Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kean Cipriano
Kampon (2023)
Kampon 2023အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူး ပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့် ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ် ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ် တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီး တကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာအညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror, Thriller Quality…. 1080p | 720p File size… 901MB | 481MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie
Kampon (2023)
2023
6.3
Wish You Were The One (2023)
Wish You Were The One (2023)~ IMDb - 6.3/10, MyDramaList - 7.5/10 ~လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ "အက်စရွတ်" ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။"အဲလစ်"ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှလေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ...
movie
Wish You Were The One (2023)
2023
7.6
Seven Sundays (2017)
Seven Sundays 2017 IMDB 7.6/10သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရအောင် ပေးစွမ်းပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ ...
movie
Seven Sundays (2017)
6.8
On Vodka, Beers, and Regrets(2020)
On Vodka, Beers, and Regrets(2020)Jane ကအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ကလေးဘဝတည်းက ပါရမီပါခဲ့သူပါ..ဒါပေမယ့် တခြားသရုပ်ဆောင်တစ်ယောက်နဲ့ ကောလဟာသတင်းထွက်ပြီးနောက်မှာတော့သူ့မရဲ့သရုပ်ဆောင်လမ်းကြောင်းပျက်စီးသွားခဲ့ရပါတယ်....အဲ့အချိန်ကစပြီး အရက်ကိုပိုမိုစွဲလန်းလာပြီး အချစ်ရေးမှာရော သူမရဲ့အနုပညာလမ်းကြောင်းမှာပါ...ဆုံးဖြတ်ချက်တွေမှားယွင်းချမှတ်ခဲ့ပြီး ပြဿနာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတော့တယ် ...တစ်နေ့မှာတော့ ဘားတစ်ခုမှာအရက်သောက်သောက်ရင်း Brisom ဆိုတဲ့ band ကအဆိုတော်လေး Francis ဆိုတဲ့လူနဲ့စတင်ဆုံတွေ့ခဲ့ပါတော့တယ် ...Francis ဟာသူမရဲ့ဘဝကိုအလင်းတန်းယူဆောင်လာပေးပြီး အမှောင်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ....အေးအေးလေးနဲ့ ဇာတ်လမ်းထဲစီးမြောခံစားသွားရမယ့် ဖိလစ်ပိုင်အချစ်ဇာတ်ကားလေးပါ...အရက်ဖူးစာလို့ပြောရမလားမသိ...ခံစားကြည့်ကြပါဉီး...File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
On Vodka, Beers, and Regrets(2020)
6.0
All of You(2017)
movie
All of You(2017)