Channel Myanmar

Kavya Shetty

Love Li (2024) 7.5
Love Li (2024) Love Li (2024)"မီးတောက်" ======================ကန်နာဒါရုပ်ရှင်တွေမှာ ဗီလိန်နေရာက သရုပ်ဆောင်တာများတဲ့ မင်းသား ဗာဆီရှ်သာဆင်မ်ဟာ ဇာတ်လိုက်နေရာကရိုက်ထားတဲ့ အသစ်ထွက် ရိုးမန့်စ်အက်ရှင် ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆီရှ်သာဟာဆိုရင် K.G.F လို ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာက ပါဝင်ဖူးသူဖြစ်တဲ့အတွက် ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့် နာမည်ကြီးနေပြီဖြစ်တဲ့မင်းသားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းကတော့.. သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခုဝာ်ဖြဝာ်တဲ့ထိကြမ်းတဲ့၊ ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိဘမဲ့ မိုက်ရူးရဲတစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့ လက်ထပ်ပြီး အခြေချဖို့ကြိုးစားနေတုန်းမှာ အခြေအနေအရပ်ရပ်က သူ့ကို ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင် တွန်းပို့တဲ့အတွက် ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို တောင်ပိုင်းကားဆန်ဆန် မြင်တွေ့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရော၊ နောက်ခံတီးလုံးတွေရော၊ အက်ရှင်ခန်းတွေရော တော်တော်လေး မဆိုးလှတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် စီအမ်ဘောလိဝုဒ်တီးမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.5GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Love Li (2024)

2024
Gurtunda Seetakalam (2022) 7.8
Gurtunda Seetakalam (2022) Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို‌ တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie

Gurtunda Seetakalam (2022)

2022
Captain (2022) 4.7
Captain (2022) Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie

Captain (2022)

2022
Bro Daddy (2022) 7.6
Bro Daddy (2022) Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်  File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie

Bro Daddy (2022)

2022