Channel Myanmar

Kenny Endoso

Showdown in Little Tokyo (1991) 6.1
Showdown in Little Tokyo (1991)  ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie

Showdown in Little Tokyo (1991)

Hard to Kill (1990)
Hard to Kill (1990)  Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ...ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Hard to Kill (1990)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995
Blue Streak (1999) 6.3
Blue Streak (1999) Blue Streak (1999)_____IMDb - 6.3/10    Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး...   ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်.....   File Size :(1.87GB) ...
movie

Blue Streak (1999)

1999