Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kazuya Takahashi
6.0
Between the White Key and the Black Key (2023)
ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ,ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie
Between the White Key and the Black Key (2023)
7.4
After the Storm (2016)
After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie
After the Storm (2016)
2016
7.2
[18+]Wilderness: Part 1(2017)
[18+]Wilderness: Part 1(2017)***************************လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံးအရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်....ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်...အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာFile Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
[18+]Wilderness: Part 1(2017)
5.1
Suicide Forest Village (2021)
Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie
Suicide Forest Village (2021)
7.9
Still Walking (2008)
Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating - 7.9/10ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ ...
movie
Still Walking (2008)
2008
6.2
Family of Strangers (2019)
Family of Strangers------------------------------------သွေးသားတော်စပ်သူတွေကို မိသားစုလို့ခေါ်ကြတယ်သွေးသားမတော်စပ်ပေမယ့်မိသားစုထပ်ပိုနွေးထွေးတဲ့သူတွေနဲ့ ကြုံဖူးကြလား??အရပ်သုံးစကားကတော့ ရပ်ဆွေရပ်မျိုးပေါ့အဲ့လိုဆိုပေမယ့်လည်း သွေးသားအချင်းချင်းကိုညှင်းပန်းနှိပ်စက်ပြီး ရိုင်းစိုင်းတဲ့သူတွေလည်းရှိကြတာပဲဒီကားထဲမှာတော့ လူသတ်ပြီးကြိုးပေးတာမသေလို့စိတ်ကျန်းမာရေးဆေးရုံရောက်နေတဲ့လူကြီးရယ်ဆေးသုံးလွန်ပြီး ကြောင်နေလို့ရောက်လာတဲ့လူရည်လည် ကောင်လေးရယ်ပထွေးကအနိုင်ကျင့်တာကိုဘယ်သူ့အကူအညီမှမရပဲသတ်သေချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးရယ်တို့ကစိတ်ကျန်းမာရေးဆေးရုံမှာဆုံကြရင်းကအချင်းချင်းနွေးထွေးကြတဲ့ဆက်ဆံရေးလေးကိုကြည့်ရမှာပါသွေးမတော်သားမစပ်ပေမယ့်ဘဝတူတွေမို့ ကိုယ့်သွေးသားမိသားစုလိုအတူတူလိုက်ပါ ခံစားနာကျင်ထိခိုက်ပြီးတတ်နိုင်တဲ့ဘက်ကကူညီကြတဲ့ရိုးရှင်းတဲ့ မေတ္တာတရားအေးချမ်းတဲ့မေတ္တာတရားကိုဘာအထူးတလည်မွမ်းမံမှုမှမရှိပဲနဲ့ရင်ထဲရောက်အောင် ရိုက်ကူးပြသထားတာကြောင့်အသေးစိတ်ကအစ ရင်ထဲခံစားရစေမှာပါ....ဒီလိုကပ်ဘေးကာလမှာ နှလုံးသားကိုလဲအာဟာရကျွေးဖို့လိုတာကြောင့် နှလုံးသားအာဟာရမိသားစုဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါဦးဒါကြောင့် သေချာလေးကြည့်ပြီးခံစားလိုက်ပါဦးနော်..IMDB 6.2 ရထားပြီး castingပိုင်းမှာလဲဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီး နနကိုမတ်စုလေးကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားကြောင့်ကြည့်ရှုသူ ပရိသတ်တို့ သရုပ်ဆောင်ပိုင်းမှာလဲ နှစ်ခြိုက်ကြမှာပါ...အညွှန်းနဲ့ဘာသာပြန်ကိုတော့ ThinZar Htet မှခံစားရေးသားပေးထားပါတယ် Translated by : ThinZar HtetEncoded by : YKQuality :720p HDTV x264 AAC5.1File Size : 1.2GBSubtitles : Myanmar (Hardsub)
movie
Family of Strangers (2019)
2019
7.8
Like Father, Like Son (2013)
Like Father, Like Son(2013) IMDb.....7.8,,,,Rotten.....87% ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်...အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်.....အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင်ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့ အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကိုပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်...တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်....လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့......မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ....အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်....ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်...ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ....ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ...ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့.....ကလေးချင်းပြန် လဲမှာလား.....ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေကမလုပ်ရက်ပြန်....မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင် ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်.....Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ...ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆိုဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်...ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်.....ငါဆိုရင်ရော ဘယ်လိုလုပ်မလဲ....အကောင်းဆုံးဖြစ်အောင် ...
movie
Like Father, Like Son (2013)
2013