Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin James
5.6
Pixels (2015)
Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Pixels (2015)
5.6
Barnyard (2008)
Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.71 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie
Barnyard (2008)
2006
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
5.3
The Dilemma (2011)
2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့black comedy အမျိုးအစား ဇာတ်ကား လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ရွန်နီ နဲ့ နစ်ခ် ဟာအထက်တန်းကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပီးစီးပွားရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်ထောင်ပြုဖြစ်အောင် နစ်ခ် တို့ ဇနီးမောင်နှံကကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်နေ့မှာတော့ နစ်ခ်ရဲ့ မိန်းမ က ဖောက်ပြန်နေတာကိုရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို ပြောပြဖို့ ကြိုးစားပါတယ်။အဲ့လိုလုပ်နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်ထောင်ရေးပြသနာတွေ၊ လျို့ဝှက်ချက်တွေကိုသိသွားပီး ဖြေရှင်းဖို့ကြိုးစားပုံတွေ ၊ သူငယ်ချင်းတွေ ကြားကသံယောဇဥ် အကြောင်းတွေ ကို ပေါ်လွင်အောင်ဖော်ပြထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။တဖက်ကလည်း အခက်အခဲတွေကျော်လွှားပီးအောင်မြင်အောင်ကြိုးစား အလုပ်လုပ်ကြပုံတွေကိုလည်းတွေ့ရမှာပါ။Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီးတွေရဲ့သရုပ်ဆောင်မှု နဲ့ခပ်သော့သော့ ဟာသ တွေအပြင် ...
movie
The Dilemma (2011)
2011
5.2
Zookeeper (2011)
ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Zookeeper (2011)
5.7
{21+} Babyface 2 (1986)
အနောက်တိုင်းသူ စင်းလုံးချောလေးတွေရဲ့ ပကတိ အလှတရားကို အတစ်လိုက် ခံစားရမည့် ဇာတ်လမ်းလေး တစ်ပုဒ် ကာရန်နဲ့ ဂျယ်ရီ တို့ လက်ထပ်မထပ်ခင် တညအလိုမှာ တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တဲ့ ဖြစ်ပျက်လေးတစ်ခု မိန်းကလေးသူငယ်ချင်းတွေ အိမ်ထောင်သည်ဖြစ်တော့မယ်ဆိုတဲ့ အထိမ်းမှတ်အနေနဲ့ ပါတီပွဲတစ်ခု ဆင်နွှဲကြပါတယ်ပါတီလက်ဆောင်က လူတစ်ယောက်ဖြစ်ပါတယ် သူတို့ဆန္ဒကတော့ ကာရန်ကို ပျော်စေဖို့ ပိုက်ဆံပေးပြီး ငှားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ သူတို့ ငှားခဲ့တဲ့သူက အချစ်မှော်ဆရာတစ်ယောက်ဖြစ်နေသောအခါ မိန်းကလေးတွေ အရောင်စုံနဲ့ မှော်ဆရာနဲ့ ဇာတ်လမ်းကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…4.6GB / 1.2GB Quality…1080p BluRay / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….XCross Translated by Ki Mu Chi
movie
{21+} Babyface 2 (1986)
2023
5.5
You Don’t Mess with the Zohan (2008)
You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie
You Don’t Mess with the Zohan (2008)
2008
6.7
Becky(2020)
Becky(2020) အညွှန်း****************နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီး (၄)ယောက်ရှိတယ်..ဒီလူတွေက လူသတ်ဖို့ဝန်မလေးသလိုအတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ..တစ်နေတော့သူတို့ကို ထောင်ပြောင်းဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတွေကိုသတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်..သူတို့(၄)ယောက်ဟာ ထောင်က ထွက်လာပြီးတဲ့နော်ရည်ရွယ်ကြီးတစ်ခုလုပ်ဖို့ရှိတယ်..အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာအရေးပါတဲ့သော့တစ်ချောင်းကိုထောင်မကျခင်က ဝှက်တဲ့ဟာဟာကိုသွားယူဖို့ပါပဲ..ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီးအဲ့ဒီထဲမှာ ဘက်ကီဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်..လူကြမ်းကြီး(၄)ယောက်နဲ့ ဒီမိသားစုနဲ့ တွေ့ဆုံချိန် ဘက်ကီလေးတစ်ယောက်ပဲသူ့မိသားစုကိုကယ်ဖို့အခွင့်အရေးရှိလာတဲ့အခါမှာတော့...File Size :( 1.6GB)(623MB) Quality : BLU-RAY.1080P, 720p Format…mp4 Duration…01:33:00 Genre : Action, Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie
Becky(2020)
Paul Blart: Mall Cop 2 (2015)
Paul Blart Mall Cop 1 ထုတ်လွှင့်အပြီး ၆နှစ်အကြာမှာ အပိုင်း(2) ထပ်မံထွက်ရှိခဲ့ပါတယ်...။ အပိုင်း (2)မှာလည်း... အပိုင်း (1)တုန်းကလိုပဲ ကုန်တိုက်လုံခြုံရေးပေါလ်ဘလတ်ရဲ့ စွန့်စားခန်းဟာသတွေကို တွေ့ရှိရမှာပါ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ကို "လုံခြုံရေးအရာရှိများအသင်းအဖွဲ့ကြီး"က ဗေးဂတ်စ်မြို့က "ဝင်န်ဟိုတယ်"မှာ ကုန်စည်ပြပွဲနဲ့ ဆုပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဝင်န်ဟိုတယ်ကို ပေါလ်နဲ့ ပေါလ်သမီး မာရာတို့ လာရောက်တည်းခိုရင်းနဲ့ ပန်းချီကားသူခိုးလူဆိုးအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ပထမအပိုင်းကလိုပဲ ပေါလ်အနေနဲ့ လူဆိုးအဖွဲ့ကို တစ်ယောက်ချင်းဖြုတ်ဖို့ ဖြစ်လာခဲ့တယ်။ ပေါလ်တစ်ယောက်ရဲ့ အလွဲတွေနဲ့စွန့်စားခန်းကို ဟာသနဲ့ actionရောနှောထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်ရှုရမှာပါ။ Paul Blart Mall Cop (1)ကို ကြည့်ရတာ သဘောကျရင် (2)ကို ဆက်ကြည့်လို့ရပါတယ်နော်...။ နှစ်ကားထွက်ပေမဲ့ ဇာတ်လမ်းချင်းအရမ်းမချိတ်ဆက်ထားတာကြောင့် တစ်ကားချင်းကြည့်လို့လည်းရပါတယ်။File size…(1.97GB) / (`1.1GB) / (671.02MB) Quality…. Web 1080P ...
