Channel Myanmar

Kent Cheng Jak-Si

Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

Once Upon a Time in China V (1994) 5.9
Once Upon a Time in China V (1994)  ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, ...
movie

Once Upon a Time in China V (1994)

Dr. Lamb (1992) 5.9
Dr. Lamb (1992) Dr.Lamb (1992)ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ...
movie

Dr. Lamb (1992)

1992
I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

The Brotherhood of Rebel ( 2023 ) 5.9
The Brotherhood of Rebel ( 2023 ) ဟောင်ကောင် အက်ရှင်ကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၈ နှစ်က ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာကြတဲ့ အားချီ၊ အားမောင်းနှင့် ကျင်းကျိုင်တို့ဟာ နဂါးဂိုဏ်း အစ်ကိုယို့ရဲ့ လက်အောက်ကို ဝင်ခဲ့ပါတယ်။ အစ်ကိုယို့ကလည်း သူတို့ ၃ ယောက်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လဲအစ်ကိုယို့ အောင်မြင်နေချိန်မှာ မထင်ထားပဲ ဓားသမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။အဲ့နောက်မှာတော့ အစ်ကိုယို့ တစ်ယောက် ဒုက္ခိတဖြစ်သွားရရှာပါတယ်။ အစ်ကိုယို့ ပြဿနာဖြစ်ပြီးနောက်မှာ အားချီဟာ ကုမ္ပဏီကို ဦးဆောင်ခဲ့ပါတယ်။ အားမောင်းကတော့ ပုန်းခိုနေပြီး သူ့ဇနီးနဲ့အတူ သာမန်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ကျင်းကျိုင်ကတော့ နေရာရဖို့ရန်အတွက် ပြိုင်ဖက်သူဌေးအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။အစ်ကိုယို့အတွက် ကလဲ့စားချေချင်နေတဲ့ မရီးဟာ အစ်ကိုယို့ကို တိုက်ခိုက်တဲ့ကိစ္စမှာ ညီအစ်ကို ၃ ယောက်ထဲက တစ်ယောက်နဲ့ ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါ...... ညီအစ်ကိုနဲ့ အကျိုးအမြတ်တွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အရင်က သေအတူရှင်အတူဖြစ်ခဲ့ကြတဲ့ ၃ ယောက်သား ဘယ်လိုရွေးချယ်ကြမလဲ...... သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကရော ဘယ်လို ဇာတ်သိမ်းမျိုးတွေကို ဦးတည်နေကြမလဲ...... Quality : WEB-DL 1080p ...
movie

The Brotherhood of Rebel ( 2023 )

Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ....နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Quality : HDRip 1080pFormat : mp4During : 1h 45minGenres : Action , Crime ...
movie

Once Upon a Time in Hong Kong ( 2021 )