Channel Myanmar

Katrina Dovey

Dearly Beloved (2024) 5.5
Dearly Beloved (2024)  လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie

Dearly Beloved (2024)

Adarna Gang (2022) 5.1
Adarna Gang (2022) Adarna Gang (2022)ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကိုအမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK
movie

Adarna Gang (2022)

2022