Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kathryn Kohut
4.5
A Chef’s Deadly Revenge (2024)
A Chef's Deadly Revenge (2024) ========================လူစီ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အနိုင်ကျင့်နှိပ်စက် တတ်တဲ့ ယောက်ျားနဲ့ဆက်ဆံရေးဆီကနေ ထွက်ပြေးပြီး မြို့အ သစ်မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အဲဒီနောက်မှာ ဖရန့် ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက် ခြင်းကို ခံရပါတော့တယ်။ အနိုင်ကျင့်နှိပ်စက်တဲ့ ယောက်ျားဆီ ကနေ ထွက်လာတဲ့လူစီဟာ ဒီတစ်ခါမှာတော့ ငြိမ်မခံတော့ဘဲ လိုက်နှောက်ယှက်တဲ့သူကို ပြန်ပြီး လက်စားချေပါတော့တယ်။ စားဖိုမှူးတစ်ယောက်ဖြစ်တဲ့လူစီဟာ ထက်မြတ်ရဲရင့်တဲ့ မိန်းမ တစ်ယောက်ပီပီ လာပြီးနှောက်ယှက်တဲ့သူကို ဘယ်လိုပြန်ပြီး လက်စားချေမလဲ၊ ဖရန့်ကရော ဘာလို့ လူစီကို လိုက်နှောက် ယှက်နေရတာလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.44 GB) / (645 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Katt Encoder..........SWM
movie
A Chef’s Deadly Revenge (2024)
2024
5.5
Obsessed to Death (2022)
ကတ်စီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူနဲ့တွဲနေတဲ့ရည်းစားအသစ်လေး အော်စတင်က သူ့ကို အပျောက်ရိုက်သွားလို့လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဆမ်းမားဆိုတဲ့ အားကစားနည်းပြကောင်မလေးနဲ့ အော်စတင်က ရည်းစားဖြစ်နေကြတာကိုသိလိုက်ရတယ်။မနာလိုဖြစ်မိတဲ့ ကတ်စီဟာ ဆမ်းမားကို လူမှုကွန်ရက်မှာနောက်ယောင်ခံရင်း ပရိသတ်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ဆမ်းမားကို တဖြည်းဖြည်းနဲ့ စွဲလမ်းအားကျလာခဲ့မိတယ်။ကတ်စီက ဘယ်လို ဇာတ်လမ်းတွေ ခင်းပြီး ဆမ်းမားရဲ့ဘဝထဲကို ဝင်လာမလဲ... စွဲလမ်းမှုကို ဘယ်အတိုင်းအတာထိတောင်ရူးသွပ်စွာနဲ့ ကြိုးစားမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ် File size…1.4GB / 521MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
Obsessed to Death (2022)
Twisted Neighbor (2023)
စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie
Twisted Neighbor (2023)
5.5
A Royal Christmas Crush (2023)
ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေးတစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာအတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကိုရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
A Royal Christmas Crush (2023)
5.3
Maid for Revenge (2023)
ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ကမှထွက်ရှိခဲ့ပြီး ဒါရိုက်တာ Alexandre Carrière ရိုက်ကူးထားတဲ့ mystery and thriller အမျိုးစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မစ္စ၀စ်ခါဆန် က ၈ နှစ်အရွယ်သားလေးနဲ့အတူတူနေရင်း ဘ၀ကိုရုန်းကန်နေရတဲ့ single mother တစ်ယောက်ပါ။ သူအရင်က ထောင်လည်းကျခဲ့ဖူးတာမလို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရိုးရိုးသားသားပဲလုပ်ကိုင်စားသောက်နေသူပါ။တစ်နေ့မှာတော့ အလုပ်လုပ်နေရင်းသတိမေ့သွားပြီး သတိပြန်ရလာချိန်မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ရှင်ရဲ့ ရေကန်နားမှာသွေးတွေနဲ့အတူဖြစ်နေပါတယ်။ အနားမှာလည်း ဓားထိုးရာနဲ့သွေးတွေထွက်နေတဲ့အိမ်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့သားလေးကိုစိတ်ပူပြီး အိမ်ကိုမရရအောင်ပြန်ပါတော့တယ်။ ဒီလိုရိုးရိုးသားသားအလုပ်လုပ်နေတဲ့ အိမ်ဖော်တစ်ယောက်က တကယ်ပဲသူ့ရဲ့အလုပ်ရှင်ကိုသတ်ခဲ့တာလား? သူသတ်ခဲ့တာမဟုတ်ရင် ဘာလို့သူ့ကိုချောက်ချကြတာလဲ? သူမကရော အရင်ကဘာတွေဖြစ်ခဲ့တာလဲ? မစ္စ၀စ်ခါဆန် ကလည်းဒီအကြောင်းတွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုကြရမှာပါ။File size…(1.5 GB)/(640 GB)/(360 Mb)Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Mystery, Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha
movie
Maid for Revenge (2023)
4.6
Left Behind: Rise of the Antichrist (2023)
Left Behind: Rise of the Antichrist (2023) =============================ဒီနေ့မှာတော့ Tim LaHaye နဲ့ Jerry B. Jenkins တို့ရဲ့ နာမည်ကြီး ဝတ္ထုစီးရီးတွေကို ပြန်ရိုက်ကူးထားတဲ့ Left behind ရုပ်ရှင်စီးရီးတွေ ထဲက 2023 မှာ ထွက်ထားတဲ့ Left Behind: Rise of the Antichrist ကို တင်ဆက်ပေးသွားမှာပါ။ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီး ရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ် လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်း မှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခ အတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ် ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ ...
