Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerrigan Mahan
The Santa Clause (1994)
Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Santa Clause (1994)
5.4
Doctor Dolittle (1998)
Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie
Doctor Dolittle (1998)
1998
6.6
Ultimate Avengers: The Movie (I) (2006)
Ultimate Avengers: The Movie (I) (2006)=============================IMDb Rating - 6.6/10၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်အောင်မြင်တဲ့ Universeကြီးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း အတော်အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။Storylineကိုတော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အမေရိကကိုပြန်လည်ရှာတွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အမေရိကရဲ့ မပြီးပြတ်သေးတဲ့ မစ်ရှင်က ဒီနေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အမေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်တော်လှုပ်ရှား နေကြတဲ့ စူပါဟီးရိုးတွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 ...
movie
Ultimate Avengers: The Movie (I) (2006)
2006