Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kenny Bee
6.9
The Millionaires’ Express ( 1986 )
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p ( HEVC ) Format : mp4 Genres ...
movie
The Millionaires’ Express ( 1986 )
7.1
Project A: Part II (1987)
ဂျက်ကီချန်းရဲ့ နာမည်ကျော် Project A ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ပထမကားက အခဲမကြေဖြစ်နေကြတဲ့ ရန်သူတွေအပြင် ချောက်တွန်းအကွက်ချနေတဲ့ အတွင်းရန်သူတွေကိုပါ တပြိုင်နက်ဖြေရှင်းရမယ့်ဇာတ်ကားပါ။ဒီဇာတ်ကားမှာလဲ Action ခန်းတွေက တစ်သက်လုံးအမှတ်ရနေမိမယ့် အခန်းတွေချည်းပါပဲ။ဟာသရသလဲမြောက်ပြီး သရုပ်ဆောင်တွေပီပြင်မှုကြောင့် နစ်မြောပျော်ရွှင်စွာ ကြည့်ရှုရမယ့်ဇာတ်ကားပါ။(Nan Ko Ko Oo မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nan Ko Ko Oo
movie
Project A: Part II (1987)
1987
6.3
Initial D (2005)
Initial D (2005)~ IMDb rating - 6.3/10 ~ {Subtitles error fixed!!!} 1995 လောက်ကစထုတ်လွှင့်ခဲ့တဲ့ Initial D ဆိုတဲ့ Anime စီးရီးလေးကို ထိုင်ဝမ်အဆိုတော်မင်းသား Jay Chou ကပြန်လည်ရိုက်ကူးထားပြီး နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Anthony Wong နဲ့ Edison Chen တို့ပါဝင်အားဖြည့်ထားတဲ့ 2005 ခုနှစ်ထွက် တရုတ်-ဂျပန် ဖက်စပ် ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ...အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Takumi Fujiwara ဟာ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Itsuki ရဲ့ဖခင်ပိုင်တဲ့ Gas ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း သူ့ဖခင် Bunta Fujiwara ရဲ့ Toyota AE86 လေးနဲ့ Akina တောင်ပေါ်က အပန်းဖြေစခန်းတွေကို သူ့ဖခင်လုပ်တဲ့ တို့ဟူးတွေကို ပို့ပေးတဲ့အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကောင်လေးတစ်ယောက်...ကျောင်းသားလူငယ်ပီပီရင်ခုန်စရာဇာတ်လမ်းတွေရှိကြတဲ့အလျောက် Takumi မှာလည်း ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ Natsumi နဲ့ချစ်ဇာတ်လမ်းတွေအပြင်....တစ်ဖက်မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြိုင်ကားသမားဖြစ်ချင်တာကြောင့် ...
movie
Initial D (2005)
2005
7.1
The Eagle Shooting Heroes (1993)
Eagle Shooting Heroes (1993)IMDb Rating - 7.1“ သိမ်းငှက်သူရဲကောင်းများ ”Eagle Shooting Heroes ဆိုတဲ့နာမည်က မြန်မာသိုင်းရုပ်ရှင် ပရိတ်သတ်တွေအတော်များများ ရင်းနှီးပြီးသား နာမည်ပါပဲ။ သိုင်းလောကစိန်ခေါ်သံ၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ မက်မွန်မြေက ချစ်တေးတစ်ပုဒ်၊သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတဲ့ ကျင်းယုံရဲ့သိုင်းယူနီဗာ့စ်ကြီးကို လူအတော်များများ သဘောကျကြပါတယ်။ သူရဲ့တခြားသိုင်း၀တ္တုတွေကို ရိုက်ကြတဲ့ဟာတွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သွေးသစ္စာဓား၊ နှင်းတောင်သူရဲကောင်း၊ ပြန်လမ်းမဲ့ကျွန်းတို့ပေါ့။ 2000 ခုနှစ်၀န်းကျင်မှာ ကိုးနာရီမြ၀တီကားတွေ သိုင်းခွေတွေနဲ့ ကြီးလာတဲ့သူတွေကတော့ သိမ်းငှက်သူရဲကောင်း (ပထမတွဲ) ဝါ မက်မွန်မြေက ချစ်တေးတစ်ပုဒ်ထဲက သိုင်းလောကထွဋ်ခေါင်လေးယောက်နဲ့ ၀မ်ချုံရဲတို့ကို ကောင်းကောင်းရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ အခုထိလည်း အခါခါ Reboot ခံနေရတဲ့ ဇာတ်လမ်းပါပဲ။အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုံး၊ အရှေ့ပိုင်းတိတ္ထိ မက်မွန်ကျွန်းသခင်ဟွမ်၊ မြောက်ပိုင်းသူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီကုန်း၊ တောင်ပိုင်းဧကရာဇ် တွမ့်၀မ်ရယ်၊ အလယ်ပိုင်းသူတောင်စင် ၀မ်ချုံရဲစတဲ့ ကောကျင့် ...
movie
The Eagle Shooting Heroes (1993)
1993
6.5
Fist of Fury (II) (1991)
Fist of Fury (II) (1991)IMDB(6.5)တရုတ်ကွန်ဖူးရဲ့ ဂန္တဝင်မင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ဇာတ်ကား ၂ ကားကိုတင်ဆက်ပေးလိုက်ပါတယ်ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ်ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ...