movie
Paul Blart: Mall Cop 2 (2015)
Paul Blart: Mall Cop(2009)
ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB) / ...
movie
Paul Blart: Mall Cop(2009)
5.9
True Memoirs of an International Assassin (2016)
True Memoirs of an International Assassin The interview လိုမျိုး စစ်အာဏာရှင်တွေကို လှောင်ပြောင်ထားတဲ့ကားဖြစ်ပါတယ်။ Mall Cop, Grown ups တို့လို့ နာမည်ကြီး comedy ကားတွေရဲ့ မင်းသား Kevin James ကပဲ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်ဆမ်ဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့ဝတ္ထုရေးကာ စာအုပ်ထုတ်ဝေခွင့်ရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး အလွန်သဘာဝကျအောင်ရေးထားတဲ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အဖြစ် မှားယွင်းတင်မိလိုက်တဲ့အခါမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေပြန်ပေးဆွဲတာကိုခံရပြီး ဗင်နီဇွဲလားရဲ့သမ္မတကိုလုပ်ကြံဖို့ စေခိုင်းခံရပါတော့တယ်။စစ်အာဏာရှင်တွေ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေပြည့်နှက်နေတဲ့နိုင်ငံမှာ ဆမ်ဟာ အသက်ရှင်ရက်အိမ်ပြန်အောင် ကြိုးစားရပုံကို အက်ရှင်နဲ့ဟာသနှောပြီး ရှုစားရမှာဖြစ်ပါတယ် File size…(1.75GB)/(996MB)/(684MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Comedy / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
True Memoirs of an International Assassin (2016)
6.0
Home Team (2022)
Home Team (2022) အညွှန်း********************** IMDb - 6 ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။ ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size : ...
movie
Home Team (2022)
2022
Monster House
Monster House (2006)Monster House ဆိုတဲ့ ဇာတ်ကားလေးကို ကျွန်တော်တို့ ငယ်ငယ်က ၆ကားတွဲအခွေတွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီတုန်းကတော့ စာပါတာတွေရော စာမပါတာတွေရောနဲ့ အင်္ဂလိပ်လို ကြည့်ကောင်းကြည့်ခဲ့ရမှာပါ။ အခုတစ်ခါတော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားကောင်းလေးကို တစ်ခါပြန်ပြီးတော့ ကြည့်လိုက်ကြရအောင်ပါ။အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်က သူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊ ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီးMr. Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့ ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာFile size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia Encoder ..... August
movie
Monster House
2006
5.4
Hubie Halloween 2020
မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie
Hubie Halloween 2020
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004
6.0
Grown Ups (2010)
Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော ...
movie
Grown Ups (2010)
2010
6.3
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264
Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264
2018
6.3
Hotel Transylvania 3: Summer Vacation (2018)
Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။သည်တစ်ခါတော့ ရှေးဟောင်းရေ ...
movie
Hotel Transylvania 3: Summer Vacation (2018)
2018
6.7
Hotel Transylvania 2 (2015)
Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56% 2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie
Hotel Transylvania 2 (2015)
2015
7.1
Hotel Transylvania (2012)
Hotel Transylvania (2012) IMDb - 7.1/10_____Rotten - 45% ဒီတစ်ခါတော့ စိတ်အပန်းဖြေအနေနဲ့ကြည့်လို့တော်တော်လေးကောင်းတဲ့ ကာတွန်းကားလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...Count Dracula ဟာသူ့ရဲ့ ဇနီး Martha သေဆုံးပြီး နောက်ပိုင်းမှာ သူ့မိန်းကို ကတိ ပေးထား ခဲ့တဲ့အတိုင်း သူတို့ ၂ ယောက်ရဲ့ သမီးလေး Mavis ကို မျက်စိ အောက်က အပျောက် မခံပဲ ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။Count Dracula ဟာ Transylvania လို့ခေါ်တဲ့ Five Star အဆင့်ရှိ Hotel တစ်ခု တည်ဆောက် ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Frank နဲ့ သူ့ဇနီး Eunice, Wayne, Wanda နဲ့ သူတို့ရဲ့ မြေခွေး သားသမီး တစ်ဖွဲ့, Griffin ဆိုတဲ့ ကိုယ်ပျောက် ...
movie
Hotel Transylvania (2012)
2012
1
2
Next