Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keke Palmer
Barbershop 2: Back in Business (2004)
ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့...နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Comedy, Drama Subtitle….Myanmar ...
movie
Barbershop 2: Back in Business (2004)
Animal (2014)
ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။File size…(1.4 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:22:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Animal (2014)
This Is Me…Now (2024)
ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ...
movie
This Is Me…Now (2024)
6.5
Ice Age: Continental Drift (2012)
ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း နေတဲ့ ရှဉ့်လေးကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲနေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ကျသွားပြီး သူ့ရဲ့ဂယက်ကြောင့်ပဲ ကမ္ဘာဦးခေတ်ရဲ့ ကုန်းမြေတွေ တစ်စစီပြိုကွဲသွားကာ ယနေ့ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်းတွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်ရောက်မှုကို အဓိကခံခဲ့ရတာက ကမ္ဘာပေါ်က တိရစ္ဆာန်တွေ ဖြစ်ပြီး မြေလွှာပြတ်ရွေ့မှုတွေကြောင့် နေရပ်ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အဝေးကိုရောက်သွားခဲ့တာကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြအဖွဲ့ရဲ့ အန္တရာယ် တွေကို ကျော်ဖြတ်ဖို့ကြိုးစားမှုတွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ character အသစ်တွေအဖြစ် ဒီယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမလေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာကြောင့် အလွဲအချော်တွေ၊ဟာသတွေနဲ့ Ice ageတွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ File size… ...
movie
Ice Age: Continental Drift (2012)
2012
4K HEVCHDR
5.7
Ice Age: Collision Course (2016)
ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း တွေ့ကာ အာကာသထဲရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်တွေကြောင့်ပဲ ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲကနေတဆင့် နောက်ထပ်ဥက္ကာခဲတွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အရေးအထိ ကြုံလာရပါတော့တယ်။ဒါကြောင့် မန်နီ ဆစ် ဒီယေဂိုတို့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီးလေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ ကြိုးစားလာတာကြောင့် သမီးကို တုန်နေအောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှမြောလည်းနှမြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်လောင်းကို ဘုကလန့်တိုက်ပုံတွေက အတော်လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequelတွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်ပေမဲ့ franchiseကြီးတစ်ခုလုံးကို အကောင်းဆုံး ပိတ်သိမ်း ပေးနိုင်ခဲ့တဲ့၊ ကျွန်တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို ...
movie
Ice Age: Collision Course (2016)
2016
4K HEVCHDR
7.3
Under the Boardwalk (2023)
Under the Boardwalk (2023)~ IMDb - 7.3/10, Rotten Tomatoes - 90% ~ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး လောကကြီးကို ရင်ဆိုင်ရဲဖို့ ...
movie
Under the Boardwalk (2023)
2023
7.3
Nope (2022)
Nope (2022)စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p ...
movie
Nope (2022)
2022
6.7
Cleaner(2007)
Cleaner(2007) အညွှန်း********************ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက်မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်းအရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင်တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Cleaner(2007)
5.3
Lightyear (2022)
Lightyear (2022) =============ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့ ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ပါတယ်။အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး အန်ဒီက အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တဲ့သူပါ။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(5.8GB) / (1.81 GB) / (900 MB) / (514 MB) Quality............WEB-DL 4k HEVC / 1080p ...
movie
Lightyear (2022)
2022
4K HEVC Web-DL
6.4
Halftime (2022)
Halftime (2022)ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB ...
