Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keri Russell
7.0
Waitress (2007)
The waitress(2007)ဒီတစ်ခါတော့ IMDb 7/10, Rotten Tomatoes 89% ရရှိထားခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုဆိုတာရှိကြစမြဲပါ။ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမှာတောင် ရွေးချယ်မှုရှိနေတာပါပဲ။အရေးကြီးတာက ကိုယ့်ရဲ့ရွေးချယ်ခွင့်ကို ကိုယ်ကိုကိုယ်တိုင်ကလက်လွှတ်မခံလိုက်ဖို့ပါပဲ။ ဒီဇာတ်ကားလေးမှာတော့ ဂျန်နာဟာ သိပ်ကိုထိန်းချုပ်တတ်ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတဲ့ယောကျာ်းနဲ့ပေါင်းသင်းနေရတဲ့ပိုင်မုန့်လုပ်ရာမှာ ထူးချွန်လွန်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ပါ။သူမဘဝမှာ အမြဲလိုလို အကြောက်တရားနဲ့စိတ်ဆင်းရဲမှုတွေနဲ့ပြည့်နေတတ်ပေမဲ့ တစ်ခုတည်းသောရည်မှန်းချက်လေး ရှိနေပါသေးတယ်။ အဲဒါကတော့ ငွေစုပြီး သူ့ယောကျာ်းဆီက ထွက်ပြေးဖို့ပါပဲ။ဒါပေမဲ့ နဂိုကံဆိုးတဲ့ဘဝမှာမှ ထပ်ဆင့်ကံဆိုးပြန်ပါတယ်။အဲဒါကတော့ ကလေးရသွားတာပါပဲ။သူ့ဘဝက ကံကောင်းချင်ေတာ့ ပိုက်ဆံကောက်ရတယ်ကံဆိုးချင်တော့ ချော်လဲလို့ သုံးလိုက်ရတယ် ဆိုတာမျိုးပါပဲ။အတက်အကျမဲ့ ကံတောက်လျှောက်ဆိုးနေရာကနောက်ဆုံးတော့ သူ့ရဲ့မီးယပ်ဆရာဝန်နဲ့ ကြိုက်မိသွားပါလေရော။ဒီလိုနဲ့ တစ်ဖက်ကဆိုးလွန်းတဲ့ယောကျာ်း၊ တစ်ဖက်ကတော့နူးညံ့တဲ့ဆရာဝန်လေး၊ နောက်တစ်ဖက်ကလည်းလူသိမခံနိုင်တဲ့ ဖောက်ပြန်မှု ဒါတွေကြားဂျန်နီတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေဖန်တီးပြီးအဆုံးသတ်မှာ လွတ်မြောက်ပြီး ပျော်ရွှင်သွားနိုင်မလားဆိုတာတော့ကိုယ်တိုင်ပဲတက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။ File size… 1.8 GB / 968MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle ...
movie
Waitress (2007)
6.8
Star Wars: Episode IX – The Rise of Skywalker (2019)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode IX – The Rise of Skywalker (2019)
2019
4K HEVC
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
4.9
Honey, I Blew Up the Kid (1992)
Honey, I Blew Up the Kid (1992) =======================ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို ...
movie
Honey, I Blew Up the Kid (1992)
1992
6.9
Mission: Impossible III (2006)
2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie
Mission: Impossible III (2006)
2006
4K HEVC
6.4
Cocaine Bear (2023)
Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Cocaine Bear (2023)
6.2
Antlers (2021)
Antlers (2021) =============== IMDb Rating - 6.2/10Story telling ဆိုတာ ရှေးလူကြီးတွေရဲ့ ဓလေ့တွေ ယဥ်ကျေးမှုတွေ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို နောင်လာနောက်သားတွေဆီ ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့ပြောတဲ့နေရာမှာ တကယ့်သမိုင်း တွေသာမက fairytale တွေ၊ ဒဏ္ဍာရီတွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်ရေဂန်ဒေသက ရှေးတိုင်းရင်း အမေရိကန်လူမျိုးတွေရဲ့ ယုံတမ်းပုံပြင်တွေ အစပျိုးခဲ့တယ်။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့ခေါ်တဲ့ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံနေရတယ်။ တစ်နေ့ ဂျူလီက ပုံပြင်ပြောပြဖို့ ရေးခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်။ တခြားကလေးတွေက သာမန် နတ်သမီးပုံပြင်တွေ ပြောပေမယ့် အဲ့ကောင်လေးကတော့ မတူထူးဆန်းနေတယ်။"ဝက်ဝံ၃ကောင်ဟာ တောင်ပေါ်က အေးစက်တဲ့ ဂူမှာနေတယ် ဝက်ဝံကြီးရယ် ဝက်ဝံလေးရယ် ဝက်ဝံပေါက်လေးရယ်ပေါ့ ဝက်ဝံကြီးက အားလုံးကို စောင့်ရှောက်ရတာပေါ့ တစ်နေ့ဝက်ဝံလေးပြန်လာတော့ ဝက်ဝံကြီးနဲ့ ဝက်ဝံပေါက်လေးက ထူးဆန်းနေတယ် ဝက်ဝံကြီးက နေမကောင်းဖြစ်နေပြီး စားစရာ အသားလည်းမရှိတော့ဘူး"လူးကတ်ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီးနောက် ...
