Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Katie Douglas
5.5
Lazareth (2024)
ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားကပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေတစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီးမြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာတူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသတစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက်ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီးတောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီလှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်...။ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့်ဒီကိုရောက်လာခဲ့တာလဲ။သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ....။ File size…1.18 GB/ 443 MB Quality… NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. ...
movie
Lazareth (2024)
6.1
The Girl Who Escaped: The Kara Robinson Story (2023)
The Girl Who Escaped: The Kara Robinson Story (2023)ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထဲမှာပဲထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ Rating မြင့် Documentary Crime-Drama ရုပ်ရှင်ဇာတ်ကားေကာင်းလေးပါဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ပြန်ပေးဆွဲမုဒိန်းကျင့်ခံရတာကနေ လွတ်မြောက်လာခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်းပါ ဒီဖြစ်ရပ်မှာကံကောင်းတာတွေ ကယ်တင်ရှင်တွေမပါပါဘူး ကာရာဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြုံတွေ့ရတဲ့အန္တရာယ်ကို ခေါင်းအေးအေးထားရင်ဆိုင်ကာ လွတ်မြောက်အောင်လုပ်ခဲ့တဲ့အပြင် တရားခံလည်ပင်းကိုပါကြိုးကွင်းပြန်စွပ်ပေးနိုင်လောက်အောင် နေရာတွေအချက်အလက်တွေအကုန်လုံးကို မှတ်သားလာခဲ့ပုံက ပြောစမှတ်ပြုလောက်ပါတယ်။ပြီးတော့ သူ့ရဲ့ဒီဖမ်းဆီးမုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းကိစ္စတွေကို တည်ငြိမ်စွာရင်ဆိုင်ပုံကလဲ အတုယူဖွယ်ရာပါပဲ ခံလိုက်ရတဲ့သူတွေမှာ အပြစ်လဲမရှိ အမှားလဲမရှိပါဘူး လုပ်တဲ့သူတွေကသာ လူ့ဘောင်မဝင် ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်တွေပါ အဲ့ဒီတော့ ဒီဇာတ်ကားလေးကနေတစ်ဆင့် မိဘတွေရော မိန်းကလေးအရွယ်သုံးပါးလုံးရော သင်ခန်းစာယူနိုင်ကြမယ်အပြင် ဇာတ်လမ်းကိုရိုက်ပြထားပုံကလဲ အိုဗာတွေမပါစိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်များခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 720p File size… 470MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
The Girl Who Escaped: The Kara Robinson Story (2023)
2023
6.1
Level 16 (2018)
Level 16 (2018)~ IMDb - 6.1/10, Rotten Tomatoes - 83% ~၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ... ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့...သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ ...
movie
Level 16 (2018)
2018
5.7
The Walk (2022)
The Walk (2022)ဇာတ်လမ်းကတော့ ၁၉၇၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်။ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလပေါ့။ ဘော်စတွန်တောင်ပိုင်းမှာ လူဖြူတွေချည်းတက်တဲ့ ကျောင်းရှိတယ်။ ပြောရရင် လူမျိုးရေးခွဲခြားတဲ့ စနစ်ကျင့်သုံးတဲ့ကျောင်း။ အဲဒီကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။ ဒီတော့ လူမဲတွေကြားမနေချင်တာရော ကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။Justin Chatwineနဲ့ မူလ war machine Terrence Howardတို့ရဲ့ သရုပ်ဆောင်စကေးကောင်းကောင်လေးကိုကြည့်ရမယ့် ရုပ်ရှင်ပါ။ သူတို့သရုပ်ဆောင်ကောင်းသလို ဇာတ်ကလည်း emotionalဖြစ်စရာလေးတွေပါလို့ ကြည့်ကောင်းတဲ့ ဒရာမာရုပ်ရှင်တစ်ကားပါပဲ။ လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး ...
movie
The Walk (2022)
6.4
Every Day (2018)
Every Day (2018) IMDb - 6.4/10_____Rotten - 63% မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ? ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ) File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie
Every Day (2018)
2018