Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Durand
7.5
Kingdom of the Planet of the Apes (2024)
ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့လေးကားမြောက်ပါ။ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာကြည့်ရှုနိုင်ပါတယ်။1. Rise of the Planet of the Apes 2011 2. Dawn of the Planet of the Apes 2014 3. War for the Planet of the Apes 2017 4. Kingdom of the ...
movie
Kingdom of the Planet of the Apes (2024)
4K HEVC
7.0
Abigail (2024)
Abigail (2024) =========== IMDb Rating - 7.0/10အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli- Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီး ကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး Kathryn Newton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သား ဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ် ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန် ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံး ထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ...
movie
Abigail (2024)
2024
4K HEVC
7.7
3:10 to Yuma (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie
3:10 to Yuma (2007)
2007
Resident Evil: Retribution (2012)
ဒီဇာတ်ကားက Franchiseရဲ့ ပဥ္စမဇာတ်ကားဖြစ်ပြီး ဂိမ်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ လီယွန်ကို ငပေါသာသာ လုပ်ထားလို့ မေတ္တာပို့သမှုတွေ အတော်ရလိုက်တဲ့ကားဆိုလည်း မမှားပါဘူး။ စတုတ္ထကားအဆုံးမှာ Brainwashခံထားရတဲ့ ဂျေးလ် ဖမ်းဆီး တာကို ခံလိုက်ရတဲ့ အဲလစ်ဟာ အမ်ဘရဲလားရဲ့ zombie ကပ် သရုပ်ဖော်ဌာနထဲမှာ ဖမ်းချုပ်ခံထားခဲ့ရပါတယ်။အဲဒီမြေအောက်စမ်းသပ်ခန်းကနေ သူ့ကိုလာကယ်မယ့်လူတွေနဲ့ ဆုံမှတ်ကိုသွားဖို့ ကြိုးစားရင်း ဂျပန်၊ မော်စကို၊ နယူးယောက်လို ဇွန်ဘီကပ်ဘေးကို သရုပ်ပြဖို့ ဖန်တီးထားတဲ့ မြို့အတုတွေထဲမှာ ဇွန်ဘီအစစ်တွေကိုကျော်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီအပြင် Brainwashခံထားရတဲ့ ဂျေးလ်ဗယ်လင်တိုင်းကလည်း အဲလစ် မလွတ်မြောက်ရေး အသေအကြေ လိုက်လံတားဆီးတဲ့အတွက် သူနဲ့ပါ ထိပ်တိုက်တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ File size… 3.8 GB / 1.4 GB / 687 MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 36m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
Resident Evil: Retribution (2012)
4K HEVC
5.8
Noah (2014)
Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie
Noah (2014)
4K HEVC
4.8
Big Momma’s House 2 (2006)
Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie
Big Momma’s House 2 (2006)
2006
5.1
Cosmopolis (2012)
IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်းပေါင်းများစွာသော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းကနေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / ...
movie
Cosmopolis (2012)
5.6
A Dark Truth (2012)
ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေးပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie
A Dark Truth (2012)
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
6.1
Devil’s Knot (2013)
Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size… 1.58 GB / 768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Devil’s Knot (2013)
2013
7.5
Fruitvale Station(2013)
Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အော်စကာ ဟာအရင်ကဆေးခြောက်ရောင်းတဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။ သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။ File size…2.65GB / 614MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Fruitvale Station(2013)
6.7
Robin Hood (2010)
Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood (2010)
6.7
The Captive(2014)
The Captive(2014)****************Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူကရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန်သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင်မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကိုပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Captive(2014)
7.4
Smokin’ Aces(2006)
Smokin' Aces(2006) အညွှန်************************Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်...ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့်သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်းသူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက်သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie
Smokin’ Aces(2006)
7.6
The Butterfly Effect (2004)
The butterfly effectButterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / ...
