Channel Myanmar

Katia Pascariu

Do Not Expect Too Much from the End of the World (2023)
Do Not Expect Too Much from the End of the World (2023) ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့... ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်" ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre... ...
movie

Do Not Expect Too Much from the End of the World (2023)

Beyond the Hills (2012) 7.5
Beyond the Hills (2012)  ဒီ Beyond The Hills ဇာတ်ကားလေးကတော့ ဒါရိုက်တာ Cristian Mungiu က ရိုက်ကူးပေးထားတဲ့ ရိုမန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ IMDB rating 7.5/10 အပြင် Rotton Tomatoes မှာပါ rating 94% အထိ ပရိသတ်အားပေးမှုကို ရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုချီတာနဲ့ အလီနာဆိုတဲ့ မိဘမဲ့ကျောင်းသူလေးနှစ်ယောက် အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗိုချီတာ နဲ့ အလီနာတို့က ငယ်ငယ်တုန်းက မိဘမဲ့ကျောင်းမှာ အတူနေခဲ့ကြပေမယ့် အရွယ်ရောက်တဲ့အခါမှာ သီးခြားလမ်းတွေကို လျှောက်လှမ်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးပြန်ဆုံတွေ့ ကြတဲ့အချိန်မှာ အလီနာစိတ်ဒဏ်ရာတစ်ခုပါလာခဲ့ပါတယ်။ စစပိုင်းမှာတော့ အလီနာရဲ့ စိတ်ရောဂါက မသိသာခဲ့ပေမယ့် ပြဿနာတွေဖိအားတွေနဲ့ ကြုံလာရတိုင်းပိုပိုပြီးဆိုးလာခဲ့ပါတယ်။ ဒီဇာတ်လေးလမ်းကတော့ ခရစ်ယာန်ဘာသာတရားကို လက်တွေ့နဲ့အနီးစပ်ဆုံးဖြစ်အောင် အခြေခံရိုက်ကူးထားတဲ့အပြင် လူတစ်ယောက်ရဲ့ စိတ်အခြေအနေက ပတ်ဝန်းကျင်ကြောင့်ဘယ်လို ကြီးကြီးမားမားပြောင်းလဲသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ပြပေးထားတဲ့အတွက် သုတ၊ ...
movie

Beyond the Hills (2012)