Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Costner
Horizon: An American Saga – Chapter 1 (2024)
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie
Horizon: An American Saga – Chapter 1 (2024)
6.6
How to Rob a Bank (2024)
How to Rob a Bank (2024) IMDb - 6.6/10၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 587MB Quality…WEB ...
movie
How to Rob a Bank (2024)
2024
7.0
Bull Durham (1988)
အားကစားသမား တစ်ယောက် နာမည်ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် မြောက်ပိုင်းက ဒါဟမ်မြို့ ဘေ့စ်ဘောအသင်းမှာတော့ Ebby ဆိုတဲ့ ရွှေလက်ပိုင်ရှင်လေးက သူဟာ ဘယ်လောက်ထိ ဖြစ်မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ရှိနေပါတယ်။ ပြာဖုံးနေတဲ့ ပတ္တမြားလေး ကို အရောင်တင်ပေးဖို့ တချိန်တည်းမှာပဲ ဘေ့စ်ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အတွေ့အကြုံများတဲ့ ဘောလုံးရိုက်သမားCrash တစ်ယောက် ဒါဟမ် အသင်းဆီရောက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်မော မြူးကြွစရာ ကြည့်ရှုရမှာပါ။၈၀ကျော်ခုနှစ်က ဖက်ရှင်တွေ၊ သီချင်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်ဘော လောကကြီးကို ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေကြေးအရလည်း ...
movie
Bull Durham (1988)
7.5
Field of Dreams (1989)
Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie
Field of Dreams (1989)
6.1
Dragonfly (2002)
Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie
Dragonfly (2002)
8.9
Zack Snyder’s Justice League (2021)
(function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Zack Snyder’s Justice League (2021)
4K HEVC
6.4
Batman v Superman: Dawn of Justice (2016)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Batman v Superman: Dawn of Justice (2016)
2016
4K HEVC
7.1
Man of Steel (2013)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Man of Steel (2013)
2013
4K HEVC
7.5
A Perfect World(1993)
A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre : Crime, Drama, Thriller Subtitle ...
movie
A Perfect World(1993)
1993
7.4
Open Range (2003)
ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie
Open Range (2003)
5.3
The New Daughter (2009)
Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာသားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်းတစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာသွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန်တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ်နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror dramaကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။ File size…1.90GB / 714MB Quality…Blu-Ray 1080p 5.1 CH / ...
movie
The New Daughter (2009)
6.6
Black or White (2014)
ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံးရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie
Black or White (2014)
6.8
Draft Day (2014)
ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ...
movie
Draft Day (2014)
6.9
Robin Hood: Prince of Thieves (1991)
Robin Hood Prince of Thieves (1991)============================= ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်းအဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ဒါပေမဲ့သူပြန်ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူးအလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေလွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်တွေကိုစတင် နှောင့်ယှက်ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရောဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုRobin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood: Prince of Thieves (1991)
6.1
The Postman (1997)
သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB) / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin
movie
The Postman (1997)
6.3
The Bodyguard (1992)
The Bodyguard (1992)IMdb Rating (6.3)မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။File size…(3.9 ...
movie
The Bodyguard (1992)
6.7
The Company Men (2010)
The Company Men အညွှန်း**************************ဘော်ဘီဝေါ့ကာဟာ GTXလို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့အရောင်းဌာနခွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေတဲ့အချိန်ကော်ပိုရေးရှင်းအကြီးကြီးတွေကလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့စတော့ရှယ်ယာဈေးတွေဆက်ထိန်းထားနိုင်ဖို့ ဝန်ထမ်းအင်အားတွေထောင်နဲ့သောင်းနဲ့ချီပြီး လျှော့ချမှုတွေပြုလုပ်လာကြတဲ့အချိန်မှာဘော်ဘီလည်း အလုပ်ထုတ်ခံရတဲ့စာရင်းထဲ ပါသွားခဲ့ပါတယ်။ဘော်ဘီနဲ့အတူ ကော်ပိုရေးရှင်းတွေနဲ့ကုမ္ပဏီအသီးသီးကဝန်ထမ်းလျှော့ချတဲ့အထဲပါဝင်တဲ့ လူတွေရဲ့ဘဝတွေ သူတို့မိသားစုတွေသူတို့ပတ်ဝန်းကျင်တွေကို ဘယ်လိုသက်ရောက်မှုတွေရှိသလဲဘယ်လိုဖြတ်ကျော်ကြရလဲဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့စိတ်သဘောထားတွေ၊ အမေရိကန်လူနေမှုစနစ်နဲ့နေထိုင်ပုံတွေကိုလဲသေချာသိမြင်ကြရမှာဖြစ်ပါတယ်။ File Size : (3.18GB) (937 MB) and (403MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Min Wai
movie
The Company Men (2010)
8.0
JFK(1991)
JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie
JFK(1991)
8
Dances With Wolves: Director’s Cut (1990)
IMDb 8/10 Oscar 7ဆုနဲ့ ရုပ်ရှင် ဆုပေါင်း 44 ခု ရရှိခဲ့တဲ့ 1990 ခုနှစ်က Adventure, Drama, Western ဇာတ်ကားတစ်ကားပါ။ ဂျွန် ဘန်ဒါအမည်ရတဲ့ အရာရှိတစ်ယောက်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတစ်ခုကို မိမိဆန္ဒအလျောက် တာ၀န်ထမ်းဆောင်ဖို့ သွားခဲ့ပါတယ်။ ဟိုကိုရောက်တော့ လူမပြောနဲ့ တိရစ္ဆာန်တစ်ကောင်တစ်မြီးမှတောင် မရှိတဲ့အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။ တာ၀န်အရလာတာဖြစ်တဲ့အတွက် ဂျွန်ဟာ နောက်ကြောင်းပြန်မလှည့်ပဲ သူရယ် မြင်းတစ်ကောင်ရယ် ရိက္ခာတွေနဲ့အတူ နေရစ်ခဲ့ပါတော့တယ်။ ဂျွန် ဘန်ဒါတစ်ယောက် အဲ့ဒီဒေသမှာနေရင်း လူတွေအတွက် အန္တရာယ်ရှိလှပါပြီဆိုတဲ့ သားရဲကောင်တွေ လူရိုင်းတွေနဲ့ တွေ့ဆုံပုံတွေ၊ ဘာသာစကားမတူတဲ့ လူရိုင်းတွေ မိမိကို အန္တရာယ်မပေးအောင် သူတို့နဲ့ လိုက်လျောညီထွေနေရင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ Kevin Costner ကိုယ်တိုင် ဇာတ်လိုက်မင်းသားရော ဒါရိုက်တာအဖြစ်ပါ လက်စွမ်းပြထားတဲ့ Dances With Wolves: Director's cut ဟာဆိုရင်တော့ duration 236 minutes တောင်ရှိလို့ အမုန်းကြည့်ရမှာပါနော် Quality – 720p BluRayDuration - 3 hr 30 minSubtitle ...
movie
Dances With Wolves: Director’s Cut (1990)
6.2
Waterworld (1995)
Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie
Waterworld (1995)
1995
1
2
Next