movie
The Butterfly Effect (2004)
6.6
Austin Powers: The Spy Who Shagged Me (1999)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie
Austin Powers: The Spy Who Shagged Me (1999)
1999
HEVC 1080p 5.1
Dangerous (2021)
အန္တရာယ်ကောင်ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်လိုက်ရအောင်။ ဒီ ဖော်ရက်စတာဆိုတဲ့ လူတစ်ယောက်ဟာ လူတွေရဲ့ခံစားချက်ကို နားမလည်တတ်တဲ့ စိတ်ရောဂါတစ်မျိုးနဲ့လူပါ။ ဝမ်းနည်းတာတွေ ကြောက်တာတွေကို မခံစားတတ်ဘူး။ အထူးတပ်ဖွဲ့မှာ အထက်အရာရှိကို သတ်မိမလိုဖြစ်ပြီး တပ်က ထွက်လာခဲ့ရတယ်။ ပြီးတော့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ပေါင်းမိပြီး သွေးအေး လူသတ်သမားဖြစ်လာတယ်။ ထောင်ထဲမှာ စိတ်ဆရာဝန်တွေပြပြီး သူ့ရဲ့ အရင်အကျင့်ဟောင်းနဲ့ စိတ်တွေကို ပြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့မှာ သမိုင်းပါမောက္ခ လူရိုးလူဖြောင့် ရှောင် ဆိုတဲ့ ညီတစ်ယောက်ရှိတယ်။ ဇာတ်လမ်းက အဲဒီက စတာပါ။ ရှောင်ဟာ ကွှန်းတစ်ကျွန်းကိုဝယ်ပြီးမိသားစုနဲ့အတူနေထိုင်ရင် တစ်နေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ အဲဒီစျာပနကို အစ်ကိုဖြစ်သူ ဒီ ရောက်လာရင်းနဲ့ ကျွန်းပေါ်မှာ လူဆိုးအဖွဲ့တွေနဲ့ အရှုပ်အရှင်းတွေကြားထဲကို ရောက်သွားပါတယ်။ သူ့မိသားစုကိုလည်း ကာကွယ်ရင်း အရင်လိုလည်း လူမသတ်မိအောင်ထိန်းနေရတဲ့ ဒီ တစ်ယောက်ဘယ်လို ရုန်းကန်ရမလဲဆိုတာ.....File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time ...
movie
Dangerous (2021)
4.9
Primal (2019)
Nicholas Cage ရဲ့ အသစ်ထွက် အက်ရှင်ဇာတ်ကားသစ်ပါ။သာမန်အက်ရှင်ကားတွေနဲ့ မတူဘဲတမူထူးခြားနေတဲ့ ဇာတ်ကားမို့ ပရိသတ်တွေ သဘောကျဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ သင်္ဘောကြီးတစ်စီးပေါ်မှာအမဲလိုက်မုဆိုးတစ်ယောက်နဲ့ သူ့ရဲ့တိရစ္ဆာန်တွေရယ်၊လူသတ်မှုပေါင်းများစွာနဲ့ ဖမ်းဆီးလာတဲ့စိတ္တဇလူသတ်သမားတစ်ယောက်နဲ့သူ့ကို ဖမ်းဆီးလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ် ပါလာကြပါတယ်စိတ္တဇ လူသတ်သမားက မထင်မှတ်ဘဲ လွတ်မြောက်သွားတဲ့အခါ.....သူတို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ?????သူတို့က သူ့ကို မိပါ့မလား????တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ File Size : ( 907 MB , 341 MB)Quality : WEB-DL 720pRunning Time : 1 hr 37 minFormat : Mp4Genre : Action Subtitle : Myanmar Subtitle ...
movie
Primal (2019)
2019
5.5
Take Point(2018)
Take Point(2018)(Zawgyi)ခပ်မိုက်မိုက်ဇာတ်ကားမို့ BLU-RAY 1080P 5.1 CHပါ ပြုလုပ်ပေးထားပါတယ်... အမေရိကန်နိုင်ငံမှာရွေးကောက်ပွဲပြန်လုပ်နေတဲ့အချိန်...လက်ရှိသမ္မတရဲ့မဲအခြေအနေကအကျဘက်ကိုရောက်နေတဲ့အချိန်မှာ စစ်ရေးနည်းနဲ့ မြှင့်တင်ဖို့ကြိုးပမ်းလာတယ်...အဲ့အချိန်မှာပဲအမေရိကန်ကမြောက်ကိုရီးယားကိုနူးကလီးယားလက်နက်ဖျက်သိမ်းဖို့တွန်းအားပေးမယ်...တစ်ကယ်လို့အောင်မြင်ရင်တစ်နိုင်ငံလုံးကသူ့ကိုထောက်ခံမယ်ပေါ့...