Channel Myanmar

Katsumi Takahashi

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
Colorful (2010) 7.4
Colorful (2010) Colorful LifeCM fan များကို အလွန်စွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ anime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Otaku တွေဆိုရင်တော့ ဒီကားလေးကို အကြိမ်ကြိမ်အခါခါကြည့်ဖူးကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲဘ၀ရဲ့အနှစ်သာရကိုဖော်ညွှန်းပေးထားတဲ့ဇာတ်ကားလေးမို့ ဒီလိုကာလကြီးမှာ မဖြစ်မနေကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘယ်လိုဇာတ်လမ်းလေးလဲဆိုရင်.....မာကိုတိုဟာ သာမန်အလယ်တန်းကျောင်းသားလေး ဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေကို အလူးအလဲခံစားနေရတဲ့ကောင်လေးတစ်ယောက်ပါ မိသားစုအရေးမှာဖြစ်ဖြစ် အချစ်ရေးမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အနှုတ်လက္ခဏာပြနေတဲ့ ကောင်လေးပေါ့ဒီလိုနဲ့တစ်နေ့မှာတော့ လုံးဝယုံချင်စရာမကောင်းတဲ့အဖြစ်အပျက်ကြီးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်ဖြစ်ချင်တော့ သေဆုံးတော့မယ့် မာကိုတို နေရာမှာ ဆိုးရွားသောပြစ်မှုကိုကျူးလွန်ခဲ့တဲ့အတွက် ပြန်လည်မွေးဖွားခွင့်မရှိတော့တဲ့ တခြားဝိညာဥ်တစ်ခုကို အစားထိုးဖို့ ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိနေပါတယ် အဲ့ဒီစမ်းသပ်ချက်ကိုအောင်မြင်ရင် ပြန်လည်မွေးဖွားခွင့်ရမှာဖြစ်ပြီးတော့ ၆လအတွင်း မအောင်မြင်ရင်တော့ လူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် မာကိုတိုဟာ အပြီးတိုင်သေဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ စမ်းသပ်ချက်ဆိုတာ ဘာကိုစမ်းသပ်မှာလဲ မာကိုတိုရဲ့ ဝိညာဥ်ကရော ဘယ်ရောက်သွားမှာလဲ မာကိုတိုမသေဆုံးမှီက မြင်ခဲ့ရတဲ့အဖြစ်အပျက်ဆိုတာကရော ဘာဖြစ်မလဲ စတဲ့စတဲ့ မေးခွန်းပေါင်းများစွာကို အစားထိုးဝိညာဥ်လေးနဲ့အတူ အဖြေရှာရမှာဖြစ်ပါတယ် စိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးဖို့လည်းကောင်းတယ် အဲ့လိုပဲ ဝမ်းနည်းဖို့လည်းကောင်းနေတယ် ဇာတ်လမ်းပြီးတာနဲ့ လောကကြီးကိုကြည့်တဲ့အမြင်က တမျိုးတဖုံပြောင်းလဲသွားမှာပါ တကယ့်ကိုအချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်လွန်းလှတဲ့ anime ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ  Translated by : Thet Hin HsuEncoded by : YKFile ...
movie

Colorful (2010)

2010