Channel Myanmar

Kenneth Collard

Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
She Will (2021) 5.4
She Will (2021) She will (2021)===========ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror ...
movie

She Will (2021)

2021
Anna Karenina (2012) 6.6
Anna Karenina (2012) Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie

Anna Karenina (2012)

2012
Fanny Lye Deliver’d (2019) 6.1
Fanny Lye Deliver’d (2019) Fanny Lye Deliver'd (2019)====================IMDb Rating - 6.1/10#Unicodeကျွန်တော် ဒီကား ကြည့်ပြီး သိလာရတာ နှစ်ခုဘဲရှိတယ် . တစ်ခုက ဘာသာရေးကို ခုတုံးလုပ်ပြီးအာဏာကိုအသုံးချတာရယ်။ သဘာဝဟာ သဘာဝအတိုင်းဘဲ ဖြစ်နေတယ်ဆိုတာရယ်။ ဒီကားက၁၆၆၀ ဝန်းကျင်ကိုရိုက်ကူးထားတာ။ ကပ္ပတိန်ဂျွန်က ဘာသာရေးသမား။ မိန်းမနဲ့ ကလေး တစ်ယောက်ရှိတယ်။ ကလေးကိုလဲ ဘာသာရေးနဲ့ဘဲ လမ်းညွှန်ဆုံးမတယ်။ တစ်နေ့တော့ သူတို့ လယ်ထဲစုံတွဲတစ်တွဲရောက်လာတယ်။ အင်္ကျီတွေတောင်မပါဘူး။ သူတို့ ဘယ်သူတွေလိုက်လို့ ထွက်ပြေးလာတာလဲ။ အဲဘက်ခေတ်မှာ sex ဆိုတာက ပွင့်ပွင့်လင်းလင်းမရှိသေး။ အထူးသဖြင့် အဲလိုကိစ္စမျိုးကိုမိစ္ဆာအယူလိုသတ်မှတ်ကြတယ်။ အဲဘက်ခေတ် ခရစ်ယာန် ဘာသာရေးအယူအဆတွေ။ ပြီးတော့ဘာသာရေးခုတုံးလုပ် အာဏာသုံး သတ်ဖြတ်တာတွေ။ ယောကျ်ားမိန်းမ ခွဲခြားမှုတွေ ဒီကားမှာ မြင်ရပါလိမ့်မယ်။Ps: ဘာသာပြန်သူက ခရစ်ယာန်မဟုတ်တဲ့အတွက် အမှား လိုအပ်ချက်များရှိခဲ့ရင် နားလည်ပေးပါ။(ဒီကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z ...
movie

Fanny Lye Deliver’d (2019)

2019
Ironclad (2011) 6.1
Ironclad (2011) (Unicode)IMDB 6.1RT 4.2၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ...
movie

Ironclad (2011)

2011