Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerry Cahill
6.3
Terminator Genisys (2015)
ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie
Terminator Genisys (2015)
2015
6.6
Midnight Special (2016)
CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie
Midnight Special (2016)
2016
7.3
Now You See Me (2013)
ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးလူကြိုက်အတော်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော်Hulk သရုပ်ဆောင် Mark Ruffalo,Woody Harrelson, Jesse Eisenberg, Morgan Freeman တို့ကအဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကိုတစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီးနေရာတစ်ခုကို ချိန်းလိုက်ပါတယ်။ သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့အသင်းတော်တစ်ခုက ဖြစ်ပါတယ်။ ဒီအသင်းတော်က မြန်မာလိုသဘောအရဆိုငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကိုမျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။ အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်ကထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကိုအသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။ အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။Rating တွေအနေနဲ့ IMDb 7.2 နဲ့ RT 51% ရရှိထားပါတယ်။ File ...
movie
Now You See Me (2013)
4K HEVC
7.4
Mudbound (2017)
Mudbound (2017) ============= IMDb Rating - 7.4/10ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ...
movie
Mudbound (2017)
2017
6.1
Devil’s Knot (2013)
Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size… 1.58 GB / 768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Devil’s Knot (2013)
2013
5.7
Texas Killing Fields(2011)
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.69GB / 771MB Quality… Blu-Ray 1080p ...
movie
Texas Killing Fields(2011)
2011
5.8
Battleship (2012)
Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie
Battleship (2012)
2012
4K HEVC
6.4
Mississippi Grind (2015)
Mississippi Grind (2015)ဓာတ်ဗူးရိုင်ယန်ကြီးပါတဲ့ကားပါ။ ရိုင်ယန်နဲ့တွဲဖက်ပါဝင်ထားသူကတော့ The outsider စီးရီး၊ Rogue one: a starwars story တို့ထဲက ဖြစ်ပါတယ်။လောင်းကစား စွဲလမ်းနေတဲ့ဂျယ်ရီဟာ အလေအလွင့်ခရီးသွားတစ်ယောက်ဖြစ်တဲ့ လောင်းကစားဝါသနာအိုး ကားတစ်စ် နဲ့ ပိုကာပွဲတစ်ခုမှာတွေ့ပြီး ရင်းနီးသွားကြပါတယ်။ဂျယ်ရီဟာ အကြွေးရှင်ရဲ့ ချိန်းခြောက်မှုကိုခံလာပြီးနောက် ကားတစ်စ်ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့အိမ်က ကြေးမြင့်ပိုကာပွဲမှာသွားကစားနိုင်ဖို့ ကားတစ်စ်ကို အကူအညီတောင်းပါတော့တယ်။ ကားတစ်စ်ရဲ့ သူငယ်ချင်းဟောင်းဆီမရောက်ခင် ခရီးစဉ်တစ်လျှောက်မှာ တွေ့သမျှပိုကာပွဲတွေကိုဝင်ကစားရင်း ငွေအလုံအလောက်ရအောင် ကြိုးပမ်းကြရာမှာ ဂျယ်ရီရဲ့လောင်းကစားအတောမသတ်နိုင်တဲ့စိတ်ကြောင့် ပါသမျှပြောင်မလား... ပန်းတိုင်ကိုရောက်ကြပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာတွေရစေမယ့် သဘာဝကျကျကားမျိုးနှစ်သက်ရင် ရိုင်ယန်ရဲ့ပရိတ်သတ်တစ်ယောက်ဆိုရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ Quality__1080p , 720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T Nyein Encoded by Naing Aung Latt
