Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keir Gilchrist
6.3
The Good Neighbor (2016)
The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie
The Good Neighbor (2016)
6.1
Dead Silence (2007)
Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်....ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ....🤐၁မိနစ်အတွင်းလေးနော်...😳 အစက အဲ့လောက်ထိကို....မတွေးထား မထင်ထားတာပါ... ...
movie
Dead Silence (2007)
6.8
It Follows (2014)
It Follows (2014) Horror, Mystery . --- Storyline --- It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကားတွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ ...
movie
It Follows (2014)
2014
4K HEVC
7.1
It’s Kind of a Funny Story (2010)
2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie
It’s Kind of a Funny Story (2010)
6.9
An Intrusion (2021)
An Intrusionလျှို့ဝှက်သည်းဖို ဇာတ်လမ်းမျိုးနှစ်သက်သူတို့ ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ ခရစ်စမတ်လည်း နီးလာပြီဆိုတော့ ခရစ်စမတ်ကာလနောက်ခံဇာတ်လမ်းမျိုးလည်း ကြည့်ချင်မှာပေါ့ ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါခရစ်စမတ်အားလပ်ရက်... ခရစ်စမတ်အားလပ်ရက်ဆိုတာ ချမ်းအေးတဲ့ ဆောင်းရာသီမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေး နေရမယ့် အချိန်လေးပေါ့ ခရစ်စမတ်သီချင်းတွေ သီဆိုရင်း ဘုရားကျောင်းတက်ရင်း ခရစ်စမတ်လက်ဆောင်တွေ အပြန်အလှန်ပေးရင်း မိသားစုတွေ စုံစုံညီညီပျော်ပျော်ပါးပါး နေရမယ့် အချိန်ပေါ့ ။ဒါပေမယ့် .... ဆမ်တို့မိသားစုရဲ့ ခရစ်စမတ်ကတော့ ပျော်စရာကောင်းရမယ့်အစား စိတ်ခြောက်ခြားစရာကောင်းလွန်းတယ် အမည်မသိ ထူးဆန်းတဲ့ stalker တစ်ယောက်က သမီးဖြစ်သူ ရေဘက်ကာကို စနှောင့်ယှက်ရာကနေ စပါတယ် ဘာကြောင့်လဲမသိ ဘယ်သူလဲမသိနဲ့ ဆမ်တစ်ယောက် မိသားစုကို ဘယ်လိုကာကွယ်သွားမှာလဲ ? ဆမ်ကရော stalker ကို ရှာဖွေရင်း ဘယ်လိုအမှားတွေကျူးလွန်မိမလဲ ? Stalker ကရော ဘာကြောင့်လိုက်နှောင့်ယှက်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__(1.75GB) / (950MB) Quality__1080p, ...
movie
An Intrusion (2021)