Channel Myanmar

Kevin Farley

Tommy Boy (1995) 7.1
Tommy Boy (1995) တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ  File size…    2.6 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie

Tommy Boy (1995)

Johnson Family Vacation (2004)
Johnson Family Vacation (2004)  Director Christopher Erskin ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်တဲ့ Comedy Movie လေးပါ Best Comedy Award Nomination ၃ ခုလည်းရခဲ့ပါသေးတယ် မင်းသားကြီး Cedric The Entertainer နဲ့ US ရဲ့ နာမည်ကြီး The Steve Harvey Show ရဲ့ Host ဖြစ်တဲ့ Steve Harvey တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီး Vanessa Williams နဲ့ အမေရိကန် Rapper နဲ့ Actor ဖြစ်တဲ့ Shad Moss(Bow wow) ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်ဇာတ်လမ်းလေးကတော့ ဂျွန်ဆင်မိသားစုတွေ ပြန်လည်ဆုံတွေ့ပြီး "တစ်နှစ်တာအကောင်းဆုံးမိသားစု" ဆုဖလား ပြိုင်ပွဲကိုပြုလုပ်ဖို့အတွက် နိတ်ဂျွန်ဆင် တို့မိသားစုဟာ သူ့အမေရှိတဲ့မြို့ကို မိုင် ၂၀၀၀ လောက်နီးပါး ခရီးထွက်ခဲ့ရင်း တစ်လမ်လုံး ဘယ်လိုဟာသတွေကြုံရမလဲ....... အမြဲတမ်း ...
movie

Johnson Family Vacation (2004)

The Waterboy (1998) 6.1
The Waterboy (1998)  American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie

The Waterboy (1998)

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

Joe Dirt 2: Beautiful Loser (2015) 5.0
Joe Dirt 2: Beautiful Loser (2015)  ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Joe Dirt 2: Beautiful Loser (2015)

Beverly Hills Ninja (1997) 5.6
Beverly Hills Ninja (1997) Beverly Hills Ninja (1997)90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သ​ဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကား​လေး CMကို ​ရောက်ရှိလာပါပြီ။နင်ဂျာတွေ တစ်ခေတ်စား​စဉ်အခါက နင်ဂျာလို့ ​ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါး​လေး​တွေကိုပဲ မြင်​ယောင်မိကြမှာပါ။ ဒီဇာတ်ကား​လေးမှာ​တော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားက​လေးတစ်​ယောက်က ထူးမြတ်တဲ့ အဖြူ​ရောင်နင်ဂျာ​လေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။ နင်ဂျာမျိုးနွယ်စုဆီကို က​လေး​ပေါက်စ​လေး ​သောင်တင်လာချိန်မှာ​တော့ ​ခေါင်း​ဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး ​သေချာပြုစုပျိုး​ထောင် သားတစ်​ယောက်လို ​စောင့်​ရှောက်ခဲ့​ပေမယ့် တက်တက်စင်အောင် တလွဲ​​တွေအမြဲလုပ်တဲ့ မင်းသား ဟာရု... ​နောက်တစ်​ယောက်က​တော့ ဆရာကြီးရဲ့ တပည့်​တွေထဲ အ​​တော်ဆုံး နင်ဂျာဖြစ်တဲ့ ဂို​ဘေး...ဟာရုတစ်​ယောက် ဒိုဂျိုမှာ တစ်​ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါ​တော့တယ်... အလုပ်လာအပ်တဲ့ မိန်းက​လေးကို သ​ဘောကျမိပြီး ​အ​မေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ ​တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်​ပေမယ့်လည်း ဆရာကြီး​ကောင်းမှုနဲ့ ဂို​ဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် ...
movie

Beverly Hills Ninja (1997)

1997