Channel Myanmar

Keeley Hawes

Flashbacks of a Fool (2008) 6.8
Flashbacks of a Fool (2008) Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Flashbacks of a Fool (2008)

Scoop (2024) 6.6
Scoop (2024)  ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး"အဲလစ်ဇဘတ်"ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား"အန်ဒရူး" ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား"အန်ဒရူး"ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်ဒီဇာတ်ကားကတော့ မင်းသား"အန်ဒရူး"ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ် ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ "Biography Film"လေးပါ File size…(1.15 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Scoop (2024)

Rebecca(2020) 7.0
Rebecca(2020) Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre :  Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie

Rebecca(2020)

Misbehaviour (2020) 5.9
Misbehaviour (2020) 1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးကအချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကိုယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်းဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 993 MB , 362 MB) Quality : WEBRip 720p Running Time : 1 hr 46 min Format : Mp4 Genre ...
movie

Misbehaviour (2020)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015