movie
Halftime (2022)
2022
6.5
Alice (2022)
Alice (2022) ဇာတ်လမ်းအညွှန်း"တော်လှန်ရေးသမားတွေကိုထောင်ချလို့ရချင်ရမယ်...တော်လှန်ရေးကိုတော့ထောင်ချလို့မရနိုင်ပါဘူး။"အမေရိကားလို နိုင်ငံကြီးမှာ ဟိုးအရင်ကတည်းက ကျွန်စနစ်တွေ၊ လူဖြူလူမည်းပြဿနာတွေ ရှိခဲ့တာ အားလုံးအသိပါပဲ။ သမ္မတ လင်ကွန်း လက်ထပ်မှာတော့ ဒီလိုကိစ္စတွေကြောင့်ပဲ မြောက်ပိုင်းနဲ့ တောင်ပိုင်း နှစ်ခြမ်းကွဲကာ အမေရိကန်ပြည်တွင်းစစ်ကြီး ထဖြစ်တဲ့အထိပါပဲ။ နောက်ပိုင်းမှာတော့ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို အလေးထားပြီး ယဥ်ကျေးတဲ့ လူအဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့အတွက် ဦးတည်လာကြကာ ကျွန်စနစ်ဆိုတာကြီးကို တိုက်ဖျက်နိုင်ခဲ့ကြပါတယ်။ဟုတ်ပြီ၊ ဒါဆိုရင် ကျွန်တော်တို့ ဒီဇာတ်ကားလေးအကြောင်းကို နည်းနည်းလောက် မြည်းစမ်းကြည့်ကြရအောင်။ဂျော်ဂျီယာပြည်နယ် ကျေးလက်ဒေသ တစ်ခုရဲ့ အိမ်ကြီးတစ်လုံးမှာတော့ အခုချိန်ထိ ကျွန်စနစ်ပျက်သွားတာကိုမသိဘဲ ကျွန်ပြုခံထားရသူတွေ ရှိနေသေးပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ထားတာ ကို ခံနေရပြီး၊ အပြင်လောကကြီးအကြောင်း ဘာမှကို မသိသူတွေပါ၊ အဲဒီအိမ်ကြီးရဲ့ ကျွန်ပြုခံထားရတဲ့ လူတွေထဲမှာ အဲလက်စ်ဆိုသူ အမျိုးသမီးဟာ ဒီနေရာကနေ ထွက်ပြေးပြီးတော့ လွတ်လပ်မှုကိုရှာဖွေချင်သူတစ်ဦးပါ။သူတို့ကို ပိုင်ဆိုင်ထားသူ သခင်ရဲ့ရက်စက်မှုတွေကို တော်လှန်ချင်သူပါ။ တစ်နေ့မှာတော့ ...
movie
Alice (2022)
6.4
Hustlers (2019)
(Unicode)ဒီကားလေးကတော့ IMDb 6.5/10 Rotten Tomatoes 88% Google User 77%တောင်ရတထားတဲ့ DRAMA/COMEDY/THRILLER/CRIME ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.ဒီကားလေးမှာတော့ ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ကိုပညာပေးအနေနဲ့ ရိုက်ကူးတင်ပြထားပါတယ်.ဒီကားမှာ နာမည်ကြီး အဆိုတော် Jennifer Lopez ပါ၀င် သရုပ်ဆောင်ထားပြီး တခြား အနုပညာရှင် များစွာလဲ ပါ၀င်ပါတယ်.ဒီကားလေးက ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ ခက်ခဲကြမ်းတမ်းမှုတွေ , မိသားစု အဆင်မပြေမှုတွေကို ရိုက်ကူးတင်ပြထားပါတယ်.ဝေါစတရိက လူတွေကို အားကိုးပြီး စီးပွားရှာနေရတဲ့ သူတို့လေးတွေဟာ အမေရိကန် စီးပွားရေးအလှည့်အပြောင်းကြောင့်စီးပွားရေးပျက်စီးသွားရတဲ့အခါ ဘယ်လို ဘ၀ကို ရင်ဆိုင်ပြီး ဘယ်လို ချမ်းသာလာအောင် လုပ်တယ်ဆိုတာကို စိတ်၀င်တခြားကြည့်ရှုရမှာပါ .....က ဖော်ချွတ်အကမယ်ကားဆိုပေမယ့် ၁၈+ ဇာတ်၀င်ခန်းတွေ မပါတဲ့အတွက် အသက်အရွယ်မရွေးကြည့်နိုင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
Hustlers (2019)
5.8
Pimp (2018)
"Pimp" ဆိုတဲ့ ဒီဇာတ်ကားမှာတော့ဝင်းစဒင်းလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်...တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုတဲ့အတိုင်းသူဟာပြည့်တန်ဆာခေါင်းအဖေနဲ့ ပြည့်တန်ဆာအမေတို့အနားမှာနေပြီးငယ်စဉ်ကတည်းကပင် မကောင်းတဲ့အရာများကိုသင်ယူတတ်မြောက်ခဲ့ရပါတယ်...သူ့မှာသူချစ်ရတဲ့ကောင်မလေးနစ်ကီလဲရှိပါသေးတယ်...သူ့အဖေသေဆုံးပြီးနောက်ပိုင်းမှာတော့ ကျန်ရှိနေတဲ့သူ့အမေနဲ့နစ်ကီကို ပြည့်တန်ဆာခေါင်းအဖြစ်အလုပ်လုပ်ပြီးစောင့်ရှောက်ခဲ့ပါတယ်...နစ်ကီနဲ့သူ့ရဲ့ အိပ်မက်လေးတွေ ပြည့်ဝဖို့အတွက်၊သူ့အမေကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့အတွက် ၀င်းစဒင်းဟာ ပိုက်ဆံနောက်ကိုပဲအလိုက်လွန်ရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့...(အရွယ်မရောက်သေးတဲ့လူများဒီကားကိုမကြည့်သင့်ပါဘူးနော်...) File Size : (811MB) and (232 MB) Quality : Web DL 720p Running Time :1hr 26min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by MiKi Encoded by Moe Myint Lwin
movie
Pimp (2018)
2018