Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kaye Abad
6.1
A Journey (2024)
ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကိုကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflixတန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီးအဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကားလေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ်လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင်တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီးကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပိုဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကိုထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကိုလိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်းရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲကဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်းလုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်းတူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကိုအချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား..လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရောဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကိုလိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.47GB / ...
movie
A Journey (2024)