Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Collins
6.5
War of the Worlds (2005)
War of the Worlds (2005)IMDb Rating (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့ Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie
War of the Worlds (2005)
4K HEVC
Challengers (2024)
ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက်ဒါမန်း တို့ Greatest Showman, Dune တို့နဲ့ လူသိများတဲ့ Zendaya ပါပဲ။ ဒီရုပ်ရှင်ထဲ ကလေးတွေ အမြင်မသင့်တော်တာတွေ ပါတာတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်း နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူတို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ...
movie
Challengers (2024)
4K HEVC
6.0
Baby Mama (2008)
ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။ File size… 1.9 GB / 934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Baby Mama (2008)
2008
6.2
Indiana Jones and the Kingdom of the Crystal Skull (2008)
Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie
Indiana Jones and the Kingdom of the Crystal Skull (2008)
2008
4K HEVC