Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kees DeVos
The American Society of Magical Negroes (2024)
အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီးတိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းကအားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့်အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက်ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေမှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီးလူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကိုတွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာမထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက်သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကိုရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင်ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The AmericanSociety Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာသွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလိုဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်းအလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုးအမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့အစည်းရဲ့ အဓိကတာဝန်ကတော့ ...
movie
The American Society of Magical Negroes (2024)