Channel Myanmar

Keara Graves

The Price of Perfection (2022) 5.7
The Price of Perfection (2022) ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ ...
movie

The Price of Perfection (2022)