အဲ့လိုလုပ်ဖို့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တစ်ယောက်ကို ဆုကြေးငွေထုတ်ပြီးဖမ်းမိန့်ထုတ်လိုက်တယ်...သိတဲ့အတိုင်းဒီလိုကိစ္စမျိုးဆိုတာပေါ်တင်လုပ်လို့မရတဲ့အတွက် စီအိုင်အေဟာ ထုံးစံအတိုင်းတရားဝင်အဖွဲ့အစည်းကိုမသုံးဘဲ ကြေးစားတစ်ဖွဲ့ကိုငှါးခဲ့တယ်.. ဒါမှလဲသူတို့ဘက်ပြန်မပတ်မှာကိုး... အဲ့ဒီကြေးစားတပ်ဖွဲ့ဟာ တကယ့်ကိုကျွမ်းကျွင်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်... အဲ့ဒီကြေးစားတပ်ဖွဲ့ခေါင်းဆောင် အေဟတ်ဟာ ဒ်ီမစ်ရှင်အဆင်ပြေပြေနဲ့ အစီအစဉ်အတိုင်းဆောင်ရွက်သွားနိုင်မလား...ဘယ်လိုအခက်အခဲအချိုးအကွေ့တွေနဲ့ ကြုံတွေ့သွားရမလဲဆိုတာကိုတော့... ဒီကိုးရီးယားကားဟာ အက်ရှင်ဦးစားပေး ဇာတ်ကားဖြစ်သလို သရုပ်ဆောင်တွေဟာလည်း ကိုးရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Jung-woo Ha က အဓိက သရုပ်ဆောင်ထားတာပါ...ဇာတ်လမ်းက မထင်မှတ်တဲ့လက်ကွက်တွေပါသလို ရိုက်ချက်တွေကလည်း အတော်ကြီးကိုကောင်းပါတယ်... ဒါ့ကြောင့်လည်း ကိုးရီးယားမှာ ၀င်ငွေအကောင်းဆုံးစာရင်းဝင်ဖြစ်သွားပါတယ်...ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်....(unicode)ခပ်မိုက်မိုက်ဇာတ်ကားမို့ BLU-RAY 1080P 5.1 CHပါ ပြုလုပ်ပေးထားပါတယ်... အမေရိကန်နိုင်ငံမှာရွေးကောက်ပွဲပြန်လုပ်နေတဲ့အချိန်...လက်ရှိသမ္မတရဲ့မဲအခြေအနေကအကျဘက်ကိုရောက်နေတဲ့အချိန်မှာ စစ်ရေးနည်းနဲ့ မြှင့်တင်ဖို့ကြိုးပမ်းလာတယ်...အဲ့အချိန်မှာပဲအမေရိကန်ကမြောက်ကိုရီးယားကိုနူးကလီးယားလက်နက်ဖျက်သိမ်းဖို့တွန်းအားပေးမယ်...တစ်ကယ်လို့အောင်မြင်ရင်တစ်နိုင်ငံလုံးကသူ့ကိုထောက်ခံမယ်ပေါ့...အဲ့လိုလုပ်ဖို့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တစ်ယောက်ကို ဆုကြေးငွေထုတ်ပြီးဖမ်းမိန့်ထုတ်လိုက်တယ်...သိတဲ့အတိုင်းဒီလိုကိစ္စမျိုးဆိုတာပေါ်တင်လုပ်လို့မရတဲ့အတွက် စီအိုင်အေဟာ ထုံးစံအတိုင်းတရားဝင်အဖွဲ့အစည်းကိုမသုံးဘဲ ကြေးစားတစ်ဖွဲ့ကိုငှါးခဲ့တယ်.. ဒါမှလဲသူတို့ဘက်ပြန်မပတ်မှာကိုး... အဲ့ဒီကြေးစားတပ်ဖွဲ့ဟာ တကယ့်ကိုကျွမ်းကျွင်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်... အဲ့ဒီကြေးစားတပ်ဖွဲ့ခေါင်းဆောင် အေဟတ်ဟာ ဒီ်မစ်ရှင်အဆင်ပြေပြေနဲ့ အစီအစဉ်အတိုင်းဆောင်ရွက်သွားနိုင်မလား...ဘယ်လိုအခက်အခဲအချိုးအကွေ့တွေနဲ့ ကြုံတွေ့သွားရမလဲဆိုတာကိုတော့... ဒီကိုးရီးယားကားဟာ အက်ရှင်ဦးစားပေး ဇာတ်ကားဖြစ်သလို သရုပ်ဆောင်တွေဟာလည်း ကိုးရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Jung-woo Ha က အဓိက ...
movie
Take Point(2018)
2018
6.6
X-Men Origins: Wolverine (2009)
After seeking to live a normal life, Logan sets out to avenge the death of his girlfriend by undergoing the mutant Weapon X program and becoming Wolverine.ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။ File size…978MB Quality…720p Format…mp4 Duration….01:47:00Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
X-Men Origins: Wolverine (2009)
2009
1
2
Next