Channel Myanmar

Kento Nakajima

Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023) 6.5
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)  သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ ...
movie

Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)

Love Like the Falling Petals (2022) 6.2
Love Like the Falling Petals (2022) Love like the falling petals (2022)(၁)ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။(၂)ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။(၃)ကြယ်မမြင်နိုင် ...
movie

Love Like the Falling Petals (2022)

2022
The Black Devil and the White Prince (2016) 6.3
The Black Devil and the White Prince (2016) [Unicode]The Black devil and The White Prince (2016)IMDb rating - 6.3/102016မှာထွက်ခဲ့ပြီး နာမည်လည်းကြီးခဲ့တဲ့ Live action movieလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ "Defying Kurosaki-kun"ရဲ့ Live actionပါ။ဇာတ်လမ်းအကျဉ်းကတော့ - အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။ သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။ ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်း အဆောင်ကိုပြောင်းလာခဲ့ပါတယ်။ကျောင်းအဆောင်သစ်မှာ "white prince"လို့တင်စားခံရတဲ့ ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ"Black devil" ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့ သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။ သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။"white prince"လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့ယု-ချန်တစ်ယောက် ...
movie

The Black Devil and the White Prince (2016)

Teen Bride (2017) 8.4
Teen Bride (2017) ပုံပြင်ထဲကမင်းသားလေးနဲ့မင်းသမီးလေး ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဆိုရင် Happy Endingလို့ဆိုကြတယ်။ဒီလိုပျော်ရွှင်စွာပေါင်းဖက်ပြီး နောက်ပိုင်းဘယ်သူမှစိတ်မဝင်စားကြတော့ပေမယ့် လစ်လျူရှုထားလို့တော့မဖြစ်ဘူးမလား?ဒီဇာတ်လမ်းလေးထဲမှာလဲ ဒီလိုပါပဲ။ မျက်နှာသစ်တာကအစ အိပ်ယာဝင်အဆုံး အိမ်ဖော်တွေnအိမ်တော်ထိန်းတွေက လိုက်လုပ်ပေးတဲ့ မင်းသမီးလေး "ကာရင်"...ပုံပြင်ထဲကမင်းသားလေးတစ်ပါးနဲ့ ပုံပြင်ဆန်ဆန်တွေ့ဆုံပြီး တစ်သက်လုံးပျော်ပျော်နေသွားမယ်ဆိုပြီးအမြဲအိပ်မက်နေပေမယ့်အသက်၁၆နှစ်ပြည့်မွေးနေ့မှာ မိဘတွေရဲ ့စီစဉ်မှုနဲက လက်ထပ်လိုက်ရတဲ့အခါ......သူမမျှော်လင့်ထားသလို ပုံပြင်ဆန်ဆန်ပျော်စရာဘဝလေးဖြစ်လာနိုင်ပါ့မလား?အစစအရာရာပြည့်စုံနေတဲ့ဘဝကနေ သျှောင်နောက်ဆံထုံးပါ ခင်ပွန်းဖြစ်သူနောက်ကိုလိုက်သွားရတဲ့အခါ ဘာတွေဖြစ်လာမှာလဲ?စတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ချစ်စရာဂျပန်ကားလေးနာမည်က Teen Bride (2018)ပါ။မင်းသားလေးကလဲ ချစ်ဖို့ကောင်း၊ မင်းသမီးလေးကလဲချစ်ဖို့ကောင်းတာမို့ ချစ်ဖို့ကောင်းလှတဲ့ ဒီဇာတ်လမ်းလေးကိုချစ်ဖို့ကောင်းတဲ့CMပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။File Size : (827 MB) and (285 MB) Quality : BluRay 720p Format…mp4 Duration…104 mins Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie

Teen Bride (2017)

2017