Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Moore
7.0
If Only (2004)
If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p ...
movie
If Only (2004)
5.7
I Give It a Year (2013)
အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.56 GB / 686 MB Quality… Blu-Ray ...
movie
I Give It a Year (2013)
2013
6.2
Johnny English (2003)
IMDb Rating (6.2)မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ..." အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ...တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့ ဖိအားပေးလာတဲ့အခါမှာတော့ ...
movie
Johnny English (2003)
2003
1080p HEVC