movie
Left Behind: Rise of the Antichrist (2023)
2023
6.4
Danger in the House (2022)
ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ သူဌေးတွေရဲ့ ဒုက္ခကိုတင်ဆက်ထားတဲ့ကားလေးပါပဲ လောကမှာ ဒုက္ခဆိုတဲ့အမျိုးက ဆင်းရဲချမ်းသာမရွေး ပေးတတ်တဲ့ တရားမျှတတဲ့ နတ်ဆိုးလေးပါပဲ ဆင်းရဲတဲ့သူတွေအတွက် ဒုက္ခဆိုတာငရဲကျသလိုခံစားနေရသလို သူဌေးတွေအတွက်လည်း ဒုက္ခဆိုတဲ့အမျိုးက အသက်တောင် ပါသွားလောက်နိုင်တဲ့အထိပါပဲ ပိုက်ဆံလေးသူများတွေထက် အဆမတန်များလာပြီဆိုတာရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သတိသေချာထားပေတော့ဆိုပြီး သတိပေးထားတဲ့ကားလမ်းပါပဲ ဇာတ်လမ်းလေးကလည်း ထင်ထားသလိုလေးဖြစ်ခါနီးမှ မထင်ထားတာလေးဖြစ်ခဲ့တော့ ကြည့်လို့တန်မဲ့ကားကောင်းလေးပါပဲ ဇာတ်လမ်းအကျဉ်း ကိုဗစ်တန်ဆောက်လုပ်ရေး လုပ်ငန်းကြီးဟာ မြောက်အမေရိကရဲ့ နာမည်အကြီးဆုံး ကုမ္ပဏီတွေကတစ်ခုပါ သူတို့က သူတို့ရဲ့ပြိုင်ဘက် ဂရင်းဘတ်နဲ့အတူ လန်းဖော့တ်ကုမ္ပဏီကိုလုနေကြတဲ့ကုမ္ပဏီကြီးပေါ့ ကိုဗင်တန်ကုမ္ပဏီကြီးကို တည်ထောင်တဲ့ ဇနီးမောင်နှံထဲက အမျိုးသမီးဟာ အသက်ကြီးလာပြီး ဆရာဝန်တွေအဖြေရှာမရတဲ့ရောဂါတစ်ခုခံစားနေခဲ့ရတာပါ အဲဒီလိုနဲ့တစ်နေ့မှာ သူရယ် သူ့သားရယ် သူ့ချွေးမလောင်းရယ် ညစာသွားစားတုန်း အမျိုးသမီးကြီးက မူးလဲပါလေရော အဲဒီအချိန်မှာပဲ ပြဿနာတွေကြောင့် ဂရင်းဗေးလ်ကနေ ထွက်ပြေးလာတဲ့ သူနာပြုဆရာမ နိုရာက အမျိုးသမီးကြီးကို သက်သာအောင် ပြုစုပေးလိုက်ပါတယ် အဲဒါနဲ့ပဲ ကိုဗစ်တန် က သူ့ရဲ့အမေအတွက် စောင့်ရှောက်ပေးဖို့ နိုရာ့ကို ...
movie
Danger in the House (2022)
6.8
Feeling Butterflies (2022)
Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာလေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာတော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie
Feeling Butterflies (2022)
2022