movie
Mississippi Grind (2015)
4.3
Wounds (2019)
ယူတို့ရဲ့fifty shadesမင်းသမီးလေးပါဝင်တဲ့mystery and horrorကားကောင်းလေးတစ်ကားပါဒီကားရဲ့ဇာတ်လိုက်မင်းသားဝေလ်အလုပ်လုပ်တဲ့ဘားမှာရန်ပွဲဖြစ်တာကနေစတာပါပဲရန်ပွဲပြီးတော့ သူ့ဘားမှာလာသောက်နေတဲ့တက္ကသိုလ်ကျောင်းသားအုပ်စုဖုန်းကျန်ခဲ့ရာကနေဖုန်းထဲမှာလူတွေကိုသတ်ထားတဲ့ဗီဒီယိုတွေ သူ့ဆီကိုအဲဒီဖုန်းကတဆင့်အကူအညီတောင်းတဲ့စာတွေပို့တာတွေ နောက်ပိုင်းသူ့အိမ်ထိပါရောက်လာပြီးသူ့ကောင်မလေးကိုပါနှောင့်ယှက်တာတွေ ဒါတွေကိုသူဘယ်လိုအဖြေရှာမလဲလုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ ဖမ်းမိနိုင်မလားဒီကြားထဲဘားကိုလာနေကျသူ့သူငယ်ချင်းနဲ့ပါခြေရှုပ်မိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ...... File Size : ( 934 MB , 354 MB)Quality : WEB-DL 720pRunning Time : 1 hr 35 minFormat : Mp4Genre : Drama , Horror , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Wounds (2019)
2019
6.5
Hours (2013)
Hours ဆိုတဲ့ ဇာတ်ကားကတော့ Director : Eric Heisserer ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ Drama , Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.5/10 RottenTomatoes - 60% ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး PAUL WALKER က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖခင်ဆိုသည်မှာ သူတစ်ယောက်တည်းဆိုရင် ကြောက်ချင်ကြောက်မယ် ရှောင်ပုန်းရင်ရှောင်ပုန်းမယ် ဒါပေမယ့် သူတို့ချစ်ရတဲ့သားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ဖခင်ဆိုသောသူတွေက လောကကြီးကိုတောင် ရင်ဆိုင်ပြီး ပြောင်းပြန်လှန်ပစ်ကြတတ်သူမျိုးတွေပါ.... ***ဇာတ်လမ်းအညွှန်း***ဇာတ်လမ်းကတော့ Nolan Hayes ဆိုသောအမျိုးသားတစ်ယောက်က သူ့မိန်းမ ကလေးမွေးဖွားခါနီးဖြစ်တာကြောင့် ဆေးရုံသို့အချိန်မှာ ပို့ဆောင်ခဲ့သော်လည်း ကလေးအသက်မှီပေမယ့် သူ့မိန်းမအသက်ကိုတော့ မမှီခဲ့ပေ။ ဒီ့ထက်ဆိုးတာကတော့ သူ့ရဲ့ကလေးဟာ မွေးရာပါ အသည်းပြဿနာကြောင့် ဆေးရုံမှာ အသက်ရှု အဟာရဖြည့်သွင်းစက်နဲ့ အသက်ဆက်နေရပါတယ်။တစ်နေ့မှာတော့ သူ့ကလေးဆေးရုံတင်ထားရာ New Orleansမြို့သို့ လေပြင်းမုန်တိုင်း Hurricane အပြင်းအထန်တိုက် ခတ်ပြီး လေကြီးမိုးကြီးဖြစ်တာကြောင့် လူတိုင်းက လူနာကိုယ်စီခေါ်ပြီး ထိုဆေးရုံရှိရာ New Orleans မြို့မှ ထွက်ခွာကြကုန်ပါတယ်။ဒါပေမယ့် Nolan Hayes တစ်ယောက် သူ့သမီးဖြစ်သူကလည်း ဆေးပိုက်သွင်းတာကို မိနစ်ပိုင်းတောင် ဖြုတ်ထားလို့မရတဲ့ အခါမှာဆိုရင်တော့ Nolan Hayes တစ်ယောက်ရွေးချယ်စရာနှစ်ခုသာရှိပါတော့တယ်... သူ့သမီးကို ထားခဲ့ပြီးထိုမြို့မှထွက်မလား.... သူ့သမီးနဲ့ထိုဆေးရုံမှာပဲနေပြီး သူ့သမီးအသက်ကိုကယ်ဖို့လုပ်မလား.... သူဘယ်လိုပဲရွေးချယ်ပါစေ Hurricane မုန်တိုင်းကတော့ သနားတတ်မည်မဟုတ်ပေ... ဘယ်လိုတွေ ရွေးချယ်ပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File ...
