Channel Myanmar

Katie Leclerc

A Very Vermont Christmas (2024)
A Very Vermont Christmas (2024)  ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe's ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ ...
movie

A Very Vermont Christmas (2024)

Letters to Santa (2023) 5.9
Letters to Santa (2023) Letters to Santa (2023) ================= IMDb Rating - 5.9/10ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေး‌တော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ...တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.55 GB) / (674 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

Letters to Santa (2023)

2023