Channel Myanmar

Katrina E. Perkins

Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

Ocean’s 8 (2018) 6.2
Ocean’s 8 (2018) Ocean's 8 (2018) IMDb - 6.2/10_____Rotten Tomatoes - 69%   Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ...
movie

Ocean’s 8 (2018)

2018
Going in Style (2017) 6.6
Going in Style (2017) Going in Style (2017)_______IMDb - 6.6/10    ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ)   File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie

Going in Style (2017)

2017