ့မိန်းကလေးလို့အထင်မှားပြီး ရိုက်နှက်ခဲ့ပါတယ်...ဘယ်လိုပဲရှင်းပြရှင်းပြလက်မခံတော့ပဲဆက်တိုက်အထင်လွဲနေခဲ့ပြီးဒီလိုရှုပ်ထွေးတဲ့အရှုပ်တော်ပုံကိုဘယ်လိုဖြေရှင်းမလဲဆိုတာဒီကားလေးထဲမှာကြည့်ရှုလိုက်ကြပါစို့နော် Translated & Review By XiaoEncoded By LK
movie

The Day After ( 2017 )

2017
Montage ( 2013 ) 7.5
Montage ( 2013 ) IMDb 7.4 ရထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့တောင်ကိုရီးယားနိုင်ငံမှ ၂၀၁၃ ခုနှစ်မှာ ဖန်တီးရိုက်ကူးထားတဲ့မှုခင်းရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။Uhm Jung-hua , Kim Sang-kyun နဲ့ Song Young-chang တို့ကိုအဆိုပါ Thriller Movie ရဲ့ အဓိကဇာတ်ဆောင် အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။၂၀၁၆ မှာ Montage ရုပ်ရှင်ကားကိုပဲ Hindi မှာ Offciallyပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းလေးကတော့ပြန်ပေးဆွဲသမားတစ်ဦးဟာ လွန်ခဲ့သော၁၅နှစ်တည်းက သဲလွန်စတစ်စုံတစ်ရာမကျန်ခဲ့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အမှုရဲ့နောက်ကြောင်းမပြန်ရ ကာလပြည့်ဖို့ ၅ရက်အလိုမှာ တစ်စုံတစ်ယောက်ဟာအခင်းဖြစ်ပွားရာနေရာမှာ တိတ်တဆိတ် ပန်းပွင့်လေးတစ်ပွင့်ကိုထားသွားခဲ့ပါတယ်။ ရက်ပေါင်းအနည်းငယ်အကြာမှာ တူညီတဲ့ပစ်မျတ်မှာပဲ တူညီတဲ့ ပြန်ပေးဆွဲမှုဟာ တူညီသော နည်းလမ်းကိုအသုံးပြုပြီးတော့ ဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာ ၄င်းရဲ့ရှေ့မှာဖြစ်ပွားခဲ့တဲ့ အမှုကို နောက်ကြောင်းမပြန်ရကာလအတွင်းမရောက်ရှိသေးမီ အလျင်အမြန်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ကြပါတော့တယ်။စုံထောက် Kim Sang-kyun ဟာ အကြံဉာဏ်ရယူခဲ့ပြီးတော့အဆိုပါအမှုကို တူညီတဲ့ အမှုအဖြစ် အတည်ပြုလိုက်ပါတယ် ။နောင်အခါမှာ အဆိုပါကိစ္စဟာ ကလေးရဲ့ အဘိုးဖြစ်သူSong ...
movie

Montage ( 2013 )

2013
The Secret Scandal {Norigae}(2013) 5.8
The Secret Scandal {Norigae}(2013) ဖြစ်ရက်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Norigae ဆိုတဲ့ စကားလုံးက sex toy လို့အဓိပ္ပာယ်​ရပြီး​တော့ ၂၀၁၃ ခုနှစ်​မှာထွက်​ခဲ့တဲ့ drama/thriller အမျိုးအစားရုပ်​ရှင်​ကားဖြစ်​ပါတယ်။ ကိုရီးယားရုပ်​ရှင်ေ​လာကရဲ့အရှုပ်​အ​ထွေး​တွေကို ရိုက်​ပြထားတဲ့ဇာတ်​ကားဖြစ်​ပါတယ်​။ ဇာတ်လမ်းလေးကတော့....သတင်း​ထောက်​လီဂျန်​ဟိုက မင်းသမီး​ဂျောင်​ဂျီဟဲ suicude လုပ်​သွားတဲ့ကိစ္စရဲ့​နောက်​ကွယ်​ကအ​ကြောင်း​တွေကိုလိုက်​စုံစမ်းရင်း မင်းသမီးကိုဒါရိုက်​တာနဲ့ ပရိုဂျူဆာတို့ကလိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​တဲ့အ​ကြောင်း​တွေပါ​ပေါ်လာကြပြီး​တော့ တရားရုံးမှာအမှုရင်​ဆိုင်​ရတဲ့အထိဖြစ်​လာခဲ့ပါတယ်။ ​ငွေရှိရင်​ဘာမဆိုလုပ်​လို့ရတယ်​ဆိုတဲ့အတိုင်း ​ငွေရှိတဲ့သူ​တွေကလူပါးဝပုံ​တွေ မင်းသမီး​တွေရဲ့ လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​ခံရမှု​တွေကိုပါဒီဇာတ်​ကားမှာ​တွေ့နိုင်​ပါတယ်​။ အဲ့ဒီ့က​နေတရားရင်​ဆိုင်​ကြရင်​ဖြစ်​လာတဲ့အဆက်​အခဲ​တွေ ဒီအမှုကိုနိုင်​သွားမှာလား ရှုံးနိမ့်​မှာလားဆိုတာက​တော့ ဒီဇာတ်​ကားထဲမှာဆက်​လက်​ကြည့်​​ပေးကြပါဦး ( p.s - ဒီဇာတ်​ကားက ကိုရီးယားမင်းသမီးဂျန်​ဂျာယွန်းရဲ့​အဆုံးစီရင်​မှုအ​ကြောင်းကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ဒီဇာတ်​လမ်းထဲကအတိုင်းအပြင်​မှာလည်းတကယ်​ဖြစ်​ခဲ့တာပါ မင်းသမီးဂျန်​ဂျာယွန်းက F4 ကားထဲမှာ ဂင်​ဂျန်​ ဒီကိုဝိုင်းအကျင့်​မ​ကောင်းကြတဲ့​ကျောင်းသူသုံး​ယောက်ထဲက တစ်​​ယောက်​အ​နေနဲ့သရုပ်​​ဆောင်​ခဲ့ဖူးပါတယ်​ )  File Size : (1 GB) & (455MB) Quality : .1080p.BluRay Running Time :1hr  14min Format : Mp4 Genre    :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shwe Ye Oo Encoded by Arkar Phyo (Yrfatt)
movie

