Channel Myanmar

Kevin Breslin

Cobra (1986) 5.8
Cobra (1986)  အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cobra (1986)

Raging Bull (1980) 8.2
Raging Bull (1980) Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie

Raging Bull (1980)

1980