movie
Antlers (2021)
2021
6.3
Dark Skies (2013)
Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie
Dark Skies (2013)
2013
5.0
Honey I Blew Up the Kid(1992)
Honey I Blew Up the Kid(1992)ဆာလင်းစကီးဆိုတဲ့ သူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးမိန်းမရယ် သမီးလေးတစ်ယောက် သားလေး(၂)ယောက်တို့နဲ့ အတူနေထိုင်ကြတယ်...သူဟာ ကုပ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေပြီး လက်ရှိမှာတော့ သူ့ရဲ့တွေ့ရှိချက်တစ်ခုကို အကြီးအကျယ်အကောင်အထည်ဖော်ဖို့ကြိုးစားနေကြတယ်....တစ်ရက်မှာတော့ မိန်းမဖြစ်သူနဲ့ သမီးဟာ ခရီးရှည်တစ်ခုထွက်ဖို့ရှိလာလို့အိမ်မှာ သား(၂)ယောက်နဲ့အတူကျန်ခဲ့လေရဲ့...သူတို့အဖွဲ့ကြိုးစားနေတဲ့ ပရော့ဂျက်ကလည်းအောင်မြင်ဖို့ လက်တစ်ကမ်းအလိုရောက်နေပေမယ့် အခက်အခဲတစ်ခုကြောင့်ကျန့်ကြာနေကြတယ်..ဆာလင်းစကီးဟာ သူ့သားလေး (၃)နှစ်အရွယ်ကိုချော့သိပ်နေတုန်းမှာ ပရော့ဂျက်အတွက်အခက်အခဲကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုကိုတွေ့သွားတယ်...ဒါ့ကြောင့် သား(၂)ယောက်ကိုခေါ်ပြီး သိပ္ပံစမ်းသပ်ခန်းထဲကိုခေါ်သွားတယ်...အဲ့ဒီမှာ ပြဿနာအကြီးကြီးစတော့တာပဲ....ဘယ်လိုပြဿနာတွေတက်မလဲ...ဆာလင်းစကီတစ်ယောက်သူရှုတ်ခဲ့တဲ့ပြဿနာအကြီးကြီးကိုပြန်ရှင်းနိုင်ပါ့မလား...ဒီဇာတ်ကားက ရယ်လည်းရယ်ရသလိုအဲ့ဒီခေတ်က ချစ်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ညွှန်းလေးတွေကို တွေ့နေရတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein Min Tun ပဲဖြစ်ပါတယ်...File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Min Tun Encoded ...
movie
Honey I Blew Up the Kid(1992)
6.1
Bedtime Stories 2008
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie
Bedtime Stories 2008
2008
7.3
Wonder Woman (2009)
Wonder Woman (2009) IMDb - 7.3/10_____Rotten 83% Wonder Woman ဇာတ်ကားကြီး မလာခင်မှာ ကြည့်ထားနှင့်ဖို့အတွက် Animation ကားကို အရင်တင်ဆက်ပေးလိုက်ပါတယ်။IMDB 7.3 ရရှိ ထားတဲ့ အတွက် ကောင်းမွန်လှတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အထူးပြောနေစရာမလိုပါဘူး။ဇာတ်လမ်းကတော့ အမေဇုန်လို့ခေါ်တဲ့ အမျိုးသမီးသူရဲကောင်းမျိုးနွယ်စုကနေစပါတယ်။မျိုးနွယ်စု ဘုရင်မ ဟစ်ပိုလစ်တာ ဟာဆိုရင် စစ်နတ်ဖုရား အေးရီးစ် နဲ့ စစ်ဖြစ်ရာမှ အနိုင် ရရှိခဲ့ပြီး ဇုစ်ရဲ့ မေတ္တာရပ်ခံမှု့ကြောင့် အေးရီးစ် ကို မသတ်ပဲ အကျဉ်းချ ပြီး သာမစ်စကယ်ရာလို့ ခေါ်တဲ့ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ ကျွန်းတစ်ကျွန်းကို အမေဇုန် မျိုးနွယ်တစ်စုလုံးပြောင်းရွှေ့နေထိုင်ကျပါတယ် မကြာခင်မှာပဲ ဟစ်ပိုလစ်တာဟာ ထူးဆန်းတဲ့ အစွမ်းတစ်ခုနဲ့ Wonder Woman လို့ခေါ်တွင်မဲ့ ဒိုင်ယာနာကို မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာ လေးတဖြည်းဖြည်း အရွယ်ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ ကျွန်းကို တိုက်လေယာဉ် အုပ်စုမှ စတိဗ် လို့ခေါ်တဲ့ လူတစ်ယောက်က လေယာဉ် တိုက်ခိုက်မှု့ကြောင့် လေယာဉ် ပျက်ကျပြီးရောက်ရှိလာပါတယ်။ဒီမှာပဲ စတိဗ်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ချပါတော့တယ်။ စတိဗ်ကို ...
movie
Wonder Woman (2009)
2009
7.5
August Rush (2007)
August Rush (2007)_____IMDb - 7.5/10 ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ...
movie
August Rush (2007)
2007
7.2
We Were Soldiers (2002)
movie
We Were Soldiers (2002)
2002