Channel Myanmar

Kenneth Fok

Serenity (2019) 5.5
Serenity (2019)  တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ..ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကိုဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီးငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကိုငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက်သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင်ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန်ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက်သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကိုသူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကိုနှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီးသတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆိုလာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်းလုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလားဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလားဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေအများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB/888MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Drama , Mystery Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Serenity (2019)

Safe House (2012) 6.7
Safe House (2012) Safe House (2012)Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီးDenzel  ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထားတစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာအပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ...။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:54:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Safe House (2012)

The Dark Tower (2017) 6.0
The Dark Tower (2017) ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie

The Dark Tower (2017)

2017
4K HEVC
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Escape Room (2019) 6.4
Escape Room (2019) Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင်တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။Review (Minor Spoiler alert) … Minor Spoiler alert လု့ိသာ တပ်ထားတာပါ။ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot ...
movie

Escape Room (2019)

2019
Eye in the Sky (2015) 7.3
Eye in the Sky (2015) Eye in the Sky (2015) IMDb - 7.3/10_____Rotten - 95%    The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ် ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ် ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့် သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေ commander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ... သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ် ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက် မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်က ပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက် နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲ ထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲ သာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့ အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကား တကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်........   File Size - 1.15 GB and 736 MB Quality - BluRay 720p, 5.1CH and HD 720p File Type - mkv ...
movie

Eye in the Sky (2015)

2015
Five Fingers for Marseilles (2018) 7.5
Five Fingers for Marseilles (2018) လွန်ခဲ့တဲ့နှစ်ပေါင်း၂၀က မာဆေးလ်မြို့နားမှာရှိတဲ့ မီးရထားလမ်းလို့အမည်ရတဲ့လူတွေစွန့်ပစ်ထားတဲ့နေရာလေးမှာ နေထိုင်ကြတဲ့လူတွေဟာရဲတွေရဲ့ဖိနှိပ်နှိမ်ချစော်ကားမှုတွေကို ခံရလျက်ရှိပါတယ်...အဲ့မီးရထားလမ်းဒေသမှာ "Five Fingers" အမည်ရှိဆယ်ကျော်သက်၅ယောက်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့လေးတစ်ဖွဲ့ရှိခဲ့ပါတယ်...အဲ့အဖွဲ့ထဲမှာ အသန်မာ၊ အထက်မြက်ဆုံးကတော့တာအူလို့ခေါ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပေါ့...တစ်နေ့မှာတော့ အကျင့်ပျက်ရဲနှစ်ယောက်ဟာ သူတို့အဖွဲ့ထဲကလယ်ရာတိုလို့ခေါ်တဲ့ကောင်မလေးကို ဖမ်းဆီးသွားတဲ့အတွက်ကြောင့်မို့တာအူဟာ သူတို့နောက်လိုက်ရင်းနဲ့ အဲ့ရဲနှစ်ယောက်ကိုဒေါသတကြီးနဲ့ သတ်ပစ်ခဲ့မိပါတယ်...အဲ့အဖြစ်အပျက်ကြောင့် တာအူလဲ သူ့သူငယ်ချင်းများကိုထားခဲ့ပြီးအကြောက်တလန့်နဲ့ထွက်ပြေးသွားခဲ့ပါတယ်...နှစ်၂၀ကြာပြီးယခုအချိန်မှာတော့ တာအူထောင်ထဲကနေထွက်လာပါတော့တယ်..သူ့ရဲ့မွေးရပ်ဇာတိကို အပြန်လာမှာတော့ မာဆေးလ်မြို့လေးကို ငြိမ်းချမ်းရေးရပြီးလွတ်လပ်နေပြီလို့ထင်မြင်နေမိပါတယ်...သူ့ရဲ့သူငယ်ချင်းတွေကလဲမြို့ရဲ့အထင်ကရလူတွေဖြစ်လို့နေပါတယ်...ဒါပေမယ့် လယ်ရာတိုနဲ့အတူ သူ့ရဲ့သားဆီဇွီကိုပြန်တွေ့အပြီးမှာတော့မာဆေးလ်မြို့ဟာ သူထင်သလိုငြိမ်းချမ်းနေတာမဟုတ်ဘဲဘေးအန္တရာယ်ခြိမ်းခြောက်မှုတစ်ခုလက်အောက်ရောက်ရှိနေသည့်အပြင်သူ့သူငယ်ချင်းတွေဟာလဲ အရင်နဲ့မတူတော့ဘဲပြောင်းလဲသွားတာကို သိရှိသွားပါတော့တယ်...သူ့အနေနဲ့ "Five Fingers" အဖွဲ့ကိုပြန်လည်ထူထောင်ပြီး မာဆေးလ်မြို့ကိုဘယ်လိုကယ်တင်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး File Size : (948MB) and (286 ...
movie


2017