Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerry Rossall
5.9
Six Days Seven Nights (1998) 6 days , 7 Nights
Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie
Six Days Seven Nights (1998) 6 days , 7 Nights
1998
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
Blades of Glory (2007)
2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ်ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ "မတည့်အတူနေ"သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Blades of Glory (2007)
7.1
Bad Santa (2002)
ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie
Bad Santa (2002)
7.2
They Live (1988)
They Live (1988) ============= IMDb Rating - 7.2/10နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ'လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့...ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ... ကျောင်းကရော ဘာတွေ လုပ်နေတာလဲ... နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating ...
movie
They Live (1988)
1988
7.7
Road to Perdition (2002)
Road to Perdition (2002)==================IMDb Rating - 7.7/10Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အတော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)A fantastic read File Size - (1.9 GB ...
movie
Road to Perdition (2002)
2002
5.9
2Fast 2 Furious (2003)Fast and Furious 2
F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie
2Fast 2 Furious (2003)Fast and Furious 2
2003
7.7
Ocean’s Eleven (2001)
Ocean's Eleven (2001) IMDb - 7.7/10_____Rotten Tomatoes - 82% George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၂၀ ဆုအတွက် စံကာတင် စဉ်းစားခံခဲ့ရပါတယ်။ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။ Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas မှာရှိတဲ့ ...
movie
Ocean’s Eleven (2001)
2001
5.8
Masterminds (2016)
Masterminds (2016)_____IMDb - 5.8/10 ယနေ့ခေတ် Hollywood ရဲ့Comedy ဇာတ်ကားများတွင် နေရာအရဆုံးလို့ပြောရမဲ့ သရုပ်ဆောင်တွေနီးပါး အကုန်ပါဝင်ထားတယ်။ Zach Galifianakis, Owen Wilson, Kristen Wiig, Kate McKinnon, Leslie Jones နဲ့Jason Sudeikis တို့ဆိုမှတော့ နောက်ထပ်ဟာသ သရုပ်ဆောင်တွေမလိုအပ်တော့လောက်အောင်ကို ပြည့်စုံနေပြီ။ ထို့အပြင် ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံထားတာ။ 1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လို့ဆိုလို့ရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့အာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထို့အပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လို့သဲထိပ်ရင်ဖိုကြီးလို့ဆိုလို့ရပေမဲ့ ရယ်ရတာတော့ ...
movie
Masterminds (2016)
2016