The Secret Scandal {Norigae}(2013)

2013
The Deal ( 2015 ) 6.3
The Deal ( 2015 ) The Deal ကတော့ ၂၀၁၅ ထွက် Crime, Dramaဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDB Rating 6.3 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Deal with the devil ဆိုတဲ့စကားလေးကြားဖူးကြလားမသိဘူး။ မကောင်းဆိုးရွားနဲ့အပေးအယူလုပ်တာကို ပြောတာပါ။ ဒီဇာတ်ကားထဲမှာမကောင်းဆိုးရွားတစ်ကောင်ကို နှိမ်နင်းဖို့တခြားမကောင်းဆိုးရွားတစ်ကောင်နဲ့အပေးအယူလုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့လူတစ်ယောက်ကို တွေ့ရမှာပါ။ နားရှုပ်သွားလားမသိဘူး။ဇာတ်လမ်းအကျဉ်းလေးပြောပါမယ်။အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စုံထောက် မင် ကအတွဲလိုက်လူသတ်သမားတစ်ယောက်ကို ဖမ်းမိချိန်မှာလူသတ်သမားနောက်ဆုံးသတ်သွားတဲ့သူက သူ့ရဲ့ညီမဖြစ်သူဖြစ်နေတာကို သိလိုက်ရပါတယ်။သူ့ကိုဖမ်းနိုင်ခဲ့ပေမယ့် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်ခဲ့ပါဘူး။နောက်ထပ် သောကမီးတောက်နေရသူကတော့ယောက်ဖဖြစ်သူ ဆန်းဟွန်းပါ။ ဆန်းဟွန်းတစ်ယောက်လူသတ်သမားကိုသတ်ဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်သတ်သေပေမဲ့လည်းမအောင်မြင်တဲ့အချိန်မှာ လူသတ်သမားကိုသတ်ဖို့ တဖန်ပြန်ကြိုးစားခဲ့ပါတယ်။ သူပြန်ပြီးလက်စားချေနိုင်မှာလား။စုံထောက်ကြီးကရော ဘယ်နေရာက ပါဝင်နေမလဲ။စိတ်ဝင်စားစရာ စုံထောက်ကားလေးပါပဲ။ Review & Translated By D3mon
movie

The Deal ( 2015 )