movie
Fist of Fury (II) (1991)
1991
6.7
Fist of Fury (1991)
Fist of Fury (1991)IMDB(6.7) ဘရုစလီဇာတ်ကားကို အမှီပြုပြီး စတီဖင်ချောင်ရဲ့ အရသာအပြည့်နဲ့ တင်ဆက်ထားတဲ့ဇာတ်ကားပါ.. Fist of Fury ဇာတ်ကား ၁ နဲ့ ၂ နှစ်ကားထွက်ပါတယ်။ +++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ...
movie
Fist of Fury (1991)
7.1
Fagara ( 2019 )
Zawgyi*******ဒီကားလေးဟာ Imdb7.1ရရှိထားပြီး box office worldwide grossမှာ$1265940ထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ သူမအဖေရဲ့ဈာပနမှာသူမငယ်ငယ်တည်းကသိထားခဲ့တဲ့ အဖေတူအမေကွဲညီမနှစ်ယောက်နဲ့ဆုံဆည်းခွင့်ရတဲ့အခါ... သူမချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့အပြင်ဟော့ပေါ့ဆိုင်ကိုလက်လွှဲယူဖို့ဖြစ်လာတဲ့အခါ...သူတို့သားအဖကြားမှာ အတိတ်ကအထင်လွဲမှားမှုတွေ...နားမလည်ပေးနိုင်မှုတွေအများကြီးရှိနေတာကိုသိမြင်လိုက်ရပါတယ်....ဇာတ်လမ်းတစ် ခုလုံးအနေနဲ့ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့သူတွေကိုစိတ်ထဲကပေးဆပ်နေရုံနဲ့မပြီးပဲ သေချာထုတ်ဖော်ပြသဖို့လိုအပ်ပါတယ်...ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို မှန်ကန်စွာဖော်ပြတတ်ဖို့လိုအပ်ပြီးပျော်ရွှင်မှုတွေရယူနိုင်ဖို့နဲ့မရှိတော့မှနောင်တရရင်နောက်ကျသွားမယ်ဆိုတဲ့အသိလေးကိုမီးမှောင်းထိုးပြနေတာပါ... Unicode*******ဒီကားလေးဟာ Imdb7.1ရရှိထားပြီး box office worldwide grossမှာ$1265940ထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ သူမအဖေရဲ့ဈာပနမှာသူမငယ်ငယ်တည်းကသိထားခဲ့တဲ့ အဖေတူအမေကွဲညီမနှစ်ယောက်နဲ့ဆုံဆည်းခွင့်ရတဲ့အခါ... သူမချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့အပြင်ဟော့ပေါ့ဆိုင်ကိုလက်လွှဲယူဖို့ဖြစ်လာတဲ့အခါ...သူတို့သားအဖကြားမှာ အတိတ်ကအထင်လွဲမှားမှုတွေ...နားမလည်ပေးနိုင်မှုတွေအများကြီးရှိနေတာကိုသိမြင်လိုက်ရပါတယ်....ဇာတ်လမ်းတစ် ခုလုံးအနေနဲ့ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့သူတွေကိုစိတ်ထဲကပေးဆပ်နေရုံနဲ့မပြီးပဲ သေချာထုတ်ဖော်ပြသဖို့လိုအပ်ပါတယ်...ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို မှန်ကန်စွာဖော်ပြတတ်ဖို့လိုအပ်ပြီးပျော်ရွှင်မှုတွေရယူနိုင်ဖို့နဲ့မရှိတော့မှနောင်တရရင်နောက်ကျသွားမယ်ဆိုတဲ့အသိလေးကိုမီးမှောင်းထိုးပြနေတာပါ...
movie
Fagara ( 2019 )
2019
6
House of the Rising Sons ( 2018 )
ဒီကားလေးဟာ Imdb6ရထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်1970ဝန်းကျင်လောက်ကအောင်မြင်ကျော်ကြားပြီး အသက်ကြီးသည်အထိလက်တွဲမဖြုတ်ခဲ့ကြတဲ့ ရော့ဂီတအဖွဲ့ Wynnersအကြောင်း တင်ဆက်ဖော်ပြထားတာပါ...သူတို့ရဲ့အောင်မြင်ကျော်ကြားမှုဆီလျှောက်လှမ်းရာလမ်းဟာပန်းခင်းသောလမ်းမဟုတ်ခဲ့ပါဘူးကျောင်းသားဘဝက သူတို့တိုက်ခန်းမှာသီချင်းလေ့ကျင့်ရင်းပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုတွေကိုခံယူခဲ့ရပါတယ်..မိဘတွေရဲ့နားမလည်ပေးမှုတွေ..အခက်အခဲပေါင်းများစွာကိုဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲ...သူတို့တွေအောင်မြင်မှုရချိန်မှာဘယ်လိုပြသနာတွေကိုထပ်ပြီးကြုံတွေ့ရမှာလဲ..ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်....ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှုတွေ..အခက်အခဲ ပြသနာမျိုးစုံတွေကို တွေ့မြင်ရမှာဖြစ်ပြီးရင်ထဲထိစေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ အရမ်းကိုသဘောကျမိပါတယ် Translated & Review By Phyo ZawEncoded By LK
movie
2018