movie
Hours (2013)
2013
6.6
Barefoot (2014)
Barefoot (2014)_____IMDb - 6.6/10 ဒီဇာတ်ကားလေးက ကျွန်တော့် Favouriteကား တွေထဲက တကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb rating 6.6/10 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့် တခြားမြို့မှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့အမိန့်ချခံလိုက်ရတယ်။ ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။ ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။ အကြွေးတွေဆပ်ဖို့ပိုက်စံလည်းလို…ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ…အဖေကလည်း ဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖို့ပြောတဲ့အချိန်မှာ…ချစ်သူကလည်းရှာမရ ကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့ သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ် sex ခန်းတခန်းမှမပါပဲ Romance ဆန်ဆန်ရိုက်ကူးထားတဲ့ drama ကားကို မိမိချစ်သူရည်းစားနဲ့အတူကြည့်မယ်ဆိုရင်တော့ကြည်နှုးမှုရသအပြည့်အဝပေးစွမ်းနိုင်မှာပါ။ (ရည်စားမရှိသူများကတော့ တယောက်တည်းကြည့်ပေ့ါ….:P) (ဇာတ်ကားအညွှန်းရေးပေးသူရော . ဘာသာပြန်ပေးသူရော Channel Myanmar Team မှ Ko AP Newschool ဖြစ်ပါတယ်။)@San Win Maung File Size : 700 MB Quality ...
movie
Barefoot (2014)
2014
6.6
Thank You for Your Service (2017)
CMပရိသတ်ကြီးအတွက်လောလောလတ်လတ်ထွက်ရှိလာတဲ့ စစ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးနာမည်ကတော့ Thank U for Your Service(2017)ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအသွားလေးကတော့ အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတာရဲ့ Adamတစ်ယောက် တာဝန်တစ်နှစ်ကျော်ထမ်းဆောင်ပြီး ဇာတိ ကန်းဆက်ပြည်နယ်ကိုပြန်လာရပုံနဲ့စတင်ထားပါတယ်။ချစ်ဇနီး Saskia ရယ်၊ရင်သွေးနှစ်ယောက်ရယ်နဲ့ပျော်ရွှင်စရာဘဝလေးကိုတည်ဆောက်ဖို့ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့အဖျက်အမှောက်တစ်ခုနဲလ ကြုံလာရပါတော့တယ်။အဲ့တာကတော့ စစ်ပွဲအနိဠာရုံတွေကို ပြန်လည်အမှတ်ရနေတဲ့ စိတ်ရောဂါပါပဲ။Adamကပဲ ဒီရောဂါကိုအနိုင်ပိုင်းနိုင်မလား။နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါလို့ပဲတိုက်တွန်းလိုက်ပါတယ်။Imdb Rating 6.5 နဲ့ Rotten Tomatoes 77% ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုမြည်းစမ်းကြည့်သင့်တဲ့ကားလေးပါ။ (စကားလုံးအသုံးအနှုန်းကြမ်းတမ်းခြင်းကိုသတိပြုရန်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lex Luthor Encoded by Thanhtike Zaw
movie
2017
5.8
Oldboy (2013)
တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ... နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။ ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့ ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။ မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။File Size…(900 MB)Quality…BluRay-Rip 720pFormat…mp4 Duration…01:44:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
Oldboy (2013)
2013
6.2
Daddy’s Home (2015)
Daddy's Home (2015)_____IMDb - 6.2/10 IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB) Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay အစမ်းကြည့်ရန်
movie
Daddy’s Home (2015)
2015