2015
The Spy Gone North(2018) 7.0
The Spy Gone North(2018) The Spy Gone North(2018) IMDb.....7 ကိုရီးယားဒါရိုက်တာတွေက တခြားကားတွေကို ရိုက်ရင် ဇာတ်အိမ်ခိုင်ချင်မှခိုင်မယ်.. မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ကားမျိုးဆို ဇာတ်အိမ် ဇာတ်ညွှန်း သရုပ်ဆောင်တွေကို ခမ်းခမ်းနားနားရိုက်လေ့ရှိတယ်..အထူးသဖြင့် စပိုင်ကားတွေဆိုတော်တော်ကြီးကိုကောင်းတယ်.. ခုလည်း 2018 မှာ အသစ်ထွက်လာတဲ့The Spy Gone North ဆိုတဲ့ တောင်ကိုရီးယား စပိုင်ကားကလည်း တော်တော်ကိုကောင်းတယ်... တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကွဲသွားပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးက တစ်ဖက်နဲ့ တစ်ဖက် သူလျှိုတွေ စေလွှတ်ပြီး အသံတိတ်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်... ဒီဇာတ်ကားလေးကတော့ မြောက်ကိုရီးယားဘက်ကို စေလွှတ်လိုက်တဲ့ တောင်ကိုရီးယားစုံစမ်းရေးတပ်ဖွဲ့က ဘလက်ဗီးနပ်စ်ဆိုတဲ့ အေးဂျင့်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ .... သူဟာ စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီကိုချဉ်းကပ်ခဲ့တယ်..သူဘာကြောင့်ချဉ်းကပ်ခဲ့လဲ.. အချိန်မရွေးအသက်ပျောက်သွားနိုင် ပြီး အန္တရယ်များလွန်းလှတဲ့ မြောက်ကိုရီးယားဆီ ဘာကြောင့်စပိုင်လာလုပ်တာလဲ..ကိုင်း ဆက်လက်ခံစားကြည့်လိုက်ပါဦးဗျို့..လျှို့ဝှက်စပိုင်ကားတွေကြိုက်တဲ့သူတွေအတွက် နင်းကန်ဒေါင်းသင့်ကြောင်းအကြံပြုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (1GB) and (400 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama, Fantasy1 Subtitle ...
movie

The Spy Gone North(2018)

2018
Sympathy for Mr. Vengeance(2002) 7.7
Sympathy for Mr. Vengeance(2002) Sympathy for Mr. Vengeance(2002)IMDb...7.7(1080P 5.1CH နဲ့ 720p တို့ဖြင့် စုံလင်စွာတင်ဆက်ထားပါသည်....)ဒီကားရဲ့ ဒါရိုက်တာ Chan-wook Park  ကိုမသိရင်တောင်မှ Oldboy ဆိုတဲ့ ကွီးယားကားကို တော့သိကြမှာပါ..အဲ့ဒီကားဟာ လက်ရာမြောက်လွန်းတဲ့ Hollywood ကတောင် ပြန်လည်ရိုက်ကူးဖြစ်ခဲ့ပါတယ်..Chan-wook Park ဆိုတာ Oldboy ဖန်တီးရှင်ဒါရိုက်တာပေါ့..ယခုSympathy for Mr. Vengeanceဆိုတဲ့ကားကိုလည်း သူရိုက်ကူးခဲ့ပါတယ်...ဒီကားနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံး ဒါရိုက်တာဆုတွေအပြင် အခြားဆု(၅)ဆုတောင်ရရှိခဲ့ပါတယ်...မင်းသားကလည်း  Kang-ho Song နဲ့  Ha-kyun Shinတို့ပါပဲ....Oldboy ကြည့်ဖူးတဲ့သူတွေဆိုရင် ဒီဒါရိုက်တာကြီးရဲ့လက်ရာကိုခန့်မှန်းမိမယ်ထင်ပါတယ်..ဒီကားထဲမှာလည်း သတ်ဖြတ်ခန်းတွေက တကယ့်ကိုသွေးပျက်လောက်စရာကြီးတွေ...ဇာတ်ဝင်ခန်းတိုင်းကို အပီပြင်ဆုံးရိုက်ကူးထားတယ်...မောင်နှမ(၂)ယောက်ရှိတယ်..အစ်မဖြစ်သူက ကျောက်ကပ်မလဲရင်သေရတော့မယ့်ရောဂါအခြေအနေဖြစ်နေတယ်..မောင်ဖြစ်တဲ့သူအနေနဲ့လည်း လှူလို့မရတဲ့အခြေအနေ..ဒါကြောင့် သူ့ကျောက်ကပ်ကိုကလီဇာတွေဝယ်တဲ့ဂိုဏ်းကိုသွားရောင်းလိုက်တယ်...ဒီနောက်ပိုင်းတော့ အခြေအနေတွေဟာ အကုန်ရှုတ်ထွေးကုန်တယ်...Spoiler မလုပ်သင့်တဲ့ကားဖို့ ကျန်တာတွေမပြောတော့ဘူး....Action, Drama,နဲ့ Thriller   ကားမျိုးတွေကိုကြိုက်နှစ်သက်ရင်တော့ တကယ့်ကိုလက်မလွှတ်သင့်ဘူး...ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...မှတ်ချက်...သတ်ဖြတ်ခန်းများနှင့် အခြားအခန်းများမှာ ရက်စက်ပီပြင်လွန်းသဖြင့် မိသားစုများ၊ကလေးများနှင့်အတူမကြည့်သင့်ပါကြောင်းအကြံပြုပါရစေ.....File Size : (2.28GB) ...
movie

Sympathy for Mr. Vengeance(2002)

2002