Channel Myanmar

Katrina Connor

First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Mona Lisa Smile (2003) 6.5
Mona Lisa Smile (2003) Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie

Mona Lisa Smile (2003)

2003