Channel Myanmar

Ken James

Fly Away Home (1996) 6.9
Fly Away Home (1996) အေမီ အော်လ်ဒန်ဟာ မိခင်ဖြစ်သူကိုမတော်တဆမှုမှာဆုံးရှုံးခဲ့ရပြီးနောက် ကွာရှင်းထားတဲ့ဖခင်ဖြစ်သူ သောမတ် အော်လ်ဒန်နဲ့ကနေဒါမှာလိုက်နေရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ တနေ့မှာသူမရဲ့အိမ်ဘေးစိမ့်တောထဲမှ ကနေဒါဘဲငန်းဥလေးတွေကိုဖျက်စီးခံရမယ့်အရေးကနေကယ်တင်ခဲ့တာကနေဖခင်ဖြစ်သူနဲ့အတူ သူတို့ကိုကြီးပြင်းတဲ့အထိမွေးမြူဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ကနေဒါဘဲငန်းတွေဟာရွှေ့ပြောင်းကျက်စားတဲ့မျိုးနွယ်ဖြစ်သည့်အတွက် ဆောင်းရာသီမှာတောင်ဘက်ကိုဆင်းဖို့လိုအပ်လာခဲ့ပါပြီ။အေမီအတွက်ကတော့မိုင်500ကျော် ခရီးရှည်ကြီးကိုဖခင်ဖြစ်သူနဲ့အတူ အသေးစားလေယာဉ်နှစ်စီးနဲ့ဒီဘဲငန်းတွေကိုဘေးမသီရအောင်လမ်းပြဖို့လိုအပ်လာခဲ့ပါတယ်။ အေမီတို့ရဲ့ ခရီးမစခင် အခက်အခဲတွေ လမ်းတလျှောက်ကအတွေ့အကြုံတွေနဲ့ အေမီနဲ့သူ့ဖခင် ဒီဘဲငန်းလေးတွေအကြားကချစ်ခြင်းမေတ္တာတွေကိုရှုစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဤဇာတ်လမ်းမှာဖန်တီးမှုသာဖြစ်သော်လည်း ဘဲငန်းများကို လေယာဉ်အပေါ့စားများနှင့်စားကျက်သို့လမ်းပြခဲ့ခြင်းမှာ အစစ်အမှန်ကြိုးစားအောင်မြင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပါသည်။ File size…(1.91GB)  / (1.38GB) / (639MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:47:00 Genre...Adventure / Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Brackman
movie

Fly Away Home (1996)

Cinderella Man(2005) 8.0
Cinderella Man(2005) Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie

Cinderella Man(2005)