Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kathy Walton
7.0
We’re the Millers (2013)
2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ် File size… 1.9 GB / 884 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie
We’re the Millers (2013)
2013
5.7
What to Expect When You’re Expecting(2012)
ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie
What to Expect When You’re Expecting(2012)
5.8
Masterminds (2016)
Masterminds (2016)_____IMDb - 5.8/10 ယနေ့ခေတ် Hollywood ရဲ့Comedy ဇာတ်ကားများတွင် နေရာအရဆုံးလို့ပြောရမဲ့ သရုပ်ဆောင်တွေနီးပါး အကုန်ပါဝင်ထားတယ်။ Zach Galifianakis, Owen Wilson, Kristen Wiig, Kate McKinnon, Leslie Jones နဲ့Jason Sudeikis တို့ဆိုမှတော့ နောက်ထပ်ဟာသ သရုပ်ဆောင်တွေမလိုအပ်တော့လောက်အောင်ကို ပြည့်စုံနေပြီ။ ထို့အပြင် ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံထားတာ။ 1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လို့ဆိုလို့ရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့အာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထို့အပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လို့သဲထိပ်ရင်ဖိုကြီးလို့ဆိုလို့ရပေမဲ့ ရယ်ရတာတော့ ...
movie
Masterminds (2016)
2016